ယူကရိန်းစစ်ပွဲပြင်းထန်ချိန်တွင် “ချစ်မိတ်ဆွေများ” ဖြစ်ကြတဲ့ ရှီကျင့်ဖျင်နှင့် ပူတင်တွေ့ဆုံ

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူ့ရဲ့ ချစ်မိတ်ဆွေဖြစ်တဲ့ ပူတင်ကို တနင်္လာနေ့ မတ် ၂၀ရက်မှာပဲ မော်စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလုံးကတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းနေကြပြီး အနောက်နိုင်ငံများကချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို ကျော်လွှားနိုင်ရန် ကြိုးပမ်းရုံသာမက ပေကျင်းရဲ့ ဖြစ်လာနိုင်သော ငြိမ်းချမ်းရေးဖော်ဆောင်ပေးသူအဖြစ် အားပေးရန်တို့ အခုလို တွေ့ဆုံကြတာဖြစ်ပါတယ်။

 ICC က ဖမ်းဝရမ်းထုတ်ပြီးနောက် ပူတင်ကို ပထမဦးဆုံးတွေ့ဆုံသော နိုင်ငံခြားခေါင်းဆောင်ဖြစ်လာတဲ့ ရှီကျင့်ဖျင်ဟာ သမ္မတရာထူးကို တတိယအကြိမ်မြောက် ရရှိပြီးနောက် နိုင်ငံခြားခေါင်းဆောင်အဖြစ် ပူတင်ကိုလာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။

နှစ်ဘက်သမ္မတများကတော့ မတ် ၂၀ရက် ညနေစာအတွက် တွေ့ဆုံချိန်တွင် တစ်ဦးကို တစ်ဦး “ချစ်မိတ်ဆွေ” ဟု ခေါ်ဆို နှုတ်ဆက်ခဲ့ကြပါတယ်။ တရုတ်ကတော့ ရုရှားနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရန် အချက် ၁၂ ချက်ကို ဆိုပြုခဲ့ပြီး ထိုအဆိုပြုချက်များကို စီစစ်ခဲ့ကြောင်း ပူတင်က ရှီကျင့်ဖျင်ကို ပြောပါတယ်။

သို့သော်လည်း တစ်ဘက်မှာလည်း တရုတ်ကတော့ ရုရှားနဲ့ စီးပွားရေးဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရန်လည်း ကြိုးပမ်းနေပါတယ်။ ပေကျင်းကတော့ အနောက်နိုင်ငံများရဲ့ စွပ်စွဲချက်ဖြစ်တဲ့ တရုတ်ဟာ ရုရှားကို စစ်လက်နက်များ ထောက်ပံ့ပေးမည်ဆိုတဲ့ စွပ်စွဲချက်ကို မကြာခဏ ငြင်းဆန်ခဲ့ပြီး ရုရှားနိုင်ငံကနေ ကျောက်မီးသွေး တင်သွင်းမှုနှုန်း မြှင့်တင်ခဲ့ပြီးနောက် စွမ်းအင်ကဏ္ဍတွင်သာ ပူးပေါင်းမှု တိုးမြှင့်လိုကြောင်း ပြောပါတယ်။

Zalen ad

အနောက်နိုင်ငံများရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားရဲ့ စွမ်းအင်စျေးနှုန်းဟာ ချိုသာလာခဲ့ပြီး တရုတ်ကတော့ ရုရှားဆီကနေ စွမ်းအင်ကို စျေးပေါပေါဖြင့် ဝယ်ယူပြီး ဒေါ်လာ ဘီလီယံချီ ကုန်ကျသက်သာလာခဲ့ပါတယ်။ ယူကရိန်းကတော့ ရုရှားဟာ ကျူးကျော်စစ်ကို ရပ်တန့်ကာ တရုတ်အနေနဲ့ ဖိအားပေးသင့်ကြောင်း ပြောပါတယ်။

“တရုတ်အနေနဲ့ ရုရှားအပေါ်တွင်ရှိသော ဩဇာလွမ်းမိုးမှုကိုအသုံးပြုပြီး ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရပ်တန့်ဖို့ အသုံးပြုရန် မျှော်လင့်နေပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အိုလက်နီကိုလင်ကိုက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်