မြန်မာ့အရေး အိန္ဒိယ အလန့်တကြား အလေးထားလာ

R.Lakher

ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုရလဒ်များနှင့်အတူ တစ်နိုင်ငံလုံးနီးပါး ကူးစက်လာသော စစ်ဆင်ရေးကြီးများ၊ စခန်းသိမ်းတိုက်ပွဲများ၊ အထူးသဖြင့် တကျော့ပြန် ခရိုင်ပြည်နယ်စစ်ပွဲများ၊ ချင်းပြည်နှင့် စစ်ကိုင်းတိုင်းစစ်ပွဲကြီးများ ကြောင့်အိန္ဒိယနိုင်ငံ ၏ မူဝါဒရေးချမှတ်သူများ(policy makers)၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ သုသေသနပညာရှင်များ၊ Think Thanks များ၊ စာနယ်ဇင်းများနှင့် သတင်းမီဒီယာ ကြီးများ က မြန်မာ့အရေးကို အလန့်တကြား အထူးအလေးပေးဖော်ပြ ပြောဆိုလာကြတာလာကြသည်ကို ခုတလောတွေ့ရသည်။ ဤအချက်ဟာ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးကို ထောက်ခံအားပေးသူများ အတွက် သတင်းကောင်း ဖြစ်ပါသည်။

 ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးပေါ် အိန္ဒိယမူဝါဒဟာ စောင့်ကြည့်မူဝါဒ(Wait and Watch policy)ဖြစ်ပြီး အားသာတဲ့ဘက်ကိုပေါင်း မယ်ဆိုတဲ့ ရပ်တည်ချက်မျိုးဖြစ်ပါသည်။ နေပြည်တော်ကို ထိန်းနိုင်တဲ့သူနဲ့ပေါင်းမယ် ဆိုတဲ့ မူဝါဒမျိုးဖြစ်ပါသည်။ သို့သော် ၁၀၂၇ စစ်ရေးရေး၏ ကြီးမားသော အောင်မြင်မှုများ နှင့် နိုင်ငံတစ်ဝမ်းပျံ့နှံ့လာသော စစ်မီးများဟာ အိန္ဒိယ နိုင်ငံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်သူများကို  အလန့်တကြား နိုးထစေခဲ့ ပုံရပါသည်။ Wait and Watch Policy ကို ပြောင်းလဲ့ သင့် ပြီဖြစ်ကြောင်း ရေးသားပြောဆိုလာကြပြီး ၊ အစိုးရကို မူဝါဒ အကြံပြုချက်များ (policy recommendations) များ ရေးသား လာကြခြင်းနှင့်အတူ အစိုးရကို ဖိအားပေးလာကြသည်ကို တွေ့ရသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အိန္ဒိယကိုအလန့်တကြား ဖြစ်စေသည့် အချက်များ

၁။ အိန္ဒိယ – မြန်မာနယ်စပ်၊ နယ်စပ်ကုန်သွယ်ရေးဂိတ် ရှိရာ၊ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ၏ စစ်ကောင်စီစခန်းကို CNF နှင့် မဟာမိတ်များ သိမ်းပိုက်ပြီး၊ မြန်မာစစ်သားများ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးခိုလှုံမှုဟာ အိန္ဒိယ သတင်းမီဒီယာကြီးများ ၏ အာရုံစိုက်မှုကို ခံခဲ့သည်။ စခန်းသိမ်းပွဲသက်သက်ထက် သာလွန်သော မီဒီယာများ၏ အလေးပေးမှုကိုခံခဲ့သည်။ ထို့အပြင် အိန္ဒိယ -မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ဖြစ် နေသောအချက်ကြောင့် အိန္ဒိယ၏ ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်မှုရှိသွားသည်။ နှစ်နိုင်ငံကြား နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ် ရေးကိစ္စများ နှင့် မူဝါဒများကို ဒေလီနှင့်နေပြည်တော် နှစ်ခုထဲ ဆွေးနွေးညှိနှိုင်းမှုဖြင့်မလုံလောက် ကြောင်းကို အသိပေးလိုက်ခြင်းဖြစ်သည်။

၂။ အိန္ဒိယ ၏ အရှေ့မျှော်မူဝါဒ (Act East Policy) နှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ၏ ဖွံ့ဖြိုးမှုအတွက် အဓိကရည်ရွယ်ထားသော ကုလာတန်ဘက်စုံစီမံကိန်း များဟာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝ ဒေသများ တွင် ရှိ နေသောကြောင့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန် ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသများတွင် AA နှင့်စစ်ကောင်စီကြားတိုက်ပွဲများဟာ အိန္ဒိယ ၏ ကိုယ်ကျိုးစီးပွားများကို တိုက်ရိုက်ခြိမ်းခြောက်လာသည်။ ဤဒေသများကို AA နှင့် ချင်းလက်နက်ကိုင်များ ထိန်းချုပ်လာပါက အိန္ဒိယအနေဖြင့် AA နှင့် ချင်းလက်နက်ကိုင်များနှင့် ဆက်ဆံလာခြင်းမှအပရွေးချယ်စရာတခြား နည်းလမ်းရှိမည်မဟုတ်ပေ။

