သားသမီး ၃ ယောက်ကို သေဆုံးတဲ့အထိ ရိုက်နှက်မှုကြောင့် ထိုင်းအမျိုးသားတရားစွဲခံရ

Willings

၂၆၊ စက်တင်ဘာလ၊၂၀၂၃

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ ၂ နှစ်အရွယ် သမီးလေးနဲ့ မွေးကင်းစ သားလေး ၂ ဦးကိုသေဆုံးတဲ့အထိ ရိုက်တာကြောင့် ရဲတပ်ဖွဲ့က တရားစွဲမှုခံရပါတယ်။

တရားခံဖြစ်သူ ဆုန်ဆပ်ဆုန်ဆဲန်က အရင်မိန်းမနဲ့ ရခဲ့တဲ့ သားလေး ၂ ဦးကို သေတဲ့အထိ ရိုက်နှက်လိုက်တာဖြစ်ပါတယ်။ အိမ်ရဲ့ မီးဖိုချောင်ကြမ်းပြင်မှာ သမီးလေးကို မြေမြှုပ်ခဲ့တဲ့ အကြောင်း ပြီးခဲ့တဲ့အပတ်တွင် ရဲများက တွေ့ရှိပြီးနောက် အခုလို တရားစွဲခံလိုက်ရတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ ဆုန်ဆက်ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူတစ်ယောက်ဖြစ်တယ် လို့လည်း ပြောပါတယ်။ သူကတော့ ကလေးတွေရဲ့ ငိုသံကို သည်းမခံနိုင်တာကြောင့် သတ်လိုက်တာလို့ ဆိုပါတယ်။ ဆုန်ဆက်ရဲ့ လက်ရှိအမျိုးသမီးကိုလည်း ၂ နှစ်အရွယ် သမီးလေးသေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၎င်းရဲ့ ဇနီးဟောင်းကိုလည်း သားလေး ၂ ယောက်သေဆုံးမှုအတွက် ဖမ်းဆီးထားကာ ၃ ဦးလုံးကို ရဲများက ဖမ်းဆီးထားပြီဖြစ်ပါတယ်။

ဆုန်ဆက်ကတော့ ၄ ကြိမ်အထိ အိမ်ထောင်ပြုထားသူတစ်ယောက်ဖြစ်ပါတယ်။ ဆုန်ဆက်ရဲ့ အိမ်နီးချင်းတွေရဲ့ တိုင်ကြားချက်အရ ၎င်းရဲ့ သမီး ၂ ယောက်ဖြစ်တဲ့ ၁၂ နှစ်အရွယ်နှင့် ၄ နှစ်အရွယ်တို့ဟာ အိမ်တွင်းအကြမ်းဖက်ခံရကြောင်း တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သမီးလေး ၂ ယောက်ကို အိမ်တွင် မိဘမရှိခင် ကယ်တင်နိုင်ခဲ့ပါတယ်။ ၁၂ နှစ်အရွယ် သမီးလေးရဲ့ ပြောဆိုချက်အရ ၎င်းတို့ ဖခင်ဟာ ၂ နှစ်အရွယ် သမီးကို သတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့ထံ ပြောပြခဲ့ပါတယ်။

သူကတော့ ရဲများကို ၂ နှစ်အရွယ် ညီမလေးမြှုပ်နှံထားတဲ့ နေရာကို ရှာတွေ့ရန် ရဲများကို ကူညီပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆုန်ဆက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်တုန်းကလည်း ၎င်းရဲ့ တတိယမြောက် မိန်းမမွေးတဲ့ ကလေး ၂ ယောက်ကို သတ်ဖြတ်မှုကြောင့် ရဲများက ထပ်မံ တရားစွဲလိုက်ပါတယ်။ တတိယမြောက် မိန်းမကတော့ ဆုန်ဆက်ဟာ သူ့တို့ရဲ့ ကလေး ၄ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ရဲများကို တိုင်ကြားခဲ့ပြီး ဘယ်မှာ မြေမြှုပ်ခဲ့သလဲဆိုတာကိုလည်း ရဲများကို ပြောပြပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်