ရိခေါ်ဒါရ်မြို့ ကျောင်းအနီးတွင် ဗုံးတစ်လုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်တွေ မြို့ထဲကင်းလှည့်

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ရိခေါ်ဒါရ်မြို့ အမှတ် ၂ ရပ်ကွက်က အ.ထ.က(ခွဲ)ကျောင်းဝန်းထဲမှာ ယမန်နေ့ ဇွန် ၃ ရက် ည ၈ နာရီလောက်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲသွားတယ်လို့သတင်းရရှိပါတယ်။

ဗုံးဟာ ကျောင်းဆောင်အနီးမြက်ခင်းပေါ်မှာပေါက်ကွဲတာဖြစ်ပြီး ကျောင်းဆောင်ထိခိုက်တာမရှိဘူးလို့သိရတယ်။

ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်က စာသင်ကျောင်းဖွင့်လှစ်ခြင်းမရှိဘဲ ရပ်ကွက်ရပ်မိရပ်ဖတွေကသာဦးဆောင်ပြီး ဖွင့်လှစ်တယ်လို့သိရတယ်။

ယင်းပေါက်ကွဲမှုကြောင့် ဒေသခံအချို့ဟာ အိန္ဒိယနိုင်ငံဘက်သို့ထွက်ပြေးကြပြီး ဒီနေ့ ဇွန် ၄ ရက် မနက်တွင် နေရပ်ပြန်လာကြတယ်လို့ဒေသခံတွေထံကသိရတယ်။

ယနေ့ မနက် ၈ နာရီလောက်တွင် စစ်ကောင်စီတပ်သား ၂၀ ခန့်ဟာ မြို့ထဲသို့ဆင်းလာပြီး နယ်စပ်တံတားအနားမှာ ၃ နာရီကြာလောက် ကင်းလှည့်နေကြတယ်လို့သတင်းရရှိပါတယ်။

Zawgyi

ရိေခၚဒါရ္ၿမိဳ႕ ေက်ာင္းအနီးတြင္ ဗံုးတစ္လံုးေပါက္ကြဲ၊ စစ္ေကာင္စီတပ္ေတြ ၿမိဳ႕ထဲကင္းလွည့္

ခ်င္းျပည္နယ္၊ အိႏိၵယ-ျမန္မာနယ္စပ္မွာရွိတဲ့ ရိေခၚဒါရ္ၿမိဳ႕ အမွတ္ ၂ ရပ္ကြက္က အ.ထ.က(ခြဲ)ေက်ာင္းဝန္းထဲမွာ ယမန္ေန႔ ဇြန္ ၃ ရက္ ည ၈ နာရီေလာက္က လက္လုပ္ဗံုးတစ္လံုးေပါက္ကြဲသြားတယ္လုိ႔သတင္းရရွိပါတယ္။

ဗံုးဟာ ေက်ာင္းေဆာင္အနီးျမက္ခင္းေပၚမွာေပါက္ကြဲတာျဖစ္ၿပီး ေက်ာင္းေဆာင္ထိခိုက္တာမရွိဘူးလို႔သိရတယ္။

ရိေခၚဒါရ္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္က စာသင္ေက်ာင္းဖြင့္လွစ္ျခင္းမရွိဘဲ ရပ္ကြက္ရပ္မိရပ္ဖေတြကသာဦးေဆာင္ၿပီး ဖြင့္လွစ္တယ္လုိ႔သိရတယ္။

ယင္းေပါက္ကြဲမႈေၾကာင့္ ေဒသခံအခ်ဳိ႕ဟာ အိႏိၵယႏိုင္ငံဘက္သို႔ထြက္ေျပးၾကၿပီး ဒီေန႔ ဇြန္ ၄ ရက္ မနက္တြင္ ေနရပ္ျပန္လာၾကတယ္လို႔ေဒသခံေတြထံကသိရတယ္။

ယေန႔ မနက္ ၈ နာရီေလာက္တြင္ စစ္ေကာင္စီတပ္သား ၂၀ ခန္႔ဟာ ၿမိဳ႕ထဲသို႔ဆင္းလာၿပီး နယ္စပ္တံတားအနားမွာ ၃ နာရီၾကာေလာက္ ကင္းလွည့္ေနၾကတယ္လုိ႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်