၃။ ပထဝီဝင် မြေပုံအရ အိန္ဒိယဟာ စစ်ကိုင်းတိုင်းနှင့်အဓိက ထိစပ်နေခြင်းကြောင့် ကြီးမားလာသော စစ်ကိုင်းတိုင်းစစ်ပွဲကြီးများက အိန္ဒိယကို အနေထိုင်ရိုက်ခတ်စေလာသည်။ထို့အပြင် စစ်ရေးအားကောင်းလာနေသော  ချင်းပြည်နယ် နှင့်ရခိုင်ပြည်နယ် များကလဲ အိန္ဒိယအတွက်အရေးကြီးသော အချက်ချာနေရာများဖြစ် နေခြင်းကြောင့် အန္ဒိယကို မြန်မာပေါ်ချဥ်းကပ်မှုပုံစံများ ပြန်လည်စဥ်းစားပြီး ပြောင်းလဲ ရန် ဖိအားပေးနေသည်။

၄။ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးသည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုပေါ် တိုက်ရိုက်အချိုးကျသည်။ ထို့ကြောင့် အိန္ဒိယအနေဖြင့် အမှန်တကယ်လိုလားသည်မှာ မြန်မာပြည်ငြိမ်းခြမ်းရေးဖြစ်သည် ဟုယေဘူယျအားဖြင့် ဆိုနိုင်ပါသည်။ သို့သော် တရုတ်သည် အန္ဒိယ၏တည်ငြိမ်မှုနှင့် ဖွံဖြိုးမှုကို မလိုလားသော ကြောင့် မြန်မာ-အိန္ဒိယနယ်စပ် မတည်ငြိမ်မှုကိုသာ မြင်ချင်သည်။ ထို့ကြောင့် တရုတ်ကို တန်ပြန်ရန် နှင့် သူ၏ ကြီးမားသောကိုယ်ကျိုးစီးပွားနှင့် လုံခြုံရေးများကို ကာကွယ်ရန်အတွက်  မြန်မာပြည်အရေး ပေါ်ချဥ်းကပ်မှုပုံစံများပြောင်းလဲရန် လိုအပ်လာမှုကို  အလန့်တကြား သိလိုက်ပုံရသည်။

အိန္ဒိယအနေဖြင့် မည်ကဲသို့ မူဝါဒပြောင်းလဲမှုများ လုပ်လာနိုင်သနည်း။

မကြာသေးခင်က သတင်းစာရှင်းလင်းပွဲများတွင် အိန္ဒိယအစိုးရ၏ ကာကွယ်ရေးဝန်ကြီးအနေဖြင့် မြန်မာပြည်အရေးဟာ အိန္ဒိယ အတွက် အရေးကြီးဆုံး ဖြစ်နေကြောင်း နှင့်နိုင်ငံခြားရေးဝန်ကြီးဠာန၏ ပြောခွင့်ရ သူမှ မြန်မာပြည်ခေါင်း ဆောင်းများအနေဖြင့် ငြိမ်းချမ်းကို ဦးစားပေးလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း စသဖြင့် လေသံများထွက်လာ ကြသည် ကို တွေ့ရသည်။ တစ်နည်းအားဖြင့် မြန်မာပြည်အတွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အိန္ဒိယအနေဖြင့် စစ်ကောင်စီအပါဝင် တော်လှန်ရေးအင်အားစုများပါ် ဖိအားပေးလာနိုင်သည်။ သို့သော် တရုတ်၏ ခြေလှမ်းများကိုလှည့် ကြည့်နေရသော အနေထားဖြစ်သည်။

 ထို့ကြောင့် နောက်တစ်ချက် ဖြစ်နိုင်ခြေမှာအိန္ဒိယအနဖြင့် တရုတ်ကဲ့သို့ သူ့၏ကိုယ်ကျိုးအတွက် တိုင်ရင်းသား EAOs ၊ NUG နှင့် PDFs တချို့တို့ကို အသိမှတ်ပြု ပြီး ဆက်ဆံလာနိုင်သည်။ နှစ်ဖက်ချွန်နိုင်ငံခြားရေးမူဝါဒ (Two Way policy Approach) ဖြစ် ချဥ်းကပ်လာနိုင်သည်။ ဤသို့ ချဥ်းကပ်လာပါ က တော်လှန်ရေးအင်အားစုများကို များစွားအထောက်ကူပြုလာနိုင်ပါသည်။ သို့သော် အိန္ဒိယသည် တရုတ်၏ မြန်မာပေါ် ခြေလှမ်းပြောင်းလဲမှုများကို ချိန်ကြည့်နေမည်ဖြစ်ပြီး၊ မြန်မာအပေါ် အိန္ဒိယမူဝါသည် မြန်မာပေါ်တရုတ်မူဝါဒအပေါ်များစွာမူတည်နေသည်။

မည်သို့ပင်ဆိုစေ၊ အိန္ဒိယသည် ဒီမိုကရေစီနိုင်ကြီးဖြစ်နေ သောကြောင့်နိုင်ငံရေးသမားများသည် သတင်းမီဒီယာ များ နှင့် နိုင်ငံရေးလေ့လာသုံးသပ်သော ပညာရှင်များ ၏ မူဝါဒအကြံပေးမှုများ နှင့် ဖိအားပေးမှုများကို အနည်းနှင့်အများ လိုက်နာကြရသည်။ ထို့ကြောင့် မြန်မာ့အရေးသည် အိန္ဒိယ နိုင်ငံရေးသမားများ၊ မီဒီယာများ၊ ပညာရှင်များ၊ နိုင်ငံရေးနှင့် လုံခြုံရေးလေ့လေစောင့်ကြည့်သူများ၊ think thanks များ အကြား အရေးတကြီး ဖော်ပြရေးသားလာကြသည်မှာ မြန်မာပြည် တော်လှန်ရေးအတွက်ကောင်းမွန်သော လက္ခဏာ တစ်ရပ် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်