လေပြင်းတိုက်လို့ ဖလမ်းမြို့နယ်တွင်သိန်း (၄၀)ကျော်တန်ဖိုးရှိ ပြောင်းဖူးခင်းတွေပျက်စီး

ဖလမ်းမြို့နယ်တွင် လေပြင်းတိုက်ခတ်လို့ တောင်သူများစိုက်ပျိုးထားတဲ့ ပြောင်းဖူး (၇၇ ဒသမ ၅)ဧက ပျက်စီးပြီး တန်ဖိုးအားဖြစ် ခန့်မှန်းခြေ (၄,၁၃၀,၀၀၀) ကျပ်ပျက်စီးသွားကြောင်း သတင်းရရှိပါတယ်။

သြဂုတ်လ (၅)ရက် မနက် (၇) နာရီက လေပြင်းကြောင့် လိုင်းဇောလ်ကျေးရွာအုပ်စုရှိ လိုင်းဇောလ်ကျေးရွာ၊ ပါလဲသဲကျေးရွာ၊ အာအိုမွန်ကျေးရွာနေ တောင်သူ (၃၃)ဦး စိုက်ပျိုးထားတဲ့ ပြောင်းဖူး (၄၄ ဒသမ ၅) ဧက ပျက်စီးပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်း ၂,၄၈၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

ဆက်လက်ပြီး သြဂုတ် (၆) မနက် ၅ နာရီတွင်လေပြင်းတိုက်လို့ တလန်ဇောလ်ကျေးရွာအုပ်စုရှိ ဇောလ်သဲကျေးရွာ နဲ့ ဝှမ်ဟာခုမ်း(မွန်ထာ)ကျေးရွာနေ တောင်သူ (၁၂) ဦးရဲ့ ပြောင်းဖူး (၃၃) ဧက ပျက်စီးပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေ တန်ဖိုး (၁,၆၅၀,၀၀၀) ကျပ်ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်