လမ်း၊တံတားလုပ်ငန်းလုပ်ကိုင်တဲ့ ကားရ်တောင်တန်းကုမ္မဏီဒုတိယအကြိမ် တိုင်ကြားခံရ

ပလက်ဝမြို့အခြေစိုက် ကားရ်တောင်တန်းကုမ္မဏီက လမ်းဖောက်လုပ်တဲ့ ဆမီး-ကန်ပလက်လမ်းပိုင်းမှာ လုပ်ငန်းစံချိန်မမှီတာကြောင့် ဒေသခံကျေးရွာတွေလက်မှတ်ရေးထိုးပြီး သြဂုတ်လ(၁၁)ရက်မှာ မြို့နယ် NLD ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တိုင်ကြားစာပေးပို့ထားပါတယ်။

အရင်နှစ် ၂၀၁၇ ခုနှစ် မတ်(၁၀)ရက်မှာလည်း ၂၀၁၆-၂၀၁၇ ဘာဏ္ဍာရေးနှစ်မှာ ကျပ်သန်း(၇၃.၇၂)နဲ့ ကားရ်တောင်တန်းကုမ္မဏီလုပ်ကိုင်တဲ့ ပလက်ဝမြို့နယ် ဒိန်ချောင်းကြိုးတံတားဟာ သတ်မှတ်အရည်အသွေးမပြည့်မီခြင်းကြောင့် ဒေသခံကျေးရွာတွေလက်မှတ်နဲ့ တာဝန်ရှိသူတွေထံတိုင်ကြားခံခဲ့ဖူးပါတယ်။

ဒိန်ချောင်းကြိုးတံတား

အခု ဆမီး-ကန်ပလက်လမ်းပိုင်း ဆမီး-ဘောင်ကုန်း-မီးဟူးလမ်းပိုင်းဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကားရ်တောင်တန်းကုမ္မဏီက (၄)မိုင်ဖောက်လုပ်ပြီး ၎င်းလမ်းဟာ(၄)မိုင်ပြည့်ဖို့ (၂)ဖာလုံလိုတဲ့အပြင် အချို့နေရာတွေမှာ လမ်းအကျယ်(၂၄)ပေမပြည့်ပဲ (၁၉)ပေ(သို့) ပေ ၂၀ သာရှိကြောင်း၊ ရေမြောင်းလည်းစနစ်တကျလုပ်ထားခြင်းမရှိကြောင်း တိုင်ကြားစာမှာရေးသားထားပါတယ်။

ဆမီး-ကန်ပလက်လမ်းပိုင်း

ကားရ်တောင်တန်းကုမ္မဏီပိုင် ဦးအောင်သန်းက “ကျနော်တို့က လုပ်ငန်းလည်းမပြီးသေးဘူး။ သူတို့ဆီမှာလည်း လုပ်ငန်းပြီးစီးကြောင်းထောက်ခံချက် မတောင်းသေးဘူး။ လုပ်ငန်းအပ်နှံဖို့က သက်တမ်းတော့ ကုန်သွားပြီ။ ဒါပေမယ့် ကျနော်တို့မှာ ပြင်၊ထိမ်းက (၂)နှစ်တာဝန်ရှိတယ်။ စက်သမားတွေလည်း စက်မသိမ်းရသေးဘူး။ ကျနော်တို့ပြန်လုပ်ပေးမှာပါ။ ငွေလည်းမထုတ်ရသေးဘူး။ တကယ်ဆို သူတို့လည်းကျနော့်ကိုအရင်မေးသင့်တာပါ။ ပေမမှီတာ တချို့နေရာမှာရှိကောင်းရျိမယ်။ မိုးတွင်းဆိုတော့ ပြိုတာတွေရျိတယ်။ ၄မိုင်ပြည့်ပြီးဆိုတော့ ကျနော်တို့လည်းထားထားတာ”လို့ပြောပါတယ်။

ကားရ်တောင်တန်းကုမ္မဏီဟာ လက်ရှိ ပလက်ဝမြို့ စည်ပင်ဈေးသစ်ဆောက်လုပ်တဲ့လုပ်ငန်းလုပ်ကိုင်လျက်ရှိတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်