ရွေးကောက်ပွဲပြီးနောက် ကလေးမြို့တွင် ကိုဗစ်လူနာသစ် (၉)ဦးတွေ့ရှိ

ကလေးမြို့နယ်တွင် မနေ့ညတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၉)ဦးရှိတယ်လို့ ကလေးကိုဗစ်ကော်မတီ သတင်းနဲ့ပြန်ကြားရေးကော်မတီက ကြေညာထားပါတယ်။

အခုတွေ့ရှိတဲ့ ကိုဗစ်လူနာများထဲတွင် ၆ လအရွယ်ကလေးငယ်တစ်ယောက်လည်းပါဝင်ပြီး အသက် (၈၅)အရွယ် သက်ကြီးပိုင်းတွေလည်းပါဝင်ပါတယ်။ လူနာတွေဟာ ကလေးမြို့ အောင်သစ္စာရပ်ကွက် နဲ့ ချမ်းမြေ့အောင်စည်ရပ်ကွက်က လူတွေပဲဖြစ်ပါတယ်။

လူနာတွေအားလုံးကို အိတ်စွပ်ကျေးရွာ ပြည်သူ့အငှားအိမ်ယာတွင် ထားရှိပြီး ယင်းအိမ်ယာတွင် ကိုဗစ်လူနာ (၂၉)ဦးထားရှိပါတယ်။ လက်ရှိကလေးမြို့တွင် ကိုဗစ်လူနာစုစုပေါင်း (၅၂)ဦးကို စောင့်ကြည့်ကုသလျက်ရှိပါတယ်။

ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လူ ၃၀ ဦးထက်ပိုမစုဝေးကြဖို့၊ ယင်းအမိန့်ကို မလိုက်နာပါက တည်ဆွဲဥပဒေနဲ့ထိရောက်စွာအရေးယူမယ်လို့ နိုဝင်ဘာလ (၁၀)ရက်အမိန့် ထပ်မံထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်