ရသေ့တောင်မြို့နယ်မှ ချင်းတိုင်းရင်းသား (၁၆၀)ကျော် မင်းပြားမြို့သို့ထွက်ပြေးလာ၊ စားနပ်ရိက္ခာထောက်ပံ့သူမရှိ၍အခက်အခဲဖြစ်နေ

၂၀၁၉ ၊ နိုဝင်ဘာလ (၁၆)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သက်ပြေကျ ကျေးရွာ နဲ့ ပဲသဒူ ကျေးရွာမှ ပြည်သူ (၁၆၀)ကျော်ဟာ နိုဝင်ဘာလ (၁၅)ရက်တွင် မင်းပြားမြို့နယ် သူဌေးကုန်ကျေးရွာသို့ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဒေသခံတစ်ဦးထံမှသတင်းရရှိပါတယ်။

ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ ဥက္ကဌ ဆလိုင်း ထွန်းလှကျော်က “နေရေးထိုင်ရေးက အစ စားရေးသောက်ရေးပါ လုံးဝအဆင်မပြေကြဘူး။ သူဌေးကုန်ရွာ ဘုန်းတော်ကြီးကျောင်းမှာယာယီနေကြတယ်။ သူတို့မှာ ဘာမှပါမလာဘူး။ ဒီတိုင်းထွက်ပြေးလာကြတယ်။ အဝတ်အစား၊ စောင်တွေပါမလာဘူး။ ရွာမှာရှိတဲ့လူတွေက စောင်တွေကအစ စားရေးသောက်ရေးကို တစ်အိမ်ထောင်မှာ ဆန်တစ်ဗူး၊နှစ်ဗူးအဲ့လိုစုပြီးတော့ လောလောဆယ်စီစဉ်ကြတယ်။ ဒီနေ့လည်းထပ်လာသေးတယ်။ မနက်ဖြန်လည်း ထပ်လာမယ်ကြားတယ်။ လူ ၂၀၀ လောက်တော့ရှိမယ်။ တချို့က ကားနဲ့လာတယ်။ တချို့က သင်္ဘောနဲ့လာကြတယ်။ တခြားအဖွဲ့အစည်းတွေရဲ့အကူအညီမရကြသေးဘူး။ ရွာနားမှာ တပ်မတော်နဲ့ အေအေက မကြာခဏတိုက်ပွဲတွေဖြစ်နေတယ်။ တောင်ယာတွေမလုပ်နိုင်တာလည်း လချီကြာပြီ။ ကျောင်းဆရာ၊မတွေလည်းမလာရဲလို့ ကလေးတွေကျောင်းမတက်နိုင်ဘူး” လို့ပြောပါတယ်” လို့ပြောပါတယ်။

အခုလိုထွက်ပြေးတိမ်းရှောင်လာတာဟာ သူတို့စရိတ်နဲ့ဖြစ်ပြီး အစိုးရနဲ့တပ်မတော်က သူတို့ထွက်ပြေးမှန်းသိရင် ဟန့်တားမှာစိုးလို့ အဖွဲ့လိုက်နဲ့ထွက်လာကြတာဖြစ်ပါတယ်။

(Zawgyi)

ရေသ့ေတာင္ၿမိဳ႕နယ္မွ ခ်င္းတုိင္းရင္းသား (၁၆၀)ေက်ာ္ မင္းျပားၿမိဳ႕သို႔ထြက္ေျပးလာ၊ စားနပ္ရိကၡာေထာက္ပံ့သူမရွိ၍အခက္အခဲျဖစ္ေန

၂၀၁၉ ၊ ႏို၀င္ဘာလ (၁၆)
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ သက္ေျပက် ေက်း႐ြာ နဲ႔ ပဲသဒူ ေက်း႐ြာမွ ျပည္သူ (၁၆၀)ေက်ာ္ဟာ ႏိုဝင္ဘာလ (၁၅)ရက္တြင္ မင္းျပားၿမိဳ႕နယ္ သူေဌးကုန္ေက်းရြာသို႔ထြက္ေျပးတိမ္းေရွာင္လာၾကတယ္လို႔ ေဒသခံတစ္ဦးထံမွသတင္းရရွိပါတယ္။

ရခုိင္ျပည္နယ္ ခ်င္းတကၠသိုလ္ေက်ာင္းသားမ်ားအဖြဲ႔ ဥကၠဌ ဆလိုင္း ထြန္းလွေက်ာ္က “ေနေရးထုိင္ေရးက အစ စားေရးေသာက္ေရးပါ လံုးဝအဆင္မေျပၾကဘူး။ သူေဌးကုန္ရြာ ဘုန္းေတာ္ၾကီးေက်ာင္းမွာယာယီေနၾကတယ္။ သူတို႔မွာ ဘာမွပါမလာဘူး။ ဒီတုိင္းထြက္ေျပးလာၾကတယ္။ အဝတ္အစား၊ ေစာင္ေတြပါမလာဘူး။ ရြာမွာရွိတဲ့လူေတြက ေစာင္ေတြကအစ စားေရးေသာက္ေရးကို တစ္အိမ္ေထာင္မွာ ဆန္တစ္ဗူး၊ႏွစ္ဗူးအဲ့လိုစုၿပီးေတာ့ ေလာေလာဆယ္စီစဥ္ၾကတယ္။ ဒီေန႔လည္းထပ္လာေသးတယ္။ မနက္ျဖန္လည္း ထပ္လာမယ္ၾကားတယ္။ လူ ၂၀၀ ေလာက္ေတာ့ရွိမယ္။ တခ်ဳိ႕က ကားနဲ႔လာတယ္။ တခ်ဳိ႕က သေဘၤာနဲ႔လာၾကတယ္။ တျခားအဖြဲ႔အစည္းေတြရဲ႕အကူအညီမရၾကေသးဘူး။ ရြာနားမွာ တပ္မေတာ္နဲ႔ ေအေအက မၾကာခဏတုိက္ပြဲေတြျဖစ္ေနတယ္။ ေတာင္ယာေတြမလုပ္ႏိုင္တာလည္း လခ်ီၾကာၿပီ။ ေက်ာင္းဆရာ၊မေတြလည္းမလာရဲလို႔ ကေလးေတြေက်ာင္းမတက္ႏိုင္ဘူး” လို႔ေျပာပါတယ္” လို႔ေျပာပါတယ္။

အခုလိုထြက္ေျပးတိမ္းေရွာင္လာတာဟာ သူတို႔စရိတ္နဲ႔ျဖစ္ၿပီး အစိုးရနဲ႔တပ္မေတာ္က သူတို႔ထြက္ေျပးမွန္းသိရင္ ဟန္႔တားမွာစုိးလို႔ အဖြဲ႔လုိက္နဲ႔ထြက္လာၾကတာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်