ယူ-၁၂ ပြိုင်ပွဲတွင် ချင်းက ရခိုင်အသင်းကို ၁၅ ဂိုး ဇီးရိုဖြစ် အနိုင်ရ

၂၀၁၉၊ အောက်တိုဘာ (၂၁)
ပြည်နယ် နဲ့ တိုင်းဒေသကြီး ယူ-၁၂ ဘောလုံးပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၁၅ ဂိုး ဇီးရိုဖြစ် အနိုင်ရရှိသွားပါတယ်။

ယင်းပြိုင်ပွဲကို ဒီမနက် နံနက် (၈)နာရီတွင် ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီမြက်ခင်းတုကွင်းမှာ ယှဉ်ပြိုင်ကစားကြပါတယ်။

ချင်းပြည်နယ် ယူ-၁၂ အသင်း နည်းပြ ဆရာကီးလိန်း က “ကျနော်တို့က ကွာတားကိုပဲသတိထားရမယ်။ အဲ့မှာ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း တစ်ခုခုနဲ့ တွေ့ရမှာ။ သူတို့က ကောင်းတယ်။ အခုဟာ ပြိုင်ဘက်အသင်း ကစားသမားတွေက တအားနုလွန်းသေးတဲ့ပုံစံဖြစ်တယ်။ လတ်တလော လာတဲ့ပုံစံဖြစ်တယ်။ တခြား တိုင်းနဲ့ပြည်နယ်အသင်းက ပြင်ဆင်လာတဲ့အသင်းတွေက ကောင်းတယ်လေ။ ကျနော်တို့အသင်းက ဖျားတဲ့ကလေးက မကစားနိုင်သေးဘူး။ အယ်ဂယ်လယ်တဲ့ကောင်လေးကတော့ တစ်ပွဲမှာ ၅ယောက်မလဲမနေရဆိုတော့ ဒီတိုင်းပဲကွင်းထဲမှာရပ်ခိုင်းရတာပေါ့။ ထော့နဲ့ထော့နဲ့ တော့ပြေးတယ်၊ အဲ့လောက်ပဲ။ ဒီကလေးက မနှစ်ကလည်း အားကိုးရတယ်။ မင်းတပ်တုန်းက လေ့ကျင့်ခန်းဆင်းတဲ့ချိန်မှာ နည်းနည်းနာပြီးမှာ ဒီရန်ကုန်ကိုရောက်တဲ့ခါကျ လေ့ကျင့်ကွင်းက မြေညီသလိုလိုနဲ့ ပုတ်တောထဲဆိုတော့ တစ်ခါပြန်ခေါက်မိတယ်နဲ့တူတယ်” လို့ပြောပါတယ်။

အရင်ပတ် အောက်တိုဘာ (၁၉)ရက်တွင် ချင်းနဲ့ ပဲခူးအသင်း ကစားရာ ချင်းအသင်းက ၆ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိထားပါတယ်။ အောက်တိုဘာလ (၂၃)ရက် ညနေ ၄ နာရီတွင် ချင်း နဲ့ ရှမ်း(မြောက်) ယှဉ်ပြိုင်ကစားပါမယ်။ ဗိုလ်လုပွဲကိုတော့ အောက်တိုဘာ (၃၁)ရက်ညနေ (၄)နာရီတွင် ယှဉ်ပြိုင်ကစားကြပါမယ်။

ချင်းအသင်းတွင် မင်းတပ်မြို့နယ်မှ ကစားသမား ၁၀ ယောက်၊ မတူပီမှ ၆ ယောက်ပါဝင်ကြပါတယ်။ မတူပီမှလာတဲ့ အမွှာညီအစ်ကို နှစ်ယောက်ကို အခြားအသင်းတွေကန့်ကွက်လို့ မကစားနိုင်ကြပါ။
မနှစ်တုန်းက ချင်း ယူ-၁၂ အသင်းဟာ မကွေးတိုင်းနဲ့ ဆီမီးဖိုင်နယ်တွင် ကစားရာ ပယ်နလ်တီနဲ့ ရှုံးနိမ့်လို့ တတိယဆုရရှိခဲ့ကြပါတယ်။

(Zawgyi)

