သိုင်းငင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် ၄ ဦးကျဆုံး၊ စစ်ကောင်စီလက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ စစ်ကောင်စီ ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုဖြစ်တဲ့ CDF CDM SIYIN, PDF Zoland, ME B5, CNDF, TCDF, KKG B7, PDA နဲ့ PDF Kalay, S2 အဖွဲ့ များမှ ယနေ့ ဇူလိုင် ၁၁ ရက် မနက် ၅ နာရီခွဲကနေ နေ့လည် ၁၂ နာရီထိဝင်ရောက်တိုက်ခိုက် စီးနင်းတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီဘက် အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ CDF CDM SIYIN ကထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က တိုက်လေယာဉ် ၃ စင်းဖြင့် မနက်ပိုင်းတွင် ဗုံး ၁၈ လုံးနဲ့ စက်သေနတ်များဖြင့် လာရောက်ပစ်ခတ်သွားပါတယ်။ ကလေးမြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူပေးခဲ့ပါတယ်။

CDF CDM SIYIN ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဘက်က ဒရုန်းတစ်စီး Jumper မိတော့ ဆုံးရှုံးသွားတယ်။ ကျနော်တို့ရဲဘော်တွေ စခန်းထဲထိဝင်နိုင်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း သုံးပုံနှစ်ပုံလောက်သေဆုံးတယ်လို့သိရတယ်။ ကျနော်တို့ကို မတိုက်နိုင်တော့ ကလေးမြို့နဲ့ တီးတိန်မြို့ကို စစ်ကူတောင်းတယ်။ ဒါပေမယ့် ကလေးမြို့ကနေတက်လာတဲ့ ကား ၅စီးကို ၉ မိုင်ခိုင်ကမ်းဂိတ်မကျော်ခင်မှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ Kalay PDF ဘက်က မိုင်းခွဲတိုက်ခိုက်တဲ့ခါမှာ ကား ၃ စီးကလုံးဝထိခိုက်တော့ တောင်ပေါ်ဘက် ဆက်မတက်နိုင်တော့ဘူး။ အဲ့တော့ တီးတိန်ဘက်က စစ်ကူတွေလည်း ဆက်မသွားတော့ဘဲ မြို့ထဲမှာပဲ နေရာယူကြတယ်။ မြေပြင်ကနေ စစ်ကူမလာနိုင်တော့တဲ့ခါမှာ မန္တလေး လေတပ်စခန်းကနေ ၈း၄၅ မှာတစ်စင်း၊ ၉း၄၅ မိနစ်မှာတစ်စင်း ကျနော်တို့ကိုတိုက်ခိုက်ခဲ့တယ်။ သိုင်းငင်းစခန်းထဲမှာ ရောက်တဲ့ ရဲဘော်တချို့ကျဆုံးတယ်။ ခုထိ အလောင်းတစ်လောင်းပဲရသေးတယ်။ လေယာဉ်ကနေပစ်တဲ့ ဗုံးတွေက ကျနော်တို့ကိုမထိပါဘူး”လို့ပြောပါတယ်။

Zalen ad

ချင်းကာကွယ်ရေးတပ်ပေါင်းစုမှ CDF-KKG ရဲဘော်တစ်ဦး၊ CDF CDM Siyin ရဲဘော်တစ်ဦး၊ PDF Zoland ရဲဘော်တစ်ဦး၊ Kalay PDF ရဲဘော်တစ်ဦး စုစုပေါင်း ၄ ဦးက အသက်စွန့်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်