ဖလမ်းမြို့နယ် ဗားရ်နဲ့ဝေဘူလကြား လမ်းအလုပ်သမားတွေနဲ့ ဖလမ်းအကျဉ်းသားတွေကို ဘုရားသခင်ရဲ့ကလေးအမည်ရတဲ့(Child of God Ministry)အဖွဲ့သားတွေက မေလ(၂၅)ရက်နဲ့ မေ(၂၄)ရက်မှာ အစားအသောက်နဲ့ဆေးဝါးတွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ဖလမ်းအကျဉ်းထောင်ရှေ့မှာ Child of God Ministry အဖွဲ့သားအချို့အားတွေ့ရစဉ်
အလှူပစ္စည်းတွေက တန်ဖိုးအားဖြင့် လေးသိန်းခန့်ရှိပါတယ်။ အဖွဲ့သား(၇)ယောက်က လှူဖွယ်ပစ္စည်းတွေပေးရင်း အားပေးစကားတွေပြောကြားခဲ့ပါတယ်။
ဖလမ်းမြို့နယ်မှာ Child of God Ministry က အခုလို အလှူပေးတာဟာ ပထမအကြိမ်ဖြစ်ပြီး အရင်က အခြားဒေသတွေမှာ အလှူငွေတွေပေးခဲ့ဖူးကြောင်း Child of God Ministry ရဲ့အတွင်းရေးမှူး တရားဟောဆရာ David New ကဆိုပါတယ်။