သမိုင်းဝင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာတော့မည့် တရုတ်နိုင်ငံ

လွန်ခဲ့တဲ့ ၃ နှစ်အတွင်းက ကိုဗစ်-၁၉ ဆိုင်ရာ တင်းကျပ်သော ကန့်သတ်ချက်များဟာ ဇန်ချီအတွက်တော့ တရုတ်နိုင်ငံတွင် ကလေးမယူရန် ဆုံးဖြတ်ချက်ချစေလောက်သော ဖိအားနှင့် မသေချာမှုများကို ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွင် တရုတ်အစိုးရဟာ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း သူကတော့ ကလေးမယူနိုင်ဘူးလို့ပဲ ငြင်းဆန်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်သော လူနာများဆေးရုံတွင် ပြည့်နေသောကြောင့် မိခင်နှင့် ကလေးများဟာ ဆရာဝန်များကို မတွေ့နိုင်ကြောင်း သတင်းများကြောင့် သူ့ကို ကလေးမယူရန် ဆုံးဖြတ်ချက်ပိုခိုင်မာလာစေခဲ့ပါတယ်။

“ပြည့်သူ့ဆေးရုံမှာ ကလေးမွေးရတာ ဆိုးဆိုးဝါးဝါးပဲလို့ ကြားတယ်၊ ကျွန်မကလေးမယူနိုင်ပါဘူး” ဟု အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ဇန်ကတော့ ပြောပါတယ်။

တရုတ်နိုင်ငံ၏ လူဦးရေဟာ ၁၉၆၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ငတ်မွတ်ခေါင်းပါးမှုနောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် ကြီးမားသော လူဦးရေကျဆင်းမှုဖြစ်လာမည်ဟု ခန့်နေကြပါတယ်။ ၂၀၂၂ ခုနှစ်တွင် ကလေးမွေးဖွားမှုနှုန်းဟာ စံချိန်တင်လျှော့ကျရန် ရှိပြီး ၂၀၂၁ တွင် ကလေးမွေးဖွားမှု ၁၀.၆ သန်းရှိခဲ့ရာ ၂၀၂၂ မှာတော့ ၁၀ သန်းလျှော့နည်းလာမည်ဟု ခန့်မှန်းကြပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်တုန်းကထက် ၁၁.၅ ရာခိုင်နှုန်းလျှော့နည်းလာခြင်းဖြစ်ပါတယ်။

“နှစ်ပေါင်း ၈၀ အတွင်း တရုတ်နိုင်ငံ၏ လူဦးရေဟာ လက်ရှိပမာဏထက် ၄၅ ရာခိုင်နှုန်းအထိ လျှော့ကျလာနိုင်တယ်။ ထိုအချိန်ကျရင် ကမ္ဘာ့က မထင်ထားသောတရုတ်နိုင်ငံဖြစ်လာလိမ့်မယ်” ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော ဝမ်ဖဲန်က ပြောပါတယ်။

တရုတ်နိုင်ငံ၏ လူဦးရေဟာ ၂၀၂၁ ခုနှစ်တွင်၄၈၀,၀၀၀ သာတိုးခဲ့ပြီး စုစုပေါင်း ၁.၄၁၂၆ ဘီလီယံရှိလာခဲ့ပါတယ်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၏ လူဦးရေဟာ ဒီနှစ်ကစပြီး စတင်ကျဆင်းလာမည်ဖြစ်ပြီး ဒီနှစ်မှာပဲ တရုတ်နိုင်ငံကို အိန္ဒိယနိုင်ငံက ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံအဖြစ်ကျော်တက်သွားမည်ဟု ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၈၀ ကနေ ၂၀၁၅ ခုနှစ်အထိ မိသားစုတစ်ခုတွင်ကလေးတစ်ယောက်သာ ယူရမည်ဆိုတဲ့ ဥပဒေချမှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ကလေး ၁ ယောက်ထက်ယူခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံ၏ မြင့်မားလာသော ကလေးအတွက်အသုံးစရိတ်ကြောင့် အိမ်ထောင်ပြုသူများဟာ ကလေးယူရန် မတက်နိုင်သောကြောင့် ကလေးမွေးနှုန်းကလည်း ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။

အစိုးရကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ရန် ၂၀၂၁ နောက်ပိုင်း ကလေးယူသူများအတွက် အခွန်လျှော့ပေးခြင်း၊ မိဖွားခွင့်ကြာရှည်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများပေးခြင်းနှင့် အိမ်ငှားခများလျှော့ပေးခြင်းဖြင့် ကလေးမွေးဖွားမှုနှုန်း ပြန်တိုးလာစေရန် ကြိုးစားနေပါတယ်။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်