မြဝတီက ဖမ်းမိတဲ့ ကျားဖြန့်နိုင်ငံခြားသား ၇၆၆ ဦးကို လဝကနဲ့ မူးယစ်မှုတွေဖြင့် အရေးယူ

မေ ၂၀၊ ၂၀၂၆
Zalen

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေဆီကနေ ဖမ်းမိထားတဲ့ နိုင်ငံခြားသားတွေထဲက ၇၆၆ ဦးကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတို့နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

၎င်းတို့ကို လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)/၁၃(၁)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတို့အရ အပြစ်ပေးအရေးယူထားကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Zalen ad

မြဝတီဒေသမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ယခုနှစ် မေလ ၁၉ ရက်နေ့အထိ တရားမဝင် ဝင်ရောက်လာသူ နိုင်ငံခြားသား ၁၄,၆၅၈ ဦး ဖမ်းမိခဲ့ပြီး၊ အဲဒီအထဲက ၁၃,၄၄၃ ဦးကို ထိုင်းနိုင်ငံကတဆင့် သက်ဆိုင်ရာ နိုင်ငံတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ၁,၂၁၅ ဦးထဲက ၇၆၆ ဦးကို အပြစ်ပေးအရေးယူထားပြီးဖြစ်ရာ ကျန်ရှိတဲ့ ၄၄၉ ဦးကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေထံ လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသူတွေအနက် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၅ ဦး၊ ကင်ညာနိုင်ငံသား ၅ ဦး၊ ယူဂန်ဒါနိုင်ငံသား ၃ ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၃ ဦး စုစုပေါင်း ၂၁ ဦးကိုလည်း မနေ့က မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကတဆင့် သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

အာဏာသိမ်းအစိုးရအနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး ဥပဒေမူကြမ်းတရပ်ကို ရေးဆွဲထုတ်ပြန်ထားပြီး လာမယ့် ဇွန်လမှာ ပြန်လည်စတင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

Emily

နောက်ဆုံးရသတင်းများ

Falam Pawlpi Falam ဦးဆောင်စီစဉ်ပေးမှုဖြင့် ကလေးမြို့မှ ဖလမ်းစစ်‌ဘေးရှောင်အချို့ နေရပ်ပြန်

မေ ၂၀၊ ၂၀၂၆ Zalen ဖလမ်းမြို့မှ လွန်ခဲ့သော ၂နှစ်အတွင်းက ကလေးမြို့ဘက်သို့ စစ်ဘေး‌ရှောင်ခဲ့ကြသော ဖလမ်းမြို့သူ/သားများ နေရပ်ပြန်နိုင်ရေးတွက် Falam Pawlpi Falam မှ ဦးဆောင်စီစဉ်ပေးမှုဖြင့် ပြည်သူအချို့နဲ့ အစိုးရဝန်ထမ်း အပါအဝင် ၎င်းတို့ရဲ့မိသားစုဝင်များဟာ ...

ဆက်ဖတ်ရန်