လေဲပီးနှစ်ခြင်းအသင်းတော်က အသင်းသားတွေကို တစ်အိမ်ထောင် ဆန် တစ်အိတ် ပေးဝေ

ကလေးမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းတွင် အသင်းသူ၊အသင်းသားအများဆုံးရှိတဲ့ လေဲပီးနှစ်ခြင်းအသင်းတော်က ၎င်းတို့အသင်းသူ၊သားတွေကို တစ်အိမ်ထောင်မှာ ဆန်တစ်အိတ်စီ ပေးဝေနေတယ်လို့သတင်းရရှိပါတယ်။

လေဲပီးနှစ်ခြင်းအသင်းတော်တွင် အိမ်ထောင်စု (၅၀၄) အိမ်ရှိပြီး အရင်က မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်တွေထဲမှာ အသင်းသူ၊အသင်းသားအများဆုံးရှိတဲ့ အသင်းတော်တစ်ပါးလည်းဖြစ်ပါတယ်။

လေဲပီးနှစ်ခြင်းအသင်းတော်ရဲ့ အတွေင်းရေးမှူးဖြစ်တဲ့ ဦးလိုစ်ဒိုလျန် (Lut Do Lian) က “ကျနော်တို့ အသင်းတော်မိသားစုဝင် အများစုက တစ်နေ့လုပ် တစ်နေ့စား တွေများတယ်လေ။ ခုလို Covid-19 ဖြစ်လာတော့ ဆိုင်တွေ အလုပ်အကိုင်တွေပိတ်ထားတော့ သူတို့အတွက် စားရေးအခက်အခဲဖြစ်လာတယ်။ ဒါကြောင့် အခုလို အသင်းတော်က စီစဉ်ထားပါ။ ပထမတော့ လက်လုပ်လက်စား မိသားစုတွေပဲ ဆန်ပေးဝေဖို့စီစဉ်ပေမယ့် အားလုံးလိုလို အခက်အခဲဖြစ်တော့ ဆင်းရဲ၊ ချမ်းသာမရွေး မိသားစု အနည်းအများမခွဲပဲ ပေးတာပါ။ ဒုတိယအကြိမ် ထပ်ဝေမလာဆိုတာကတော့ ဒီကပ်ရောဂါဘယ်လောက်ကြာအုံးမလဲဆိုတဲ့ပေါ်မူတည်ပါမယ်။ အခုလို အသင်းသူ၊အသင်းသားတွေအားလုံး ဆန်ဖြန့်ဝေတာက အနှစ် (၄၀)ကာလမှာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အသင်းတော်ထဲက စားဝတ်နေရေးခက်ခဲတဲ့ မိသားစုတွေကိုတော့ မကြာမကြာ ထောက်ပံ့တာတွေရှိပါတယ်” လို့ပြောပါတယ်။

ဆန်ကို ဧပြီလ (၂၇)ရက်က စတင်ပေးဝေပြီး ဒီနေ့မှာ အကုန်လုံး ပေးဝေတော့မှာဖြစ်တယ်။ လူစုလူဝေးမဖြစ်အောင် တစ်နေ့မှာ ရပ်ကွက် (၂)သာ ပေးဝေကြပါတယ်။

ဒါ့ပြင် ကလေးမြို့ တောင်ဖီလာ နှစ်ခြင်းအသင်းတော်ကလည်း ၎င်းတို့အသင်းသူ၊အသင်းသား အိမ်ထောင်စု (၂၁၇) စုထံ ဧပြီလ (၂၀)ရက်တွင် တစ်အိမ်ထောင် ဆန်တစ်အိတ်ဆီ ထောက်ပံ့ကြပါတယ်။

(Zawgyi)

