မှတ်ပုံတင်ထားသော အွန်လိုင်းချင်းမီဒီယာလည်းCMN အဖွဲ့ဝင်အဖြစ်လက်ခံမယ်

သတင်းထုတ်ဝေတဲ့ ချင်းမီဒီယာများသာမက အစိုးရထံမှတ်ပုံတင်ထားတဲ့ အွန်လိုင်းအခြေပြုချင်းမီဒီယာများလည်း ချင်းမီဒီယာကွန်ယက်(CMN)အဖွဲ့ဝင်အဖြစ်လက်ခံမယ်လို့  ခုနှစ်ကြိမ်မြောက် CMN နှစ်ပတ်လည်အစည်းအဝေးတွင်ဆုံးဖြတ်ထားပါတယ်။

ခုနှစ်ကြိမ်မြောက် CMN နှစ်ပတ်လည်အစည်းအဝေးကို ကလေးမြို့ GBH ဟိုတယ်တွင် သြဂုတ်လ (၇)ရက်မှ (၉)ရက်ထိကျင်းပတယ်။

အွန်လိုင်းပေါ်မှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူငယ်တွေက page, group နဲ့ website တွေတည်ထောင်ပြီး သတင်းများရေးသားဖြန့်ဝေနေသူ အများအပြားရှိပါတယ်။

လက်ရှိ ချင်းမီဒီယာကွန်ယက်မှာ အဖွဲ့ဝင် မီဒီယာတိုက်(၁၈)ခုရှိပါတယ်။ ဒါပေမယ့် ခုချိန်မှာ ထုတ်လုပ်မှုနဲ့လှုပ်ရှားမှုမရှိတော့တဲ့ Tahan Times, Chin Times တို့ကို ပြန်လည်စိစစ်ပြီး အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအိုးခွက်၊ ရုပ်ကြွင်းများ တွေ့ရှိ၊ ပြတိုက်ငယ် ပြုလုပ်ထား

မေ ၂၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အလယ်ရေရှင်ဒေသမှာ နှစ်ပေါင်း ၄၀၀ မှ ၆၀၀ ဝန်းကျင် (အင်းဝခေတ်နဲ့ တောင်ငူခေတ်ကာလ) သက်တမ်းရှိပြီလို့ယူဆရတဲ့ ရှေးဟောင်းရုပ်ကြွင်းတွေနဲ့ သမိုင်းဝင်အထောက်အထားတွေကို မကြာသေးမီက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ...

ဆက်ဖတ်ရန်