ရခိုင်က စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ ပလက်ဝမြို့နယ်သို့ စစ်ကြောင်း ၂ကြောင်းဖြင့်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များက ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်ဟု သတင်းရရှိပါသည်။

ပလက်ဝမြို့နယ်၊ ကုလားချောင်းဒေသခံတစ်ဦးက “စစ်ကြောင်းက အင်အား ၅၀ ခန့် ဒလက်မေချောင်းကနဲ့ ကုလားချောင်းဘက် ခြေကျင်နဲ့ တက်လာတယ်။ အရင်က ဒီနေရာမှာ ရက္ခိုင့်တပ်တော် AA တွင် ရှိတယ်၊ စခန်းလည်းရှိတယ်၊ တိုက်ပွဲဖြစ်တော့မယ်ထင်တာ၊ အခု AA တွေ ဖယ်ပေးလိုက်တော့ တိုက်ပွဲတော့ မဖြစ်ဘူး။ နောက်ထပ် စစ်ကြောင်းက ဘဲချောင်းဝ ကျီးလေဘက်က တကြောင်း ဖြစ်လောက်တယ်”ဟု ပြောသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင်လည်း ကျီးလေးရွာ၊ ဘဲချောင်းဝရွာဘက်လည် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာကြောင့် သိရှိရသည်။

အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးသော်လည်း နေရပ်ပြန်ခိုင်းသည့် ကျေးရွာပြည်သူများအတွက် မိုင်း၊ စစ်ကျန်လက်နက်ပစ္စည်းများ ရှင်းလင်းမူပြုလုပ်ပေးခြင်းမရှိကြောင့် သိရှိရသည်။

“ရွာပြန်တာ ၃ ပတ်လောက်ရှိပြီ၊ ဘယ်မှမသွားရဲဘူး၊ အရင်က ဒီရွာမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ့ဖြစ်တဲ့နေရာဆိုတော့ မိုင်းတွေ၊ မပေါက်ကွဲတဲ့ စစ်လက်နက်တွေလည်း ရှိလောက်တယ်၊ မိုင်းရှင်းပေးစေချင်တယ်”ဟု နေရပ်ပြန် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်သည့် အဘောင်သားကျေးရွာ၊ မီးလက်ဝကျေးရွာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြန်ခိုင်းသည်။

ပလက်ဝမြို့နယ်တွင် ၂၀၂၂ ခုနှစ် နေရပ်ပြန် စစ်ဘေးရှောင်ပြည်သူများ မိုင်းနင်းမူကြောင့် ၇ ဦးထက်မနည်း ဖြစ်ပွားပြီး ခြေ၊ လက်၊ မျက်လုံးများ ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်