မြောက်ဒဂုံအိမ်တစ်အိမ်တွင် ရုတ်တရက်ဗုံးပေါက်ပြီးဒဏ်ရာများနဲ့ဆေးရုံတက်နေတဲ့ ချင်းလူငယ်ကွယ်လွန်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ မဟာဗန္ဓလလမ်းထောင့်က အိမ်တစ်အိမ်တွင် နိုဝင်ဘာလ (၂၅)ရက် မနက် ၉ နာရီက ရုတ်တရက်ဗုံးပေါက်ကွဲပြီး ဒဏ်ရာနဲ့ဆေးရုံတက်နေတဲ့ ချင်းတိုင်းရင်းသား ဆလိုင်း ဂျွန်ဆင်ဗန်ဗျက်လာလ် (၁ရနှစ်) ဟာ ဒီဇင်ဘာ ၁၄ ရက်တွင် ကွယ်လွန်သွားတယ်လို့သတင်းရရှိပါတယ်။

ယင်းပေါက်ကွဲမှုကြောင့် ကျော်သီဟ (၁၇နှစ်)ဟာ မင်္ဂလာဒုံဆေးရုံတွင် ကွယ်လွန်သွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် MWD သတင်းမှာကြေညာသွားပါတယ်။ ၄င်းတို့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အောင်ခန့်ပိုင် (၁ရနှစ်) လည်းဒဏ်ရာပြင်းထန်ရရှိကာ မင်္ဂလာဒုံဆေးရုံတွင် ဆေးကုသနေတယ်လို့သိရတယ်။

မင်္ဂလာဒုံဆေးရုံတွင် ကွယ်လွန်သွားတဲ့ ဆလိုင်းဂျွန်ဆင်ဗန်ဗျက်လာလ်ရဲ့အလောင်းကို ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်၊ ရေဝေးခရစ်ယာန်သုဿာန်တွင် သဂြိုလ်ကြပါတယ်။

ဗုံးပေါက်ကွဲတဲ့အိမ်က မိသားစုအားလုံးကို စစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားကြပြီး ၂ ပတ်အကြာမှာ အိမ်ထောင်ဦးစီး သိက္ခာတော်ရဆရာတော် ဂျွန်ငွန်ဆန်လွယ်မှအပ အသက်မပြည့်သေးတဲ့ကလေးတစ်ယောက်၊ သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်၊ ပေါက်ကွဲမှုဖြစ်စဉ် ၄င်းတို့အိမ်သို့လာလည်တဲ့ ဓမ္မအမှုတော်ဆောင်တစ်ပါးတို့ကို ပြန်လွတ်လိုက်ပါတယ်။

ဗုံးပေါက်ကွဲတဲ့နေအိမ်ကိုလည်း ချိတ်ပိတ်ခံပြီးစစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးစဉ် အိမ်ထဲကအဖိုးတန်ပစ္စည်းများနဲ့ ပိုက်ဆံ သိန်း ၂၀၀ ကျော် ခိုးယူသွားကြပါတယ်။

Zawgyi

ေျမာက္ဒဂုံအိမ္တစ္အိမ္တြင္ ႐ုတ္တရက္ဗုံးေပါက္ၿပီးဒဏ္ရာမ်ားနဲ႔ေဆး႐ုံတက္ေနတဲ့ ခ်င္းလူငယ္ကြယ္လြန္

ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္ ၃၈ ရပ္ကြက္ တပင္ေရႊထီးလမ္းနဲ႔ မဟာဗႏၶလလမ္းေထာင့္က အိမ္တစ္အိမ္တြင္ နိုဝင္ဘာလ (၂၅)ရက္ မနက္ ၉ နာရီက ႐ုတ္တရက္ဗုံးေပါက္ကြဲၿပီး ဒဏ္ရာနဲ႔ေဆး႐ုံတက္ေနတဲ့ ခ်င္းတိုင္းရင္းသား ဆလိုင္း ဂၽြန္ဆင္ဗန္ဗ်က္လာလ္ (၁ရႏွစ္) ဟာ ဒီဇင္ဘာ ၁၄ ရက္တြင္ ကြယ္လြန္သြားတယ္လို႔သတင္းရရွိပါတယ္။

ယင္းေပါက္ကြဲမႈေၾကာင့္ ေက်ာ္သီဟ (၁၇ႏွစ္)ဟာ မဂၤလာဒုံေဆး႐ုံတြင္ ကြယ္လြန္သြားတယ္လို႔ စစ္ေကာင္စီဝါဒျဖန႔္ MWD သတင္းမွာေၾကညာသြားပါတယ္။ ၄င္းတို႔သူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ ေအာင္ခန႔္ပိုင္ (၁ရႏွစ္) လည္းဒဏ္ရာျပင္းထန္ရရွိကာ မဂၤလာဒုံေဆး႐ုံတြင္ ေဆးကုသေနတယ္လို႔သိရတယ္။

မဂၤလာဒုံေဆး႐ုံတြင္ ကြယ္လြန္သြားတဲ့ ဆလိုင္းဂၽြန္ဆင္ဗန္ဗ်က္လာလ္ရဲ့အေလာင္းကို ဒီကေန႔ ဒီဇင္ဘာ ၁၆ ရက္ ညေန ၃ နာရီတြင္ ရန္ကုန္၊ ေရေဝးခရစ္ယာန္သုႆာန္တြင္ သၿဂိဳလ္ၾကပါတယ္။

ဗုံးေပါက္ကြဲတဲ့အိမ္က မိသားစုအားလုံးကို စစ္ေကာင္စီတပ္ေတြကဖမ္းဆီးေခၚေဆာင္သြားၾကၿပီး ၂ ပတ္အၾကာမွာ အိမ္ေထာင္ဦးစီး သိကၡာေတာ္ရဆရာေတာ္ ဂၽြန္ငြန္ဆန္လြယ္မွအပ အသက္မျပည့္ေသးတဲ့ကေလးတစ္ေယာက္၊ သက္ႀကီးပိုင္းအမ်ိဳးသမီးတစ္ေယာက္၊ ေပါက္ကြဲမႈျဖစ္စဥ္ ၄င္းတို႔အိမ္သို႔လာလည္တဲ့ ဓမၼအမႈေတာ္ေဆာင္တစ္ပါးတို႔ကို ျပန္လြတ္လိုက္ပါတယ္။

ဗုံးေပါက္ကြဲတဲ့ေနအိမ္ကိုလည္း ခ်ိတ္ပိတ္ခံၿပီးစစ္ေကာင္စီတပ္က ဝင္ေရာက္စစ္ေဆးစဥ္ အိမ္ထဲကအဖိုးတန္ပစၥည္းမ်ားနဲ႔ ပိုက္ဆံ သိန္း ၂၀၀ ေက်ာ္ ခိုးယူသြားၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်