မြွှေတောင် နီကယ်သတ္တုတူးဖော်ဖို့ ပြည်ထောင်စုအစိုးရက ချင်း နဲ့ စစ်ကိုင်းအစိုးရထံသဘောထားတောင်းခံ

ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မြွှေတောင် နီကယ်သတ္တုတူးဖော်ဖို့ ပြည်ထောင်စုအစိုးရက ချင်းပြည်နယ်အစိုးရနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရထံ သဘောထားတောင်းခံနေတယ်လို့သတင်းရရှိပါတယ်။

ယင်းကြောင့် ဇန်နဝါရီလ (၂၉)ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုနဲ့ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်း၊စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေအရင်းမြစ်၊ သတ္တု၊ သစ်တော၊ စည်ပင်အဖွဲ့တို့က မြေနေရာတွေသွားရောက်ကြည့်ရှုကြပါတယ်။

ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးညီညီက “ကလေးဘက်ပါတဲ့ခြမ်းကို လေ့လာဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက တင်ဒါခေါ်ဖို့ စိစစ်ခိုင်းလို့ ကျနော်တို့သွားစိစစ်တာ။ ဒေသခံတွေ သဘောထားမေးမြန်းတာတွေမပါသေးဘူး။ ခုလောလောဆယ် တောင်ကိုသွားပြီး ကိုယ့်နေမြေအနေအထားကိုသွားကြည့်တာပေါ့။ ဘာတွေထိခိုက်မှု ရှိ၊ မရှိ ဒါတွေသွားကြည့်တယ်။ လောလောဆယ် လေ့လာဖို့တွက်ကိုပဲ တင်ဒါခေါ်ဖို့လုပ်နေတာ။ နောက်ပိုင်းမှ တကယ်ထိခိုက်မှုမရှိဘူး။ ဒေသတွက် တိုးတက်ဖို့ဘာညာဖြစ်နိုင်တယ်ဆိုမှပဲ စီးပွားဖြစ်တူးဖော်မယ်ပေါ့” လို့ပြောပါတယ်။

မြွှေတောင်ဟာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အနည်းငယ်ပါဝင်ပြီး ချင်းပြည်နယ်နယ်နမိတ်တွင် မြေယာအများစုပါဝင်နေတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်းပြည်နယ် စိုက်/မွေး/သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းက “သဘောထားတောင်းတာရှိတယ်။ သဘောထားတောင်းတော့ လောလောဆယ်ကို မလုပ်သင့်ဘူးဆိုတဲ့ပုံစံမျိုး ဟိုဟာလုပ်ထားတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း မေးခွန်းဖြေပါလိမ့်မယ်။ ဒီကတော့ ဒေသခံတွေသဘောတူပဲနဲ့ ဘာမှမလုပ်သင့်ဘူးလို့ပြန်ထားတယ်။ ဒီစီမံကိန်း ဧရိယာအများစုက ချင်းပြည်နယ်ထဲမှာရှိတယ်။ စစ်ကိုင်းတိုင်းအစိုးရရဲ့ သဘောတူညီချက်တစ်ခုထဲနဲ့ ဒီစီမံကိန်းက အကောင်အထည်ဖော်လာနိုင်မှာမဟုတ်ဘူး” လို့ပြောပါတယ်။

မြွှေတောင် နီကယ်သတ္တုတူးဖော်ဖို့ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် တရုတ်ကုမ္ပဏီတစ်ခုက ကြိုးစားခဲ့ပေမယ့် ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ပြန်လည်ရပ်နားခဲ့ရပါတယ်။

(Zawgyi)

ေျမႊေတာင္ နီကယ္သတၱဳတူးေဖာ္ဖို႔ ျပည္ေထာင္စုအစိုးရက ခ်င္း နဲ႔ စစ္ကိုင္းအစိုးရထံသေဘာထားေတာင္းခံ

ခ်င္းျပည္နယ္ နဲ႔ စစ္ကိုင္းတုိင္းေဒသၾကီးမွာရွိတဲ့ ေျမႊေတာင္ နီကယ္သတၱဳတူးေဖာ္ဖို႔ ျပည္ေထာင္စုအစုိးရက ခ်င္းျပည္နယ္အစိုးရနဲ႔ စစ္ကိုင္းတုိင္းေဒသၾကီးအစိုးရထံ သေဘာထားေတာင္းခံေနတယ္လို႔သတင္းရရွိပါတယ္။

