လွှတ်တော် ဒုဥက္ကဌနေရာတွက် ဒီပတ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာအတည်ပြုမယ်


https://www.facebook.com/naturegreenhill/?epa=SEARCH_BOX

လွှတ်တော် ဒုဥက္ကဌနေရာတွက် ဒီပတ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာအတည်ပြုမယ်

ချင်းပြည်နယ် ပြည်နယ်လွှတ်တော်ဒုဥက္ကဌဟောင်း ဦးအောင်သန်းအစားထိုးမယ့်သူကို ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်မှာကျင်းပမယ့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အစည်းအဝေးမှာ အတည်ပြုသွားမယ်လို့သတင်းရရှိပါတယ်။

ဦးအောင်သန်းက ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌနေရာကနေ နှုတ်ထွက်စာကို ၂၀၁၉ ခုနှစ် မတ်လ(၂၈)ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ချင်းပြည် နယ် လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်တင်ပြပြီး ကိုယ်စားလှယ်အားလုံးကသဘောတူခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က “ပါတီဗဟိုဘက်က လျာထားတဲ့သူရှိတယ်။ အခုချိန်မှာတော့ပြောလို့မရသေးဘူး။ ဒီပတ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုဖို့ရှိတယ်” လို့ပြောပါတယ်။

ဦးအောင်သန်းနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ၎င်း၏လုပ်ရပ်များကို အချိန်မှီတားမြစ်ဆောင်ရွက်သင့်ကြောင်း၊ တားမြစ်ဆောင်ရွက်ခြင်းမရှိပါက ဝန်ထမ်းနှင့်ပြည်သူများ၏အကြည်အညိုထိခိုက်ပျက်ပြားစေခြင်း၊ ပါတီ၏ပုံရိပ်ဆိုးရွားစွာကျဆင်းစေနိုင်ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်တွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံတင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင် လက်မှတ်နဲ့ ဦးအောင်သန်းကို လိပ်မူကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ ယင်းစာထဲတွင် လူကြီးမင်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမျို့ညွှန့်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမြင့်နိုင်နဲ့ ဒေါက်တာဇော်မြင့်မောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌတို့ရှေ့မှောက်တွင် မိမိကိုယ်တိုင် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌတာဝန်မှ မိမိဆန္ဒသဘောထားအတိုင်း နုတ်ထွက်ပါမည်လို့ ကတိခံဝန်ပြုခဲ့ပါတယ်။

ဒါပေမယ့် လူကြီးမင်းဟာ ယနေ့အချိန်ထိ တာဝန်မှ နုတ်ထွက်ခြင်းမပြုဘဲ ခွင့်ရက်ရယူခံစားနေကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ကတိပြုထားတဲ့အတိုင်း ဖေဖော်ဝါရီလ(၂၃)ရက် နောက်ဆုံးထား၍ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌတာဝန်များမှ နုတ်ထွက်ပါရန်နဲ့ နုတ်ထွက်ခြင်းမပြုပါက လွတ်တော်အတွင်း ပြစ်တင်ရှုတ်ချနုတ်ထွက်စေမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်လို့ ရေးသားထားပါတယ်။

ဦးအောင်သန်းဟာ ၁၉၉၀ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်