ဝမ်းနည်းစရာ ခရစ္စမတ်

အလွတ်တန်းသတင်းထောက်ဝတ်ရည်ကိုကိုရေးသည်။

ကုက္ကိုင်ပင်တန်းတွေစီတန်းနေတဲ့လမ်းမတွေမှာတော့လူသူကင်းမဲ့ပြီးတိတ်ဆိတ်နေပါတယ်။အဲ့ဒီလမ်းမထဲမှာတော့ Merry Christmas ဆိုတဲ့စာတန်းတွေချိတ်ဆွဲထားတဲ့ ဘုရားကျောင်းဆယ်ခုခန့်တွေ့ရပါတယ်။ဒါကတော့ အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်နဲ့ပထမဆုံးတော်လှန်ခဲ့တဲ့ ကလေးမြို့၊ တာဟန်းရပ်ကွက်ဖြစ်ပါတယ်။

“မနေ့ကဒီနေရာမှာ စစ်တပ်ကရမ်းပစ်လို့ လူတစ်ယောက်သေသွားတယ်။ ဒီနေ့ထပ်ပစ်မှာကြောက်လို့ အဲ့ဒီလမ်းဘယ်သူမသွားရဲဘူး “လို့ သံဆူးကြိုးတွေကာရံထားတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလက်ညိုးထိုးပြီး ကိုပွီးယာ(အမည်လွဲ)ကစိတ်မချမ်းမြေ့စွာ ပြောပါတယ်။

သေဆုံးသွားသူကတော့ ပျဉ်းခုံကြီးကျေးရွာမှာနေထိုင်တဲ့အမျိုးသားဖြစ်ပါတယ်။သူဟာတာဟန်းခံတပ်လို့နာမည်တွင်ခဲ့တဲ့ နေရာမှာဆိုင်ကယ်နဲ့ဘုရားကျောင်းကပြန်လာရင်းစစ်ကောင်စီရမ်းသမ်းပစ်ခတ်လို့သေနတ်မှန်သေဆုံးသူဖြစ်ပါတယ်။

“ခရစ္စမတ်ကအရင်လိုမကျင်းပနိုင်တော့ဘူး။ဘုရားကျောင်းလည်း လူနည်းနည်းပဲလာကြတယ်။ မလာရဲကြဘူး”လို့သူကဆက်ပြောပါတယ်။

ကိုပွီးယာ(အမည်လွဲ)ကတော့ကလေးမြို့၊ တာဟန်းရပ်ကွက်မှာနေထိုင်တဲ့ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ။ သူကဘုရားကျောင်းလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ကလေးမြို့မှာတော့ ခရစ်ယာန်ဘုရားကျောင်းနှစ်ရာကျော်လောက်ရှိပြီးတော့ ဘုရားကျောင်းအတွင်းမှာပဲဝတ်ပြုဆုတောင်းနေရုံကလွဲပြီးကလေးတွေကစားတာတွေ၊ပြိုင်ပွဲကျင်းပတာတွေ၊ရိုးရာအကတွေကျင့်ပတာတွေမလုပ်နိင်တော့ဘူးလို့သူကဆိုပါတယ်။သူက ဒီနှစ်ခရစ္စမတ်မှာပြည်ပမှာအလုပ်သွားလုပ်တဲ့ သူ့မိသားစုပြန်ဆုံဖို့ရည်မှန်းထားပေမယ့်ဒါဟာမဖြစ်နိုင်တော့ဘူးလို့သူကပြောပါတယ်။

ကလေးမြို့မှာတော့စစ်ကောင်စီတပ်တွေက မြို့သာ၊မဂ်လာယျာဉ် ၊တာဟန်း၊ကလေးဝလမ်း၊အဖွဲ့စက်၊ဘုံတော နေရာတွေမှာ လက်နက်အပြည့်အစုံနဲ့လုံခြုံရေးတင်းကျပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

