ရုရှားရဲ့ အသံထက်မြန်သော ဒုံးကျည်များကို ယူကရိန်းက အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အသုံးပြုပြီး ပစ်ချခဲ့

 ယူကရိန်းလေတပ်ရဲ့ စနေနေ့တွင် ပြောဆိုချက်အရ ကိဗက်မြို့ကို ပစ်မှတ်ထားကြီး ရုရှားက ပစ်လိုက်သော အသံထက်မြန်သော ဒုံးကျည်များကို အမေရိကန်ရဲ့ Patriot ဒုံးကျည်ကာကွယ်ရေးစနစ် အသုံးပြုပြီး ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။

ဒါဟာ ယူကရိန်းအနေနဲ့ ရုရှားရဲ့ ခေတ်မီဒုံးကျည်ဖြင့် ပစ်ခတ်မှုကို ပထမဆုံး ပစ်ချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လေတပ်ဉီးစီးချုပ်ဖြစ်တဲ့ မိုင်ကိုလာအိုလက်ချုက သူ့ရဲ့ Telegram ပို့စ်တွင် ပြောကြားချက်အရ ရုရှားက ယူကရိန်းကို ပစ်လိုက်သော Kinzhal ဒုံးကျည်ကို တားဆီးနိုင်ခဲ့ကြောင်း ဆိုပါတယ်။ ပြီးတော့ ယူကရိန်းဟာ အမေရိကန်က ပေးပို့သော Patriot ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပထမဆုံး အသုံးပြုတာလည်း ဖြစ်ပါတယ်။

“ဟုတ်ပါတယ် ကျွန်တော်တို့ Kinzhal ဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့ပါတယ်။ မေလ ၄ ရက်နေ့ညက တိုက်ခိုက်မှုတွင် ဒီလို လုပ်နိုင်ခဲ့တာဖြစ်ပြီး ကိဗက်မြို့လေပိုင်နက်အတွင်း လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု အိုလက်ချုက ပြောပါတယ်။

 Kinzhal လက်နက်ဟာ ရုရှားရဲ့ အဆင့်မြင့်ဆုံးသော လက်နက်များစွာထဲက တစ်ခု ဖြစ်ပါတယ်။ ရုရှားရဲ့ ပြောဆိုချက်အရ လေကြောင်းကနေ ပစ်ချနိုင်သော ဒီဒုံးကျည်ဟာ မိုင်ပေါင်း ၁၂၅၀ က ပစ်မှတ်ကိုလည်း ပစ်ချနိုင်ကြောင်း အသံထက် ၁၀ ဆ ပိုမြန်ကာ ပျံသန်းနိုင်သောကြောင့် တားဆီးရန် အလွန်ခက်ခဲကြောင်း ပြောပါတယ်။

အသံထက်မြန်သောဒုံးကျည်ရဲ့ ပျံသန်းနှုန်းနှင့် ကြီးမားသောအဖျက်စွမ်းအားကြောင့် ခံတပ်များကို ဖျက်ဆီးနိုင်သော စွမ်းရည် Kinzhal မှာ ရှိပါတယ်။ မြေအောက်ဘန်ကာများနှင့် တောင်မှာ ဆောက်ထားသော လိုဏ်ဂူများကိုလည်း ဖျက်ဆီးနိုင်ပါတယ်။ အရင်ကတော့ ယူကရိန်းဟာ Kinzhal ကို တားဆီးနိုင်ရန် လုံလောက်သော လက်နက်များ မရှိခဲ့ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။

“သူတို့ပြောတာကတော့ Patriot ဟာ ခေတ်နောက်ကျနေတဲ့ လက်နက်လို့ ပြောကြတယ်၊ ရုရှားလက်နက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်နက်လို့ ပြောကြတယ်” ဟု လေတပ်ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ယူရီအီနက်က ပြောပါတယ်။

သူကတော့ ရုရှားရဲ့ Kinzhal ဒုံးကျည်စနစ်ကို အောင်မြင်စွာ တားဆီးနိုင်ခြင်းဟာ ရုရှား မျက်နှာမှာ ပါးရိုက်လိုက်တာနဲ့ တူတယ်လို့ ပြောပါတယ်။ ယူကရိန်းကတော့ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဧပြီလတွင် စတင်ရရှိခဲ့သော်လည်း ဘယ်လောက် လက်ခံရရှိထားကြောင်းနှင့် ဘယ်နေရာတွေမှာ တပ်ဆင်ထားကြောင်းကိုတော့ ပြောကြားထားခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီစနစ်ကို အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်