ရွာထဲတိုက်ပွဲမဖော်ဖို့သဘောထားထုတ်ပြန်တဲ့ ပြည်တော်သာရွာထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲ

ကလေးမြို့နယ်၊ အနောက်မြောက်ဘက် ပြည်တော်သာကျေးရွာ နှစ်ခြင်းဘုရားကျောင်းထဲမှာ စစ်ကောင်စီတပ်သား ၁၅၀ လောက် ယနေ့ဇူလိုင် ၂၈ ရက်ညနေ ၄ နာရီခွဲတွင် ဝင်ရောက်တပ်စွဲကြတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဘုရားကျောင်းမှာ ယနေ့ည အိပ်ကြတယ်လို့လည်းသိရတယ်။ ဘုရားကျောင်းအနီးနားကပြည်သူတွေဟာ ဆွေမျိုးအိမ်မှာပြောင်းရွှေ့ကြပြီး ရွာသားတွေကတော့ ရွာထဲကနေ ထွက်မပြေးကြဘူးလို့လည်းသိရတယ်။

ဒေသခံတစ်ဦးက “ထမင်းချက်တဲ့အိုးနဲ့ ငရုတ်စုံတွေလည်းပါလာတာတွေ့ရတယ်။ အချိန်ကြာကြာနေမယ့် သဘောတော့ပေါ်တယ်” လို့ပြောပါတယ်။

ဒီနှစ် ဧပြီလ ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ PDF-Kalay တပ်ဖွဲ့တွေဟာ ပြည်တော်သာကျေးရွာနဲ့အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားပြီး ပြည်တော်သာရွာသူ တစ်ဦးသေဆုံးကာ၊ PDF-Kalay တပ်ရင်း-၃ က ရဲဘော် ၄ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Zalen ad

တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီ ၁၅ ရက်တွင် ပြည်တော်သာကျေးရွာ အသင်းတော်များအမှုတော်ဆောင်မိတ်သဟာယအဖွဲ့က နောင်အခါ ၎င်းတို့ရွာထဲ တိုက်ပွဲမဖော်ဆောင်ဖို့သဘောထားထုတ်ပြန်ချက်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲတွင် ဆုံးဖြတ်ချက် ၉ ချက်ထဲမှာ အဓိကအချက်ကတော့ ပြည်တော်သာကျေးရွာ မိန်းလမ်းမပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ် လမ်းပိတ်တားဆီးတာမလုပ်ဖို့၊ နောင်အခါ ပြည်တော်သာရွာကို စစ်မြေပြင်အဖြစ် အသုံးပြုပြီး တိုက်ခိုက်ခြင်း၊ စစ်ရေးအရနေရာယူခြင်းမလုပ်ကြဖို့ လေးစားစွာတောင်းဆိုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်