ယင္းေၾကာင့္ ဇန္နဝါရီလ (၂၉)ရက္မွာ စစ္ကိုင္းတုိင္းေဒသၾကီးအစိုးရလမ္းညႊန္မႈနဲ႔ ကေလးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေျမစာရင္း၊စိုက္ပ်ိဳးေရး၊ ဆည္ေျမာင္း၊ ေရအရင္းျမစ္၊ သတၱဳ၊ သစ္ေတာ၊ စည္ပင္အဖြဲ႔တို႔က ေျမေနရာေတြသြားေရာက္ၾကည့္ရႈၾကပါတယ္။

ေျမႊေတာင္တည္ေနရာအား အနီေရာင္နဲ႔ဝိုင္းထားပါတယ္

ကေလးၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ဦးညီညီက “ကေလးဘက္ပါတဲ့ျခမ္းကို ေလ့လာဖုိ႔အတြက္ စစ္ကိုင္းတုိင္းေဒသၾကီးအစိုးရက တင္ဒါေခၚဖို႔ စိစစ္ခုိင္းလို႔ က်ေနာ္တို႔သြားစိစစ္တာ။ ေဒသခံေတြ သေဘာထားေမးျမန္းတာေတြမပါေသးဘူး။ ခုေလာေလာဆယ္ ေတာင္ကိုသြားၿပီး ကိုယ့္ေနေျမအေနအထားကိုသြားၾကည့္တာေပါ့။ ဘာေတြထိခိုက္မႈ ရွိ၊ မရွိ ဒါေတြသြားၾကည့္တယ္။ ေလာေလာဆယ္ ေလ့လာဖို႔တြက္ကိုပဲ တင္ဒါေခၚဖို႔လုပ္ေနတာ။ ေနာက္ပိုင္းမွ တကယ္ထိခိုက္မႈမရွိဘူး။ ေဒသတြက္ တိုးတက္ဖို႔ဘာညာျဖစ္ႏိုင္တယ္ဆုိမွပဲ စီးပြားျဖစ္တူးေဖာ္မယ္ေပါ့” လို႔ေျပာပါတယ္။

ေျမႊေတာင္ဟာ စစ္ကိုင္းတုိင္းေဒသၾကီးတြင္ အနည္းငယ္ပါဝင္ၿပီး ခ်င္းျပည္နယ္နယ္နမိတ္တြင္ ေျမယာအမ်ားစုပါဝင္ေနတယ္လို႔သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ခ်င္းျပည္နယ္ စိုက္/ေမြး/သစ္ေတာဝန္ၾကီး ဦးမန္ဟင္းဒါလ္းက “သေဘာထားေတာင္းတာရွိတယ္။ သေဘာထားေတာင္းေတာ့ ေလာေလာဆယ္ကို မလုပ္သင့္ဘူးဆိုတဲ့ပံုစံမ်ဳိး ဟိုဟာလုပ္ထားတယ္။ ျပည္ေထာင္စုလႊတ္ေတာ္မွာလည္း ေမးခြန္းေျဖပါလိမ့္မယ္။ ဒီကေတာ့ ေဒသခံေတြသေဘာတူပဲနဲ႔ ဘာမွမလုပ္သင့္ဘူးလို႔ျပန္ထားတယ္။ ဒီစီမံကိန္း ဧရိယာအမ်ားစုက ခ်င္းျပည္နယ္ထဲမွာရွိတယ္။ စစ္ကိုင္းတုိင္းအစိုးရရဲ႕ သေဘာတူညီခ်က္တစ္ခုထဲနဲ႔ ဒီစီမံကိန္းက အေကာင္အထည္ေဖာ္လာႏိုင္မွာမဟုတ္ဘူး” လို႔ေျပာပါတယ္။

ေျမႊေတာင္ နီကယ္သတၱဳတူးေဖာ္ဖို႔ ၂၀၁၂-၂၀၁၃ ခုႏွစ္တြင္ တရုတ္ကုမၸဏီတစ္ခုက ၾကိဳးစားခဲ့ေပမယ့္ ေဒသခံျပည္သူေတြရဲ႕ ကန္႔ကြက္မႈေၾကာင့္ ျပန္လည္ရပ္နားခဲ့ရပါတယ္။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်