ဝူဟန်မှပြန်လာသော ကလေးမြို့က ကျောင်းဆရာများ ဒီညအိမ်ပြန်မယ်

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှပြန်လာသော မြန်မာကျောင်းသား (၅၉)ဦးဟာ ကျန်းမာရေးအခြေအနေကောင်းလို့ ဒီနေ့ မိမိတို့နေအိမ်အသီးသီးပြန်သွားကြမယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ထဲတွင် ကလေးမြို့မှ (၄)ယောက်ပါပြီး ဒီည (၆)နာရီကားဖြစ် မန္တလေးမှ ကလေးမြို့သို့ပြန်သွားကြမယ်လို့သိရပါတယ်။
ကလေးတက္ကသိုလ်မှ ပါရဂူဘွဲ့ပညာတော်သင်တဲ့ ဆရာဗန်ဗျက်လွယ်က “မန္တလေး ကန်တော်နဒီဆေးရုံမှာနေတဲ့ကာလတစ်လျှောက် ဆရာဝန်တွေက မနက်နဲ့ ညနေတိုင်း ခန္ဓာကိုယ်အပူချိန်လာတိုင်းပေးတယ်။ ဒါပေမယ့် ဘယ်သူမှ ကိုယ်အပူချိန်ပြောင်းလဲတာမရှိတဲ့တွက် တခြားဟာတွေတော့ ထပ်မစစ်ဆေးကြဘူး။ ဒီမှာနေတဲ့ကာလမှာ ကျနော်တို့ဘက်က အကုန်အကျဘာမှမရှိဘူး။ အိမ်ပြန်ဖို့ ကားတွေလည်း မန္တလေးတိုင်းအစိုးရက တာဝန်ယူစီစဉ်ပေးတယ်” လို့ပြောပါတယ်။

ပညာတော်သင် မြန်မာကျောင်းသူကျောင်းသားတွေဟာ ဖေဖော်ဝါရီလ (၂)ရက် မနက် (၄)နာရီခန့်တွင် တရုတ်ပြည်မှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့စတင်ပျံသန်းပြီး မနက် (၆)နာရီခွဲခန့်တွင် မန္တလေးကန်တော်နဒီဆေးရုံကိုရောက်လာကြပါတယ်။

အခန်းတစ်ခန်းတွင် လူ(၂)ယောက်ဆီနေထိုင်ပြီး ၎င်းတို့ကျန်းမာရေးအခြေအနေကို (၁၄)ရက်ကြာစောင့်ကြည့်စစ်ဆေးပြီး သံသယဖြစ်စရာဘာမှမတွေ့လို့ အခုလိုအားလုံးအိမ်ပြန်နိုင်တာဖြစ်ပါတယ်။

ယနေ့တွင် မနက်ပိုင်းတွင် နေရပ်ပြန်မယ့် ကျောင်းသားတွေကို ပြည်ထောင်စု အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်တို့က ကန်တော်နဒီဆေးရုံသို့ လာရောက်နှုတ်ဆက်ကြပါတယ်။

(Zawgyi)

ဝူဟန္မွျပန္လာေသာ ကေလးၿမိဳ႕က ေက်ာင္းဆရာမ်ား ဒီညအိမ္ျပန္မယ္

တ႐ုတ္ႏိုင္ငံ ဝူဟန္ျပည္နယ္မွျပန္လာေသာ ျမန္မာေက်ာင္းသား (၅၉)ဦးဟာ က်န္းမာေရးအေျခအေနေကာင္းလို႔ ဒီေန႔ မိမိတို႔ေနအိမ္အသီးသီးျပန္သြားၾကမယ္လို႔သတင္းရရွိပါတယ္။

၎တို႔ထဲတြင္ ကေလးၿမိဳ႕မွ (၄)ေယာက္ပါၿပီး ဒီည (၆)နာရီကားျဖစ္ မႏၲေလးမွ ကေလးၿမိဳ႕သို႔ျပန္သြားၾကမယ္လို႔သိရပါတယ္။
ကေလးတကၠသိုလ္မွ ပါရဂူဘြဲ႕ပညာေတာ္သင္တဲ့ ဆရာဗန္ဗ်က္လြယ္က “မႏၲေလး ကန္ေတာ္နဒီေဆးရံုမွာေနတဲ့ကာလတစ္ေလွ်ာက္ ဆရာဝန္ေတြက မနက္နဲ႔ ညေနတိုင္း ခႏၶာကိုယ္အပူခ်ိန္လာတုိင္းေပးတယ္။ ဒါေပမယ့္ ဘယ္သူမွ ကိုယ္အပူခ်ိန္ေျပာင္းလဲတာမရွိတဲ့တြက္ တျခားဟာေတြေတာ့ ထပ္မစစ္ေဆးၾကဘူး။ ဒီမွာေနတဲ့ကာလမွာ က်ေနာ္တို႔ဘက္က အကုန္အက်ဘာမွမရွိဘူး။ အိမ္ျပန္ဖို႔ ကားေတြလည္း မႏၱေလးတုိင္းအစိုးရက တာဝန္ယူစီစဥ္ေပးတယ္” လို႔ေျပာပါတယ္။

ပညာေတာ္သင္ ျမန္မာေက်ာင္းသူေက်ာင္းသားေတြဟာ ေဖေဖာ္ဝါရီလ (၂)ရက္ မနက္ (၄)နာရီခန္႔တြင္ တရုတ္ျပည္မွ မႏၱေလး အျပည္ျပည္ဆုိင္ရာေလဆိပ္သို႔စတင္ပ်ံသန္းၿပီး မနက္ (၆)နာရီခြဲခန္႔တြင္ မႏၱေလးကန္ေတာ္နဒီေဆးရံုကိုေရာက္လာၾကပါတယ္။

အခန္းတစ္ခန္းတြင္ လူ(၂)ေယာက္ဆီေနထုိင္ၿပီး ၄င္းတို႔က်န္းမာေရးအေျခအေနကို (၁၄)ရက္ၾကာေစာင့္ၾကည့္စစ္ေဆးၿပီး သံသယျဖစ္စရာဘာမွမေတြ႔လို႔ အခုလိုအားလံုးအိမ္ျပန္ႏိုင္တာျဖစ္ပါတယ္။

ယေန႔တြင္ မနက္ပိုင္းတြင္ ေနရပ္ျပန္မယ့္ ေက်ာင္းသားေတြကို ျပည္ေထာင္စု အားကစားႏွင့္ က်န္းမာေရးဝန္ႀကီး ေဒါက္တာ ျမင့္ေထြးႏွင့္ မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္တို႔က ကန္ေတာ္နဒီေဆး႐ုံသို႔ လာေရာက္ႏႈတ္ဆက္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်