သူရဲကောင်းတွေမှာရှိတဲ့ အမှတ်အသား

အလွတ်တန်းသတင်းထောက်-ဝတ်ရည်ကိုကိုရေးသည်။

သစ်ပင်၊ဝါးပင်လေးတွေအစီစီအရီရီပေါက်နေပြီးအင်ဖက်တွေမိုးထားတဲ့​၊တဲငယ်​လေးတခုအောက်မှာသေလောက်တဲ့အမာရွက်တွေနဲ့အိပ်ယာထဲ လဲလျှောင်းနေရသူကတော့ ကိုမောင်စည်ဖြစ်ပါတယ်။ သူကတော့ အသက်သုံးဆယ့်ရှစ်နှစ်ခန့်အရွယ်ဖြစ်ပြီးတော့၊မြန်မာနိုင်ငံမှာစစ်ကောင်စီကိုပထမ​ဆုံးလက်နက်စွဲကိုင်ခုခံတော်လှန်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း ရေရှင်ကျေးရွာကတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးပါ။ သူရဲ့သေလောက်​တဲ့အမာရွက်တွေကိုတော့ ၂၀၂၂ ၊ဇန်နဝါရီ၁၅ရက်နေ့ ရေရှင်ကျေးရွာအနီးက ညတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးလာမယ့်လမ်းကြောင်းကိုမိုင်းထောင်ဖို့ သွားရောက်စဥ်၊ မိုင်းမတော်တဆပေါက်ပွဲပြီးတော့ ခါးနဲ့ခြေထောက်တွေမှာမိုင်းစထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။  

မိုင်းစဟာခါးအတွင်းနဲ့ခြေထောက်တွေမှာဖောက်ဝင်ဒဏ်ရာရရှိခဲ့ပုံနဲ့ပတ်သက်ပြီးကိုမောင်စည်က ” မိုင်းကြိုးကိုတိုက်မိတဲ့တပြိုင်နက်၊​နောက်ကျောကိုဝင်တာကနောက်ဆုံစို့ကို တပ်ရိုက်သွင်းသလိုမှန်တဲ့အချိန်မှာကျနော်လွင့်သွားတယ်။ နှစ်ယောက်သွားတဲ့အချိန်မှာ တယောက်ကိုလှမ်းခေါ်ရတယ်။ နောက်ကျောကိုတည့်တည့်ပါဗျာ။ နောက်ကျောကိုတည့်တည့်မှန်ပြီးနေရာတင်ပဲပုံလဲသွားတယ်” သူဟာ ဒီလိုမိုင်းစ ခါးနောက်ကျောနဲ့ခြေထောက်ကို ထိမှန် ပြီးအဝေးကြီးကိုလွင့်သွားတယ်လို့သူကပြောပါတယ်။ အဲ့ဒီနောက်မှာတော့ ဒေသခံတွေအကူအညီနဲ့နေအိမ်ကိုပြန်ရောက်လာခဲ့တာပါ။ ဒီလိုဒဏ်ရာရတဲ့အချိန်ကစပြီးယနေ့ အချိန်တစ်နှစ်ကျော်တဲ့အထိ၊ ခါးအောက်ပိုင်းသေသွားပြီးတော့ ဒုက္ခိတဘဝရောက်ကာ၊ အပေါ့အလေးသွားတာ​တောင်မသိတော့ဘဲ ကိုက်ခဲ၊နာကျင်တဲ့ဒဏ်ကိုအဆက်အပြတ်ခံစားနေရတယ်လို့ သူကပြောပါတယ်။

 လမ်းလျှောက်လို့မရဘဲဝေဒနာခံစားရပုံနဲ့ပတ်သက်ပြီး ကိုမောင်စည်က “ခါးအောက်ပိုင်းကကျင်တာ၊ကိုက်တာ၊ခြေကျင်တဲ့ပုံစံမျိုးပဲ ခါးအောက်ကိုအဲ့လိုခံစားရတယ်။ထိုင်သာထိုင်နေရတာ နာကျင်ကိုက်ခဲမှုကတော့ အမြဲတမ်းခံစားနေရတယ်။မနေနိုင်မထိုင်နိုင်အောင်ကိုက်တာနဲ့ နေနိင်ထိုင်နိုင်အောင်ကိုက်တာနဲ့အဲ့လိုပဲကွာဟမှုရှိတာ၊နာကျင်ကိုက်ခဲတာကတော့အမြဲခံစားနေရတယ်”

