ရိခေါ်ဒါရ်မြို့ တပ်စခန်းတွင် သေနတ်သံနဲ့ လက်နက်ကြီးသံကြားရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက် တပ်စခန်းကနေ ဒီနေ့ မေ ၂၃ ရက် ညနေ ၂ နာရီခွဲလောက်ကစပြီး သေနတ်သံနဲ့ လက်နက်ကြီးသံကြားရတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

မတ် ၂၉ ရက်က ရိခေါ်ဒါရ်မြို့ နယ်စပ်ဂိတ်မှာ CNDF တပ်စွဲထားတဲ့နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ သိမ်းယူပြီးနောက် သေနတ်သံနဲ့ လက်နက်ကြီးသံကြားရတာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်နေပြည်သူတစ်ဦးက “သေနတ်သံက အပြန်အလှန်ပစ်ခတ်တဲ့အသံလိုကြားရတယ်။ သေနတ်သံက နားလိုက် ပစ်လိုက်နဲ့ ၃ကြိမ်လောက်အဲ့လိုပစ်ကြတယ်။ လက်နက်ကြီးသံက ၄ ကြိမ်လောက်ကြားရတယ်။ တောင်ထိပ် ရိ-ဖလမ်းကားလမ်းဘေးမှာဆိုတော့ ပြည်သူတွေထိခိုက်တာတော့မရှိဘူး” လို့ပြောပါတယ်။

ယင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်နဲ့ ဘယ်အဖွဲ့ပစ်ခတ်တာလဲဆိုတာ မသိရသေးပါ။ ဒါ့ပြင် ယနေ့ မနက်ကလည်း ထန်တလန်မြို့မှာ စစ်ကောင်စီတပ်နဲ့ CDF တွေပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီတပ်သားတွေက ထန်တလန်မြို့ကို ထပ်မံမီးရှို့ကြတယ်လို့သတင်းရရှိပါတယ်။

Zawgyi

ရိေခၚဒါရ္ၿမိဳ႕ တပ္စခန္းတြင္ ေသနတ္သံနဲ႔ လက္နက္ၾကီးသံၾကားရ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ တပ္စခန္းကေန ဒီေန႔ ေမ ၂၃ ရက္ ညေန ၂ နာရီခြဲေလာက္ကစၿပီး ေသနတ္သံနဲ႔ လက္နက္ၾကီးသံၾကားရတယ္လုိ႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

မတ္ ၂၉ ရက္က ရိေခၚဒါရ္ၿမိဳ႕ နယ္စပ္ဂိတ္မွာ CNDF တပ္စြဲထားတဲ့ေနရာကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ သိမ္းယူၿပီးေနာက္ ေသနတ္သံနဲ႔ လက္နက္ၾကီးသံၾကားရတာ ဒါပထမဆံုးအၾကိမ္ျဖစ္တယ္လုိ႔ ေဒသခံေတြကဆိုပါတယ္။

ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၁)ရပ္ကြက္ေနျပည္သူတစ္ဦးက “ေသနတ္သံက အျပန္အလွန္ပစ္ခတ္တဲ့အသံလုိၾကားရတယ္။ ေသနတ္သံက နားလုိက္ ပစ္လိုက္နဲ႔ ၃ၾကိမ္ေလာက္အဲ့လိုပစ္ၾကတယ္။ လက္နက္ၾကီးသံက ၄ ၾကိမ္ေလာက္ၾကားရတယ္။ ေတာင္ထိပ္ ရိ-ဖလမ္းကားလမ္းေဘးမွာဆိုေတာ့ ျပည္သူေတြထိခိုက္တာေတာ့မရွိဘူး” လုိ႔ေျပာပါတယ္။

ယင္းပစ္ခတ္မႈမွာ စစ္ေကာင္စီတပ္နဲ႔ ဘယ္အဖြဲ႔ပစ္ခတ္တာလဲဆိုတာ မသိရေသးပါ။ ဒါ့ျပင္ ယေန႔ မနက္ကလည္း ထန္တလန္ၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ CDF ေတြပစ္ခတ္မႈျဖစ္လုိ႔ စစ္ေကာင္စီတပ္သားေတြက ထန္တလန္ၿမိဳ႕ကို ထပ္မံမီးရိႈ႕ၾကတယ္လုိ႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်