ဝန်ကြီးသစ် ဦးဖွေအားရဲ့Facebookအကောင့်ဟက်ပြီး ငွေကြေးလိမ်လည်သူကိုစုံစမ်းဖော်ထုတ်မယ်

 

အဟက်ခံရတဲ့ ဝန်ကြီး ဦးဖွေအား အကောင့်

 

ဝန်ကြီးသစ် ဦးဖွေအားရဲ့Facebookအကောင့်ဟက်ပြီး ငွေကြေးလိမ်လည်သူကိုစုံစမ်းဖော်ထုတ်မယ်

ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဖွေအား ရဲ့ Facebook အကောင့်ကိုဟက်ပြီး ငွေကြေးလိမ်လည်နေသူကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ဝန်ကြီးဦးဖွေအားကပြောပါတယ်။

ဝန်ကြီး ဦးဖွေအား အကောင့်ကို ဇူလိုင် ၆ ရက် ည ၁၀ နာရီနောက်ပိုင်းတွင် အဟက်ခံရတယ်လို့သိရပါတယ်။ ဖလမ်းမြို့မှာ သူနာပြုကျောင်းတက်နေတဲ့ ဦးဖွေအားသမီး မိုင် မိုးမဲန်းဖွေး အကောင့်လည်း အဲ့ဒီနေ့မှာပဲ အဟက်ခံရပါတယ်။

ယင်းအကောင့်နဲ့ပဲ တနင်္ဂနွေနေ့ညတွင် ကန်ပက်လက်မြို့မှာနေထိုင်တဲ့ မိုင်နိုမီထန်းကို မေဆင်ဂျာကနေ ပခုက္ကုရှိ ၎င်းအစ်ကိုသမီးငွေလိုနေလို့ သုံးသိန်းပို့ပေးရန်နဲ့ မနက်ဖြန်တွင် ပြန်ဆပ်ပေါ့မယ်လို့ပြောပါတယ်။ ဒါပြင် ဇူလိုင် ၈ ရက်နေ့တွင် ရန်ကုန်မှာနေထိုင်တဲ့ ကန်ပက်လက်သူ မိုင်အိစန္ဒာမာန် ဆီသို့ မေဆင်ဂျာနဲ့ ၎င်းသမီးငွေလိုနေလို့ တစ်သိန်းပို့ပေးရန်နဲ့ မနက်ဖြန် ပြန်ဆပ်ပေါ့မယ်လို့ပြောခဲ့ပါတယ်။

မိုင်အိစန္ဒာမာန်

မိုင်အိစန္ဒာမာန်က “ညနေ ၆ နာရီခွဲလောက်မှာ တက္ကစီစီးနေတုန်း မေဆင်ဂျာကနေ စကားလာပြောတယ်။ သူ့သမီး ငွေအလျင်လိုနေလို့ သူလည်းဂုဏ်ပြုပွဲထဲရောက်နေတယ် တစ်သိန်းပို့ပေးပါလို့ အကူအညီလာတောင်းတယ်။ မကြာခင်မှာပဲ သူ့သမီးအကောင့်နဲ့လာအက်တော့လက်ခံလိုက်တယ်။ သူ့သမီးဖုန်းနံပါတ်ပေးထားတဲ့ဖုန်းကို wave money နဲ့ပိုက်ဆံလွှဲပြီးတော့ ဖုန်းပြန်ဆက်တော့ ပိတ်ထားတယ်တဲ့။ ပြီးတော့ သူတို့အကောင့်ကိုပြန်ဖွင့်ကြည့်တော့လည်း စာပို့လို့မရတော့ဘူး။ ကျမဆီကို ကောင်လေးတစ်ယောက်က ဗမာစကားကိုချင်းလေသံနဲ့ဖုန်းလာဆက်တယ်။ ပိုက်ဆံကို တကယ်လွဲမလွဲမေးတယ်။ သူ့နာမည်ကိုမေးလည်း မပြောချင်ဘူး။ သူကပဲ မေးခွန်းတွေဆက်တိုက်မေးနေတယ်” လို့ပြောပါတယ်။

မိုင်နိုမီထန်းက “သူ့အကောင့်အဟက်ခံရတယ်ဆိုတာ မသိဘူး။ သူက တစ်ခုလောက်ကူညီပါအုံးတဲ့။ ခရီးသွားနေလို့ အစ်ကို့သမီးက အရေးပေါ်ငွေလိုနေလို့ ပိုက်ဆံ ၃ သိန်းပို့ပေးပါ၊ အနက်ဖြန်ပြန်ပို့ပေးမယ်တဲ့။ နည်းနည်းတော့အံ့သြတာပေါ့။ မြန်မြန်ပို့ပေးပါ Wave money ဆိုင်မှာသူစောင့်နေတယ်တဲ့။ ငွေမပို့ခင်မှာလည်း သူပေးထားတဲ့ ဖုန်းကိုဆက်ပေမယ့် ဧရိယာပြင်ပလို့ပြောတယ်။ ဒါနဲ့ သူပေးတဲ့ဖုန်းနံပါတ်မှာ Wave money နဲ့သုံးသိန်းလွှဲလိုက်တယ်။ တနင်္လာနေ့ရောက်တော့ ငွေပြန်မပေးဘူး။ ဒါပေမယ့် ကျမတို့အမတ်ဆိုတော့ ဖုန်းမဆက်ဘူး။ ဒီမနက်ထတော့ အိစန္ဒာမာန်တင်ထားတဲ့စာကိုတွေ့တယ်။ ဒီမနက် မေဆင်ဂျာပြန်ကြည့်ကို ကျမကို ဘလောက်လုပ်ထားတယ်။ ဖုန်းလည်းပိတ်ထားတယ်။ ဦးဖွေအားကိုဖုန်းဆက်တော့ ပခုက္ကုမှာအစ်ကို့သမီးရှိတယ်၊ မေဆင်ဂျာကနေ ငွေတောင်းပေမယ့်မပို့နိုင်သေးဘူးလို့ပြောတယ်။ တခြားနေ့မှာလည်း ဦးဖွေအားနဲ့ ကျမက မေဆင်ဂျာမှာ ရင်းရင်းနှီးနှီးလည်းမပြောဖူးဘူး။ ပိုက်ဆံလိုချင်တာထက် ဝန်ကြီးကိုနာမည်ပျက်စေချင်လို့ဖြစ်မယ်ထင်တယ်” လို့ပြောပါတယ်။

ဝန်ကြီး ဦးဖွေအားက “ဇူလိုင် ၆ ရက်နေ့ ဖလမ်းမြို့နယ် လိုင်ဗားဆည်နားက သစ်ပင်စိုက်ပွဲဓာတ်ပုံတွေတောင်တင်သေးတယ်။ အဲ့ည ၁၀ နာရီနောက်ပိုင်း အကောင့်မသုံးနိုင်တော့ဘူး။ ဒီလို ကျနော့်နာမည်နဲ့ ငွေလိမ်လည်နေတဲ့သူတွေကို ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရ ဆက်သွယ်ရေးမှူးဆီ ညိုနှိုင်းစာလေးရေးဖို့စဉ်းစားနေတယ်။ ဒီလူတွေကို ရှာလို့ရ၊ မရပေါ့။ ဖုန်းနံပါတ်နဲ့ တည်နေရာရှာလို့ရမလာပေါ့။ မဟုတ်ရင် တောက်လျှောက်အလိမ်ခံရမယ်။ အခုကျနော် လူမှုကွန်ရက်မသုံးတော့ဘူး” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်