သီးမစ် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး (CNA) ရဲဘော်တစ်ဦးကျဆုံး

ချင်းပြည်နယ်၊ဟားခါးမြို့နယ် သီးမစ်(Timit)ချောင်းမှာ ယမန် ဧပြီလ ၂၆ ရက်တွင် ချင်းအမျိုးသားတပ်ဦး (CAN)နှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားရာ CNA ရဲဘော် ဆလိုင်းဂျွန်စမစ် (Salai John Smith) ကျဆုံးတယ်လို့သတင်းရရှိပါတယ်။

ရဲဘော် ၂ဦးဒဏ်ရာရရှိတယ်လို့သိရတယ်။ ဟားခါးကနေ ထန်တလန်မြို့ကားလမ်းပေါ်မှာရှိတဲ့ သီးမစ်ချောင်းဝန်းကျင်က စစ်ကောင်စီ ကင်းစခန်းများသွားရောက်တိုက်ခိုက်စဉ်အခုလို ကျဆုံးသွားတာဖြစ်ပါတယ်။

သီးမစ်ချောင်းတွင် စစ်ကောင်စီကင်းစခန်း ၃ ခုရှိတဲ့အနက် စခန်း ၂ ခုကို CAN က မနေ့ကသိမ်းပိုက်နိုင်ခဲ့တယ်။ ဧပြီ ၂၇ ရက်မနက် ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားတဲ့နေရာပေါ် ဂျက်လေယာဉ်တစ်စီးက ဗုံး ၂ လုံးကြဲချခဲ့ပါတယ်။

ဒါ့ပြင် ဧပြီလ ၂၆ ရက် ညနေ ပိုင်းတွင်လည်း ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင်အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသခံပူးပေါင်းကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပွားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်