ရှင်ပြုအလှူပွဲမှာဝက်သတ်လို့ လူ ၁၆ ဦးကို စည်ပင်က ထောင်ဒဏ် (၆)လထိချမှတ်နိုင်တဲ့ဥပဒေနဲ့ တရားစွဲဆို


ဒိုးနွယ်ကျေးရွာ စုပေါင်းမဟာဘုံကထိန်ပွဲတော် (ဓာတ်ပုံ- U Thu Nanda)

ရှင်ပြုအလှူပွဲမှာဝက်သတ်လို့ လူ ၁၆ ဦးကို စည်ပင်က ထောင်ဒဏ် (၆)လထိချမှတ်နိုင်တဲ့ဥပဒေနဲ့ တရားစွဲဆို

ကလေးမြို့နယ် တောင်ပိုင်း ဒိုးနွယ်ကျေးရွာမှာ ရှင်ပြုအလှူပွဲတွင် လိုင်စင်မပါပဲ ဝက်သတ်လို့ဟုဆိုကာ မြို့နယ်စည်ပင်က အများဆုံးထောင်ဒဏ် (၆)လထိချနိုင်တဲ့ စည်ပင်ဥပဒေ ပုဒ်မ ၁၉၂ နဲ့ တရားစွဲဆိုထားပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့ ရှင်ပြုအလှူပွဲမှာ ဧည့်သည်တွေကျွေးမွေးဖို့ အိမ်မှာမွေးထားတဲ့ ဝက် ၄ ကောင်သတ်ခဲ့ပါတယ်။ ရှင်ပြုအလှူဖိတ်စာမှာ နာမည်ရေးထားတဲ့ လူ (၁၆)ဦးကို တရားစွဲဆိုထားကြောင်း မေလ (၂၁)ရက်တွင် တရားရုံးရဲ့အကြောင်းကြားစာရောက်လာပါတယ်။

ဒိုးနွယ်ကျေးရွာအား ဝေဟင်မှမြင်တွေ့ရစဉ် (ဓာတ်ပုံ – U Thu Nanda)

မြို့နယ်စည်ပင်ရဲ့ တရားစွဲဆိုမှုတွင်ပါဝင်တဲ့ ကိုငယ်လေးက “အလှူလုပ်မယ်ဆိုပြီး ရပ်မိရပ်ဖ ဂေါပကတွေနဲ့လည်းဆွေးနွေးပြီးမှလုပ်တာ။ ဝက်တွေကလည်း ကျနော့်အိမ်က အလှူလုပ်ဖို့သီးသန့်မွေးထားတာ။ အသားတွေလည်းပြန်မရောင်းပါဘူး။ ဖိတ်စာပေါ်မှာ ရေးထားတဲ့နာမည်အားလုံးကို ဆွဲထားတော့ ကျနော်အမျိုးသမီးလည်းပါသွားတယ်။ ပြီးတော့ တချို့ဆို မရှိဆင်းရဲသူတွေပါ။ အမှုဆွဲထားတဲ့ထဲမှာ ရွာမှာမရှိတော့ပေမယ့် ကလေးအဖေဖြစ်လို့ ဖိတ်စာမှာ နာမည်ရေးထားတဲ့ပုဂ္ဂိုလ်တွေလည်း တရားစွဲတဲ့ထဲပါသွားကြတယ်။ စည်ပင်က ခေါ်တယ်ဆိုတာမှန်ပါတယ်။ ရပ်ကွက်လူကြီးက ဒီကိစ္စပြောပြီးသွားပြီ သွားစရာမလိုဘူးလို့ပြောတာကြောင့်မသွားတာပါ။ ရုံးချိန်း ၂ ကြိမ်ထိ ကျနော်တို့မှာ ရှေ့နေမငှားရသေးပါဘူး။ လိုအပ်ရင်တော့ငှားမယ်” လို့ပြောပါတယ်။

၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဥပဒေ ပုဒ်မ ၁၉၂ တွင် မည်သူမဆို အောက်ဖောြ်ပပါဇယားတါင် ဖော်ပြထားသော ပြဌာန်းချက်အကျဉ်းနှင့်သက်ဆိုင်သည့် မူရင်းပုဒ်မများ သို့မဟုတ် မူရင်းပုဒ်မခွဲများပါ ပြဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများပါညွှန်ကြားချက်တစ်ရပ်ရပ်ကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် ငွေဒဏ်အနည်းဆုံး ငွေကျပ် သုံးသိန်းမှ အများဆုံး ငွေကျပ် တစ်ဆယ်သိန်းထိဖြစ်စေ၊ ထောင်ဒဏ် (၁)လမှ (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်၊ ထပ်မံကျူးလွန်ပါက အများဆုံးထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကျပ် ငါးသိန်းအထိချမှတ်နိုင်သည်- ပုဒ်မခွဲ ၁၄၂ တွင် ကျွဲ၊ နွား၊ နွားနောက်၊ လား၊ မြင်း၊ မြည်း၊ သိုး၊ ဆိတ်၊ ဝက်တို့ကို ခွင့်ပြုချက်မရှိဘဲသတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း၊ လို့ဖော်ပြထားပါတယ်။

ကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဟင်း၊ အသားခုံတာဝန်ရှိသူ ဦးအောင်လွင်က “အသားခုံနယ်နမိတ်ပိုင်ရှင်က စည်ပင်ကိုလာတိုင်တယ်။ အခုအမှုဖွင့်တာကတော့ လိုင်စင်မဲ့ဝက်သတ်ဖြတ်မှုနဲ့ပါ။ တရားမစွဲခင် ရွာသားတွေကို ညှိုနှိုင်းဖို့ ၃ ကြိမ်ရုံးကိုခေါ်တယ် မလာကြဘူး။ မလာကြတော့ ဥပဒေအကြံတောင်းကြည့်တယ်။ တရားစွဲလို့ရတယ်ဆိုလို့ တရားစွဲလိုက်တယ်” လို့ပြောပါတယ်။
၎င်းတို့ကို ကလေးမြို့နယ် တရားရုံးမှာ မေလ (၂၀) ရက်နဲ့ ဇွန်လ (၇)ရက်တွင် နှစ်ကြိမ်ရုံးချိန်းစစ်ဆေးပြီး တတိယအကြိမ် ရုံးချိန်းကို ဇွန်လ ၂၁ ရက်တွင် ထပ်မံချိန်းဆိုထားပါတယ်။

၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဥပဒေ ပုဒ်မ ၇ တွင် ချွင်းချက်အနေနဲ့ပြဌာန်းတာကတော့ ဘာသာရေး၊ လူမှုရေးကိစ္စအလို့ငှာ သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် ကျွဲ၊ နွားကိုသတ်ဖြတ်ကြောင်း၊ လက်ဝယ်တွေ့ရှိသောကျွဲ၊ နွား၏အသားသည် တရားဝင်ခွင့်ပြုချက်ဖြင့်သတ် ဖြတ်သော သို့မဟုတ် အခြားအကြောင်းတစ်ခုခုဖြင့် သေဆုံးသော ကျွဲ၊ နွား၏ အသား၊ သားရေဖြစ်ကြောင်း သက်သေထင်ရှားပြသနိုင်ပါမူ ကင်းလွတ်ခွင့်ပြုရမည် လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်