ေလဲပီးႏွစ္ျခင္းအသင္းေတာ္က အသင္းသားေတြကို တစ္အိမ္ေထာင္ ဆန္ တစ္အိတ္ ေပးေဝ

ကေလးၿမိဳ႕နယ္အတြင္းရွိ ခရစ္ယာန္ဘုရားေက်ာင္းတြင္ အသင္းသူ၊အသင္းသားအမ်ားဆံုးရွိတဲ့ ေလဲပီးႏွစ္ျခင္းအသင္းေတာ္က ၄င္းတို႔အသင္းသူ၊သားေတြကို တစ္အိမ္ေထာင္မွာ ဆန္တစ္အိတ္စီ ေပးေဝေနတယ္လို႔သတင္းရရွိပါတယ္။

ေလဲပီးႏွစ္ျခင္းအသင္းေတာ္တြင္ အိမ္ေထာင္စု (၅၀၄) အိမ္ရွိၿပီး အရင္က ျမန္မာႏိုင္ငံ ခရစ္ယာန္အသင္းေတာ္ေတြထဲမွာ အသင္းသူ၊အသင္းသားအမ်ားဆံုးရွိတဲ့ အသင္းေတာ္တစ္ပါးလည္းျဖစ္ပါတယ္။

ေလဲပီးႏွစ္ျခင္းအသင္းေတာ္ရဲ႕ အေတြင္းေရးမွဴးျဖစ္တဲ့ ဦးလုိစ္ဒိုလ်န္ (Lut Do Lian) က “က်ေနာ္တို႔ အသင္းေတာ္မိသားစုဝင္ အမ်ားစုက တစ္ေန႔လုပ္ တစ္ေန႔စား ေတြမ်ားတယ္ေလ။ ခုလို Covid-19 ျဖစ္လာေတာ့ ဆိုင္ေတြ အလုပ္အကိုင္ေတြပိတ္ထားေတာ့ သူတို႔အတြက္ စားေရးအခက္အခဲျဖစ္လာတယ္။ ဒါေၾကာင့္ အခုလို အသင္းေတာ္က စီစဥ္ထားပါ။ ပထမေတာ့ လက္လုပ္လက္စား မိသားစုေတြပဲ ဆန္ေပးေဝဖို႔စီစဥ္ေပမယ့္ အားလံုးလိုလို အခက္အခဲျဖစ္ေတာ့ ဆင္းရဲ၊ ခ်မ္းသာမေရြး မိသားစု အနည္းအမ်ားမခြဲပဲ ေပးတာပါ။ ဒုတိယအၾကိမ္ ထပ္ေဝမလာဆိုတာကေတာ့ ဒီကပ္ေရာဂါဘယ္ေလာက္ၾကာအံုးမလဲဆိုတဲ့ေပၚမူတည္ပါမယ္။ အခုလို အသင္းသူ၊အသင္းသားေတြအားလံုး ဆန္ျဖန္႔ေဝတာက အႏွစ္ (၄၀)ကာလမွာ ဒါပထမဆံုးအၾကိမ္ျဖစ္ပါတယ္။ အသင္းေတာ္ထဲက စားဝတ္ေနေရးခက္ခဲတဲ့ မိသားစုေတြကိုေတာ့ မၾကာမၾကာ ေထာက္ပံ့တာေတြရွိပါတယ္” လို႔ေျပာပါတယ္။

ဆန္ကို ဧၿပီလ (၂၇)ရက္က စတင္ေပးေဝၿပီး ဒီေန႔မွာ အကုန္လံုး ေပးေဝေတာ့မွာျဖစ္တယ္။ လူစုလူေဝးမျဖစ္ေအာင္ တစ္ေန႔မွာ ရပ္ကြက္ (၂)သာ ေပးေဝၾကပါတယ္။

ဒါ့ျပင္ ကေလးၿမိဳ႕ ေတာင္ဖီလာ ႏွစ္ျခင္းအသင္းေတာ္ကလည္း ၄င္းတို႔အသင္းသူ၊အသင္းသား အိမ္ေထာင္စု (၂၁၇) စုထံ ဧၿပီလ (၂၀)ရက္တြင္ တစ္အိမ္ေထာင္ ဆန္တစ္အိတ္ဆီ ေထာက္ပံ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်