သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာတာကြောင့် CDF-Kanpetlet တပ်ရင်း-၂ Vakok စခန်းစွန့်လွတ်ရ

စစ်ကောင်စီတပ်တွေက ဇွန်လ ၁၀ ရက် မနက်ပိုင်းတွင် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာတာကြောင့် CDF-Kanpetlet တပ်ရင်း-၂ Vakok စခန်းစွန့်လွတ်ရတယ်လို့ ကန်ပလက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းပြန်ကြားရေးအဖွဲ့က ဇွန်လ ၁၀ ရက်က သတင်း ထုတ်ပြန်ထားပါတယ်။

သာလွန်အင်အားဖြင့် စစ်ကြောင်း ထိုးလာသော စစ်တပ်ကို CDF-Kanpetlet က ပြန်လည်ခုခံတိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ကန်ပလက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုတိုက်ပွဲတွင် CDF-Kanpetlet ဘက်မှလည်း ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ သာလွန်အင်အားဖြင့် စစ်ကြောင်း ထိုးလာသော စကစ ကြောင့် CDF-Kanpetlet ၏ တပ်ရင်း (၂) Vakok စခန်းကို လက်လွှတ်လိုက်ရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီနှစ်နွေရာသီကလည်း လက်နက်အင်အားချင်းမမျှလို့ CDF-Kanpetlet စခန်းတစ်ခုကို စွန့်လွတ်ခဲ့ဖူးပါတယ်။

Zawgyi







နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်