မုန်လိုင်ခတ်ရွာရဲ့ ပြည်သူများသေဆုံးမှုအပေါ်စကစရဲ့လုပ်ရပ်ကို မြန်မာအခြေစိုက်သံရုံးများနဲ့ ICNCC ရှုတ်ချ

အောက်တိုဘာလ ၉ ရက်နေ့တွင်ကချင်ပြည်နယ် ၊လိုင်ဇာမြို့အနီး မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းတွင်ကလေးငယ်များ အပါအဝင်အနည်းဆုံးပြည်သူ ၂၉ ဦးကိုအသက်ရှုံးစေခဲ့ပြီး အများအပြားဒဏ်ရာရစေတဲ့တိုက်ခိုက်မှုသတင်းများကြောင့်မြန်မာအခြေစိုက်သံရုံးများနဲ့ ICNCC ကရှုတ်ချတယ်လို့ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအခြေစိုက်ကနေဒါသံရုံးက ပြည်သူများကိုပစ်မှတ်ထားခြင်းနဲ့သတ်ဖြတ်ခြင်းဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ်။ ဒီလုပ်ရပ်မျိုးကိုလက်ခံ၍မရပါဘူး။ ကနေဒါနိုင်ငံသည်အဆိုပါအကြမ်းဖက်တဲ့လုပ်ရပ်ကိုရှုတ်ချလိုက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီ ၊အာဆီယံ ၊လူ့အခွင့်အရေးကောင်စီနဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ကဲ့သို့သောမိတ်ဖက်အဖွဲ့အစည်းများရဲ့တောင်းဆိုမှုများဖြစ်တဲ့အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန် ၊ပြည်သူအားပစ်မှတ်ထားခြင်းကိုအဆုံးသတ်ရန်၊ နိုင်ငံတကာဥပဒေများကိုလိုက်နာရန်နဲ့မြန်မာနိုင်ငံ၌လူသားချင်းစနာမှုအကူအညီများကိုအပြည့်အဝနဲ့အကန့်အသတ်မရှိပေးခွင့်ပေးရန်တို့ကိုတောင်းဆိုလိုက်ပါတယ်လို့ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံအခြေစိုက် ဗြိတိန်သံရုံးနဲ့ ပြင်သစ်သံရုံးတို့ကလည်း မုန်လိုင်ခတ်ရွာရဲ့စစ်ကောင်စီရဲ့ အရပ်သားပြည်အပေါ်ပစ်မှတ်ထားလုပ်ရပ်ကိုကန့်ကွတ်ရှုပ်ချခဲ့ပါတယ်။ ထို့အပြင်ကုလသမဂ္ဂအထွေထွေရေးမှူးချုပ် အန်တိုနီယိုကွာတက်ရက်စ့် ( Antonio Guterres) အနေဖြင့်စိုးရိမ်ထိတ်လန့်မှုရှိကြောင်း အတွင်းရေးမှုးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ စတိဗဲင်ဒူဂျာရီးစ် ( Stephane Dujarric)ကပြောဆိုလိုက်ပါတယ်။

ထို့အပြင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကလည်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းအားလက်နက်ကြီးများဖြင့်ကလေးသူငယ်များ ၊အသက်အရွယ်အိုမင်းသူများနဲ့အမျိုးသမီးအပါအဝင်အရပ်သားပြည်သူ အများအပြားသေဆုံးအပေါ် စစ်ကောင်စီကိုပြစ်တင်ရှုတ်ချ ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ရက်နေ့နှင့် ၈ ရက်နေ့များတွင် ချင်းလူမျိုးအများစုနေထိုင်သောစစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့နယ် စက္ကန့်ရွာကျေးရွာအား ၂ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာအနည်းဆုံးအိမ်ခြေ ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ၊ချင်းအမျိုးသမီး ဒေါ် ငိုင်နှဲမ်း ( Pi Ngai Hnem) အသက် ၆၇ နှင့် မြေးဖြစ်သူ ဆလိုင်းဗန်ဘွေးလျန် ( Salai Van Bawi Lian) အသက် ၁၄ နှစ်တို့အားရက်စက်စွာသတ်ဖြတ်မီးရှို့ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလူနည်းစုတိုင်းရင်းသားများအပေါ်ဤကဲ့သို့အကြိမ်ကြိမ်ပြုမူကျင့်ကြံမှုများသည်နိုင်ငံတကာလူသားချင်းစာနာထောက်ထားဆိုင်ရာဉပဒေများအပါအဝင်အရပ်သားပြည်သူများရဲ့အသက်ရှင်သန်ပိုင်ခွင့်တို့ကိုမျက်ကွယ်ပြာရာရောက်ပြီးလူနည်းစုတိုင်းရင်းသားများအား လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့်လုပ်ရပ်များဖြစ်သဖြင့်အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်အာဏာသိမ်းစစ်ကောင်စီအားဝိုင်းပယ်ကန့်ကွက်ကြရန်မိမိတို့(ICNCC)ကောင်စီအနေဖြင့်အလေးအနက်ပန်ကြားပါတယ်လို့ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး (ICNCC) မှယခုအချိန်သည်မိမိတို့နိုင်ငံ၏သမိုင်း၌အလွန်အရေးကြီးသည့်အချိန်ကာလဖြစ်ရာကချင်နှင့်ချင်းလူမျိုးများအပါအဝင်လူနည်းစုတိုင်းရင်းသားများနှင့်နွေဦးရေးအင်အားစုအသီးသီးအနေဖြင့်တောင်တန်း ပြည်မ စည်းလုံးညီညွှတ်စွာအချင်းချင်းလက်တွဲမဖြုတ်စတမ်း ၊ဘုံရည်မှန်းချက်ပန်းတိုက်ရောက်သည်အထိနည်းမျိုးစုံဖြင့်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန်အလေးအနက်တိုက်တွန်းနိုးဆော်အပ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်