ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ နွေရာသီကာလ ဘာသာရေးပွဲလမ်းသဘင်မလုပ်ဖို့ ချင်းအစိုးရအစည်းအဝေးလုပ်မယ်

ကိုရိုနာဗိုင်းရစ်ပ်ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာသာရေးပွဲလမ်းသဘင်တွေမလုပ်ဖို့ ချင်းပြည်နယ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်များ မနက်ဖြန် အစည်းအဝေးကျင်းပမယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “နွေရာသီကာလမှာ ဘာသာရေးဘက် အထူးသဖြင့် ခရစ်ယာန်ဘာသာမှာ ပွဲလမ်းသဘင်တွေများတဲ့ချိန်ဆိုတော့ လူစုလူဝေးလုပ်တာ လျော့ချနိုင်အောင် ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်အဖက်အဖွဲ့အစည်းတွေခေါ်ပြီး အစည်းအဝေးကျင်းပမယ်။ ဒါက အမိန့်ကြောင့်မဟုတ်ပဲ ကိုယ့်အသိနဲ့ကိုယ်လုပ်တာမျိုးဖြစ်စေချင်တယ်။ အဓိကအားဖြင့် လူအများစုဝေးတာလျော့ချဖို့ပါ။ တချို့လူတွေကဆို ဘုရားကျောင်းတောင် ဆင်ခြင်သင့်တယ်လို့ပြောတဲ့သူရှိတယ်။ ပြီးတော့ ဒီနှစ် ချင်းပြည်နယ်မှာ သင်္ကြန်မလုပ်ဖို့ဆုံးဖြတ်ထားတယ်။ နေပြည်တော်က အားကာဌာနကလည်း နွေရာသီသင်တန်းတွေမလုပ်ဖို့ ဖုန်းနဲ့ အကြောင်းကြားထားတယ်လို့ ခုနကပဲ ပြည်နယ်အားကာဘက်က သတင်းလာပို့တယ်” လို့ပြောပါတယ်။

ရန်ကုန်မြို့က Yangon Journalism School က မတ်လနဲ့ ဧပြီလ သင်တန်းကို ကိုရိုနာဗိုင်းရစ်ပ်ကြောင့် ယာယီရွှေ့ဆိုင်းလိုက်တယ်လို့ကြေညာထားပါတယ်။

ဒါ့ပြင် အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်က မီဇိုးလူငယ်အသင်းကလည်း နှစ်စဉ်ကျင်းပတဲ့ တစ်ပြည်နယ်လုံး လူငယ်အားကစားနေ့၊ အသင်းရဲ့ ညီလာခံတွေကျင်းပမှာမဟုတ်ကြောင်း ဒီနေ့ကြေညာထားပါတယ်။

(Zawgyi)

ေရာဂါၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေႏြရာသီကာလ ဘာသာေရးပြဲလမ္းသဘင္မလုပ္ဖို႔ ခ်င္းအစိုးရအစည္းအေဝးလုပ္မယ္

ကိုရိုနာဗိုင္းရစ္ပ္ေရာဂါကို ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ ဘာသာေရးပြဲလမ္းသဘင္ေတြမလုပ္ဖို႔ ခ်င္းျပည္နယ္အစိုးရနဲ႔ ဘာသာေရးေခါင္းေဆာင္မ်ား မနက္ျဖန္ အစည္းအေဝးက်င္းပမယ္လို႔သတင္းရရွိပါတယ္။

ခ်င္းျပည္နယ္ လူမႈေရးဝန္ၾကီး ဦးေပါင္လြန္မင္းထန္က “ေႏြရာသီကာလမွာ ဘာသာေရးဘက္ အထူးသျဖင့္ ခရစ္ယာန္ဘာသာမွာ ပြဲလမ္းသဘင္ေတြမ်ားတဲ့ခ်ိန္ဆိုေတာ့ လူစုလူေဝးလုပ္တာ ေလ်ာ့ခ်ႏိုင္ေအာင္ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ အရပ္အဖက္အဖြဲ႔အစည္းေတြေခၚၿပီး အစည္းအေဝးက်င္းပမယ္။ ဒါက အမိန္႔ေၾကာင့္မဟုတ္ပဲ ကိုယ့္အသိနဲ႔ကိုယ္လုပ္တာမ်ဳိးျဖစ္ေစခ်င္တယ္။ အဓိကအားျဖင့္ လူအမ်ားစုေဝးတာေလ်ာ့ခ်ဖို႔ပါ။ တခ်ဳိ႕လူေတြကဆို ဘုရားေက်ာင္းေတာင္ ဆင္ျခင္သင့္တယ္လို႔ေျပာတဲ့သူရွိတယ္။ ၿပီးေတာ့ ဒီႏွစ္ ခ်င္းျပည္နယ္မွာ သၾကၤန္မလုပ္ဖုိ႔ဆံုးျဖတ္ထားတယ္။ ေနျပည္ေတာ္က အားကာဌာနကလည္း ေႏြရာသီသင္တန္းေတြမလုပ္ဖို႔ ဖုန္းနဲ႔ အေၾကာင္းၾကားထားတယ္လို႔ ခုနကပဲ ျပည္နယ္အားကာဘက္က သတင္းလာပို႔တယ္” လို႔ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က Yangon Journalism School က မတ္လနဲ႔ ဧၿပီလ သင္တန္းကို ကိုရိုနာဗိုင္းရစ္ပ္ေၾကာင့္ ယာယီေရႊ႕ဆုိင္းလုိက္တယ္လို႔ေၾကညာထားပါတယ္။

ဒါ့ျပင္ အိႏိၵယႏိုင္ငံ မီဇိုးရမ္ျပည္နယ္က မီဇိုးလူငယ္အသင္းကလည္း ႏွစ္စဥ္က်င္းပတဲ့ တစ္ျပည္နယ္လံုး လူငယ္အားကစားေန႔၊ အသင္းရဲ႕ ညီလာခံေတြက်င္းပမွာမဟုတ္ေၾကာင္း ဒီေန႔ေၾကညာထားပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်