ယူ-၁၂ ၿပိဳင္ပြဲတြင္ ခ်င္းက ရခိုင္အသင္းကို ၁၅ ဂိုး ဇီး႐ိုျဖစ္ အႏိုင္ရ

၂၀၁၉ ခုနှစ် ချင်းပြည်နယ် ယူ-၁၂ အသင်း ကစားသမားများ

၂၀၁၉၊ ေအာက္တိုဘာ (၂၁)
ျပည္နယ္ နဲ႔ တိုင္းေဒသႀကီး ယူ-၁၂ ေဘာလုံးၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္အသင္းက ရခိုင္ျပည္နယ္အသင္းကို ၁၅ ဂိုး ဇီး႐ိုျဖစ္ အႏိုင္ရရွိသြားပါတယ္။

ယင္းၿပိဳင္ပြဲကို ဒီမနက္ နံနက္ (၈)နာရီတြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားေဘာလုံးအကယ္ဒမီျမက္ခင္းတုကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကပါတယ္။

ခ်င္းျပည္နယ္ ယူ-၁၂ အသင္း နည္းျပ ဆရာကီးလိန္း က “က်ေနာ္တို႔က ကြာတားကိုပဲသတိထားရမယ္။ အဲ့မွာ ရန္ကုန္၊ ဧရာဝတီ၊ စစ္ကိုင္း တစ္ခုခုနဲ႔ ေတြ႕ရမွာ။ သူတို႔က ေကာင္းတယ္။ အခုဟာ ၿပိဳင္ဘက္အသင္း ကစားသမားေတြက တအားႏုလြန္းေသးတဲ့ပုံစံျဖစ္တယ္။ လတ္တေလာ လာတဲ့ပုံစံျဖစ္တယ္။ တျခား တိုင္းနဲ႔ျပည္နယ္အသင္းက ျပင္ဆင္လာတဲ့အသင္းေတြက ေကာင္းတယ္ေလ။ က်ေနာ္တို႔အသင္းက ဖ်ားတဲ့ကေလးက မကစားႏိုင္ေသးဘူး။ အယ္ဂယ္လယ္တဲ့ေကာင္ေလးကေတာ့ တစ္ပြဲမွာ ၅ေယာက္မလဲမေနရဆိုေတာ့ ဒီတိုင္းပဲကြင္းထဲမွာရပ္ခိုင္းရတာေပါ့။ ေထာ့နဲ႔ေထာ့နဲ႔ ေတာ့ေျပးတယ္၊ အဲ့ေလာက္ပဲ။ ဒီကေလးက မႏွစ္ကလည္း အားကိုးရတယ္။ မင္းတပ္တုန္းက ေလ့က်င့္ခန္းဆင္းတဲ့ခ်ိန္မွာ နည္းနည္းနာၿပီးမွာ ဒီရန္ကုန္ကိုေရာက္တဲ့ခါက် ေလ့က်င့္ကြင္းက ေျမညီသလိုလိုနဲ႔ ပုတ္ေတာထဲဆိုေတာ့ တစ္ခါျပန္ေခါက္မိတယ္နဲ႔တူတယ္” လို႔ေျပာပါတယ္။

အရင္ပတ္ ေအာက္တိုဘာ (၁၉)ရက္တြင္ ခ်င္းနဲ႔ ပဲခူးအသင္း ကစားရာ ခ်င္းအသင္းက ၆ ဂိုး ၂ ဂိုးနဲ႔အႏိုင္ရရွိထားပါတယ္။ ေအာက္တိုဘာလ (၂၃)ရက္ ညေန ၄ နာရီတြင္ ခ်င္း နဲ႔ ရွမ္း(ေျမာက္) ယွဥ္ၿပိဳင္ကစားပါမယ္။ ဗိုလ္လုပြဲကိုေတာ့ ေအာက္တိုဘာ (၃၁)ရက္ညေန (၄)နာရီတြင္ ယွဥ္ၿပိဳင္ကစားၾကပါမယ္။

ခ်င္းအသင္းတြင္ မင္းတပ္ၿမိဳ႕နယ္မွ ကစားသမား ၁၀ ေယာက္၊ မတူပီမွ ၆ ေယာက္ပါဝင္ၾကပါတယ္။ မတူပီမွလာတဲ့ အမႊာညီအစ္ကို ႏွစ္ေယာက္ကို အျခားအသင္းေတြကန႔္ကြက္လို႔ မကစားႏိုင္ၾကပါ။
မႏွစ္တုန္းက ခ်င္း ယူ-၁၂ အသင္းဟာ မေကြးတိုင္းနဲ႔ ဆီမီးဖိုင္နယ္တြင္ ကစားရာ ပယ္နလ္တီနဲ႔ ရႈံးနိမ့္လို႔ တတိယဆုရရွိခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်