 ကိုမောင်စည်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးအပါအဝင် မိသားစုဝင်လေးယောက်ရှိပါတယ်။သူဟာတောင်သူလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုသူပါ။ လက်ရှိမှာတော့ ဒဏ်ရာနဲ့ ဒုက္ခိတဘဝရောက်နေတာကြောင့် အလုပ်မလုပ်နိုင်တော့ဘဲ မိသားစုကူညီရမှသာ အိပ်ယာကထနိုင်တော့တာဖြစ်ပါတယ်။ ဒါအပြင် နေအိမ်ကလဲ မီးရှို့ခံထားရတာကြောင့် စစ်ရှောင်တဲမှာနေထိုင်နေရတာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ဆေးဝါးကုသဖို့ ငွေကြေးမရှိသလို ​မိသားစုစားသောက်ဖို့အတွက်ပါခက်ခဲနေတာကြောင့် တပူပေါ်နှစ်ပူဆင့်ဖြစ်နေရတယ်လို့ ဇနီးဖြစ်သူမစံသိုက်ကပြောပါတယ်။

ခင်ပွန်းဖြစ်သူဆေးဝါးကုဖို့အတွက်နဲ့ပတ်သက်ပြီးမစံသိုက်ပြောတာက ” ဆေးဝါးကုသဖို့ ကိုယ်မှာလဲငွေမရှိသလို၊ ထောက်ပံ့တာလေးနဲ့သွားရလာရတာနဲ့ သွားလဲမသွားရဘူး။ ဆေးကုသမှုလဲမခံရဘူး။ ကိုယ့်မှာအိမ်ရှိတာလဲပျက်ကုန်ပြီးပြီ ဆိုတော့ဘာမှလဲရောင်းချစားသောက်ဖို့ကလဲ မရတော့ဘူးဆိုတော့”

 ဒီလိုဒဏ်ရာရပြီး အိပ်ယာထဲ လဲနေတာကြောင့် ဒဏ်ရာသက်ပျောက်ကင်းစေချင်တယ်လို့ သူ့ဇနီးဖြစ်သူကဆက်ပြောပါတယ်။ ကလေး​မြို့မှာတော့ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီကလက်နက်ကြီး၊ လက်နက်ငယ်နဲ့ရမ်းသမ်းပစ်ခတ်လို့ ဒုက္ခိတဖြစ်သွားတဲ့အရပ်သား၂၀ခန့်ရှိပြီးတော့ ၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ မိုင်းမတော်ဆတနဲ့စစ်ကောင်စီလက်နက်ကြီး၊ လက်နက်ငယ်ကြောင့်ဒုက္ခိတဖြစ်သူ ၁၅ဦးကျော်ခန့်ရှိတယ်လို့အကူအညီပေးသူတွေကပြောပါတယ်။ လက်ရှိမှာလဲ အာဏာသိမ်းထားတဲ့စစ်တပ်နဲ့ဒေသကာကွယ်ရေးတပ်တွေ မကြာခဏတိုက်ပွဲ ဖြစ်နေတာကြောင့် ဒုက္ခိတဖြစ်သူတိုးလာနေတယ်လို့အကူအညီပေးသူတွေကပြောပါတယ်။ အိပ်ယာထဲမှာ မိသားစုအကူအညီနဲ့ထရင်းကိုမောင်စည်ပြောတာက ဒဏ်ရာ၊ဒဏ်ချက်တွေဆိုတာ တိုက်ပွဲတွေမှာတွေ့ရလေ့ရတဲ့အမှတ်အသားတခုဖြစ်ပြီး​တော့ သူရဲကောင်းတွေရဲ့အမှတ်သားဖြစ်တယ်လို့ဆိုပါတယ်။အနားယူရင်းသူက “ကျန်းမာချင်တယ်၊ကျနော်တို့တိုင်းပြည်ကိုလွတ်လွတ်လပ်လပ်ဖြစ်စေချင်တယ်”

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်