သက်တမ်း နှစ်(၁၀၀)ကျော်ရှိတဲ့ တောင်တန်းဒေသလူမျိုးရိုးရာအထည်များ ပြခန်းပြုလုပ်ဖို့ Yoyamay စီစဉ်

အထည်သက်တမ်း နှစ် တစ်ရာနဲ့ နှစ်ရာကြားမှာရှိ တောင်တန်းဒေသလူမျိုးများရဲ့ရိုးရာအထည်တွေ သီးသန့်ထားရှိရာ ပြခန်းတစ်ခုပြုလုပ်ဖို့ Yoyamay ချင်းရိုးရာအထည်ဆိုင်က စီစဉ်နေတယ်လို့သိရပါတယ်။

ပြခန်းတွင်ထားရှိမယ့်အထည်တွေဟာ Yoyamay ချင်းရိုးရာအထည်ဆိုင်က (၁၅)နှစ်ကြာစုဆောင်းထိန်းသိမ်းထားတဲ့အထည်တွေဖြစ်ပြီး အများစုက ချည်သားစစ်စစ်၊ သဘာဝဆိုးဆေးတွေနဲ့ယက်လုပ်ထားတာဖြစ်ပါတယ်။ လူမျိုးအနေနဲ့ တောင်ပေါ်ဒေသ ချင်းအထည်များ၊ ရခိုင်ဒေသရှိ မြို၊ ခမီး ချင်းတွေနဲ့ မြေပြန့်ချင်းလို့ခေါ်တဲ့ အရှိုချင်းတွေရဲ့ ရိုးရာအထည်တွေအဓိကပါဝင်ပြီး နာဂ၊ ကချင်၊ ကရင် ရိုးရာအထည်တွေလည်းပါဝင်ပါတယ်။

ချည်သား၊ သဘာဝဆိုးဆေးနဲ့လုပ်ထားပြီး ခန့်မှန်းခြေ သက်တမ်း(၁၀၀-၁၅၀)ကြားရှိတဲ့ Tawnlo Puan(သွန်လိုစောင်)ဖြစ်ပါတယ်။ ဒီစောင်ဟာ ရွာ၊ လူမျိုးဦးဆောင်သူတွေသာ ခြုံထားတဲ့စောင်ဖြစ်ပါတယ်။ Yoyamay ပြခန်းမှ ပြသထားဖို့စုဆောင်းထားတဲ့အထည်ဖြစ်ပါတယ်။

Yoyamay ချင်းရိုးရာအထည်ဆိုင်ပိုင်ရှင် ဒေါ်ခွန်းရွှေက “ပစ္စည်းတွေပြသဖို့ မှော်ဘီမြို့နယ်မှာ မြေတစ်ကွက်ဝယ်ထားတယ်။ အဆောက်အအုံကတော့ ဒီနှစ်မိုးကုန်လောက်မှာစမယ်။ နောက်နှစ်ကတော့ ပြင်ဆင်တဲ့ကာလဖြစ်မယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းလောက်မှာ ပြသလို့ရပြီ။ တစ်နှစ်ပတ်လုံးမပြပဲ ပွင့်လင်းရာသီမှာပြမယ်။ မိုးရာသီဆို မပျက်စီးအောင်ပြန်သိမ်းထားမယ်လို့စိတ်ကူးထားတယ်”လို့ပြောပါတယ်။

၁၉၉၁ ခုနှစ်မှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ Yoyamay ချင်းအထည်တွေစရောင်းပြီး ၂၀၀၃ ခုနှစ်ကနေစပြီး ရိုးရာအထည်တွေစုဆောင်းလာခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်ခွန်းရွှေက “ချင်းရိုးရာအထည်တွေစရောင်းတုန်းက ကျမမှာ ဒီဟာနဲ့ပတ်သက်ပြီးဘာမှ ဗဟုသုတမရှိခဲ့ဘူး။ ဒါပေမယ့် အမေရိကန်ကနေ ပညာရှင်တွေက ချင်းရိုးရာအထည်အကြောင်း ‘မြန်မာ၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချင်းရိုးရာအထည်များ”စာအုပ်ထုတ်ဖို့လာတယ်။ သူတို့က မေးခွန်းတွေအများကြီးမေးလာတယ်။ ကိုယ်မသိလိုက်တဲ့ ကိုယ်သိသင့်သိထိုက်တဲ့ဟာတွေ သူတို့က အစပြန်ဖော်ပေးခဲ့တာပေါ့။ ဒီစာအုပ်ထဲက အထည်တွေက ကျမဆီကဝယ်ထားတာ။ ဟ… ဒါကျမအထည်လို့ပြောပေမယ့် ကျမမှာလက်ဆုပ်လက်ကိုင်ပြစရာမရှိတော့ဘူး။ အဲ့ဒီချိန်မှ အော်… ဒါရောင်းဖို့ပဲမဟုတ်ဘူးကိုယ်ကိုယ်တိုင်လည်းစုဆောင်းထိန်းသိမ်းရမယ်ဆိုတဲ့ အသိက ၂၀၀၃ ခုနှစ်ကနေရပြီးတော့ စစုဆောင်းဖြစ်တယ်ပေါ့နော်။ အရင်တုန်းက ဝယ်ရောင်းလုပ်တဲ့အဆင့်ကနေ သူတို့ရဲ့ဗဟုသုတ မျှဝေပေးခြင်းကြောင့် တိုင်းရင်းသားအထည်တွေစုဆောင်းထားရမယ်။ နောင်လာနောက်သားတွေ ဒီအကြောင်းပြောဖို့ကလည်း တကယ့်အထည်ရှိမှရတာကိုး။  တချို့အထည်တွေကျတော့ အရမ်းကိုစိတ်ဝင်စားစရာကောင်းပြီးတော့ အရည်အသွေးအရမ်းမြင့်တဲ့အထည်တွေတွေ့တော့ ပိုင်ရှင်တွေက ဘယ်လောက်မြတ်မြတ်နိုးနိုးသိမ်းထားတဲ့ပစ္စည်းဖြစ်မလဲဆိုတာ ခံစားမိလာတယ်။ ဈေးရောင်းတဲ့ သက်တမ်းတလျှောက်နည်းနည်းချင်းစုဆောင်းလာတော့ အခုဆို ချင်းအထည်က ငါးရာကနေ တစ်ထောင်လောက် ရှိနေပြီ။ ဒီလိုသိမ်းထားတာ လူတွေလည်း မမြင်ဘူးဆိုတော့ ပြသလိုက်မှ သူတို့မြင်ရမှာပေါ့နော်”လို့ပြောပါတယ်။

ဈေးအကြီးဆုံးပေးဝယ်ရတဲ့အထည်ကတော့ နာဂစောင်တစ်ထည်ဖြစ်ပြီး ဒေါ်လာ(၃၀၀)နဲ့ နိုင်ငံခြားဧည့်လမ်းညွှန်တစ်ယောက်ဆီကနေဝယ်ခဲ့ရကြောင်း၊  အခြားချင်းအထည်တွေကတော့ သိန်းဂဏန်းလောက်ရှိကြတယ်လို့ ဒေါ်ခွန်းရွှေကဆိုပါတယ်။

 

 

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်