“ဒီနေ့လို စရစ္စမတ်ကာလမျိုးဆို ဈေးကရောင်းကောင်းတယ်။အခုကကျေးရွာဘက်ကလူတွေကလဲမလာရဲဘူး။ လမ်းတွေကပိတ်ထားတာလဲပါတယ်။အိန္ဒိယဘက်ပြေးကြရတာလည်းပါတယ်။အခုကဆိုင်ကိုမနက်ကတည်းကပိတ်လိုက်ရတာ။နေခင်းဘက်ဆိုလူတွေကမရှိတော့ဘူး။ဈေးကဘာမှရောင်းမကောင်းဘူး။ ဓါတ်ဆီဈေးကတက်လို ကုန်ဈေးနှုန်းကတက် လူတွေလဲ ငပိပဲစားနိုင်ကြတယ်ထင်တယ်။ငပိပဲမနက်ကရောင်းရတယ်” လို့ ကိုထူးကပြောပါတယ်။

ကိုထူးကတော့မြို့မဈေးမှာနှစ်ပေါင်းသုံးဆယ်ခန့် ဈေးရောင်းတဲ့လုပ်ငန်းနဲ့အသက်မွေးသူဖြစ်ပါတယ်။သူက ကိုဗစ်နဲ့တိုက်ပွဲတွေကြောင့် ဈေးဟာ တစ်ရက်ကို တစ်သောင်းဝန်းကျင်လောက်သာရောင်းရတယ်လို့သူကဆိုပါတယ်။

“အရင်ကိုဗစ်နဲ့တိုက်ပွဲမဖြစ်တော့ခရစ္စမတ်ဆိုဈေးကရောင်းကောင်းတယ်။အခုကတော့အိပ်ပျော်မတတ်ပဲ” လို့သူကဆိုပါတယ်။

ကလေးမြို့မှာတော့ရပ်ကွက်ပေါင်း နှစ်ဆယ်ကျော်ရှိပြီးတော့ကျေးရွာပေါင်းခြောက်ဆယ်ကျော်ရှိပါတယ်။ဒီနေ့မှာပဲမြို့ကြီးကုန်း၊လေးအိမ်စုကျေးရွာတွေကို အင်အားတစ်ရာကျော်နဲ့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်လူဦးရေငါးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

“ခရစ္စမတ်က ပြေးနေရတယ်။မနက်ထဲကအထုပ်ပိုက်ပြီးပြေးနေရတယ်။စစ်ကဖမ်းပြီး လူသားတံတိုင်းလုပ်မှာကြောက်လို့ ၊ဘာပွဲမှကျင်းပလို့မရဘူး ။ဘုရားကျောင်းသွားဖို့လုပ်နေတုန်းကိုပြေးလာရတာ”လို့ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့လေးအိမ်စုကျေးရွာဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။လက်ရှိမှာတိုက်ပွဲဖြစ်မှာစိုးရိမ်နေရတယ်လို့ သူကပြောပါတယ်။

ကလေးမြို့မှာတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူလူဦးရေတစ်ထောင်ကျော်နဲ့ စစ်တပ်ကပစ်ခတ်လို့သေဆုံးသူလူဦးရေနှစ်ရာကျော်ရှိတယ်လို့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

“ဒီလိုခရစ္စမတ်နေ့မှာကို ကျနော်တို့ရွာက ဒေသခံဆယ်ယောက်ကျော်သေခဲ့တယ်။တိုက်ပွဲမှာသေခဲ့တာ။ဒီနေ့သူတို့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်တယ်။ခရစ္စမတ်ဆိုတာ တစ်နှစ်တာကောင်းမှု၊မကောင်းမှုတွေကို ဘုရားသခင်မွေးဖွားတဲ့နေ့မှာအပြစ်ဝန်ခံဆုတောင်းတယ်။ကျနော်တို့ အတွက်ကတော့ခရစ္စမတ်က ပျော်စရာမရှိဘူး။သူတို့ကိုသတိရတယ်။ စစ်အာဏာရှင်ပြုတ်ကျသည်ထိတော်လှန်မယ်”လို့နတ်ချောင်းကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

ကလေးမြို့မှာတော့ခရစ်ယာန်လူဦးရေ နှစ်သိန်းခွဲဝန်းကျင်ရှိပြီးတော့ နေအိမ်မီးရှို့ခံရသူတွေ၊သေဆုံးသူတွေ ၊ဖမ်းဆီးခံရသူတွေ ရက်ဆက်ဖြစ်နေရတာကြောင့် ဒီနှစ်ခရစ္စမတ်ဟာ ဝမ်းနည်း၊ကြေကွဲစရာနှစ်တစ်နှစ်ဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်