ရခိုင္ျပည္နယ္နဲ႔ ပလက္ဝၿမိဳ႕နယ္ရွိ အမႈေတာ္ေဆာင္ေတြကို က်ပ္သိန္း (၁၅၀)ေက်ာ္လႉန္းဒါန္း

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ခရစ္ယာန္အမႈေတာ္ေဆာင္ (၁၈၀)ပါးထံ Gospel for Myanmar က က်ပ္ေငြ ၁၅,၇၅၀,၀၀၀ သိန္း တန္ဖိုးရွိ ဆန္အိတ္ ၄၅၀ ကို ဒီကေန႔ေပးအပ္လႉဒါန္းသြားတယ္လို႔ သတင္းရရွိပါတယ္။

ေပးအပ္လႉဒါန္းထားတဲ့ ၿမိဳ႕နယ္ေတြကေတာ့ အမ္း၊ မင္းျပား၊ ေျမပုံ၊ ေက်ာက္ေတာ္၊ ပလက္ဝ နဲ႔ ဆမီးစသည္တို႔ျဖစ္ပါတယ္။

Believers Church Myanmar ရဲ႕ အေထြေထြအတြင္းေရးမႉး Rev. Thawng Tha Thang က “ဒီေန႔ပဲ ၿမိဳ႕နယ္အလိုက္ က်ေနာ္တို႔အသင္းေတာ္ရဲ႕တာဝန္ရွိသူေတြက ဆန္အိတ္ေတြျဖန႔္ေဝေပးပါတယ္။ ပလက္ဝကိုေတာ့ ေဒသေပါက္ေဈးအလိုက္ ေငြသားနဲ႔လႊဲၿပီးေတာ့ လႉဒါန္းပါတယ္” လို႔ေျပာပါတယ္။

လာမယ့္ ဇူလုိင္လကုန္ပိုင္းတြင္လည္း Chinland for Paletwa အစီအစဥ္နဲ႔ Gospel for Myanmar က စစ္ေဘးေရွာင္ျပည္သူေတြထံ လွဴဒါန္းမယ့္အစီအစဥ္လည္းရွိပါတယ္။

(Zawgyi)

ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်ရှိ အမှုတော်ဆောင်တွေကို ကျပ်သိန်း (၁၅၀)ကျော်လှူန်းဒါန်း

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင် (၁၈၀)ပါးထံ Gospel for Myanmar က ကျပ်ငွေ ၁၅,၇၅၀,၀၀၀ သိန်း တန်ဖိုးရှိ ဆန်အိတ် ၄၅၀ ကို ဒီကနေ့ပေးအပ်လှူဒါန်းသွားတယ်လို့ သတင်းရရှိပါတယ်။

ပေးအပ်လှူဒါန်းထားတဲ့ မြို့နယ်တွေကတော့ အမ်း၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပလက်ဝ နဲ့ ဆမီးစသည်တို့ဖြစ်ပါတယ်။

Believers Church Myanmar ရဲ့ အထွေထွေအတွင်းရေးမှူး Rev. Thawng Tha Thang က “ဒီနေ့ပဲ မြို့နယ်အလိုက် ကျနော်တို့အသင်းတော်ရဲ့တာဝန်ရှိသူတွေက ဆန်အိတ်တွေဖြန့်ဝေပေးပါတယ်။ ပလက်ဝကိုတော့ ဒေသပေါက်ဈေးအလိုက် ငွေသားနဲ့လွှဲပြီးတော့ လှူဒါန်းပါတယ်” လို့ပြောပါတယ်။

လာမယ့် ဇူလိုင်လကုန်ပိုင်းတွင်လည်း Chinland for Paletwa အစီအစဉ်နဲ့ Gospel for Myanmar က စစ်ဘေးရှောင်ပြည်သူတွေထံ လှူဒါန်းမယ့်အစီအစဉ်လည်းရှိပါတယ်။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်