လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းတဲ့နေ့ ကြေညာ

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းတဲ့နေ့နဲ့ ပြန်လည်ရုပ်သိမ်းခြင်းတွေအတွက် နေ့ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ(၂၅)ရက်မှာကြေညာခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ(၂)ရက်နေ့မှ ဇူလိုင်လ(၁၁)ရက်ထိဖြစ်ပြီး ဇူလိုင်လ (၁၆)ရက်မှ (၂၂)ရက်ထိ အမည်စာရင်းတင်သွင်းလွှာတွေ စိစစ်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ(၈)ရက်နေ့ထုတ်ပြန်လိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနယ် (၁၂)နေရာရှိပါတယ်။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ(၁)ရက်၊ ၂၀၁၇ ခုနှစ် ဧပြီ(၁)ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်