ဟားခါးတွင် အနိမ့်ဆုံးအပူချိန် အနုတ် ၅ ဒသမ ၀ ဒီဂရီစင်တီဂရိတ်ထိရောက်ရှိ

ချင်းပြည်နယ် ဟားခါးမြို့တွင် ဒီမနက် ၉ နာရီခွဲအချိန်တွင် အနိမ့်ဆုံးအပူချိန် အနုတ် ၅ ဒသမ ၀ ဒီဂရီစင်တီဂရိတ်ထိရောက် ရှိတယ်လို့ ပြည်နယ် မိုးဇ၊လရုံးမှသတင်းရရှိပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလရဲ့ အအေးဆုံး စံချိန်ကိုတော့ မရောက်သေးပါ။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် အနုတ် ၆ ဒသမ ၀ ဒီဂရီစင်တီဂရိတ်ထိရောက်ခဲ့ဖူးပါတယ်။

ချင်းပြည်နယ် မိုးဇ၊လဌာနမှူး ဦးခုပ်ကန်ကျင်က “ဟားခါးမှာတော့ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလက ပိုအေးတတ်တယ်။ ဒီမနက်တော့ ရေငွေ့ပြန်တိုင်းတဲ့ ဇလားထဲကရေတွေတောင်အကုန်ခဲတယ်။ မနက် ၁၁ နာရီထိ တော်တော်အေးသေးတယ်။ အိမ်ထဲကရေတွေတောင်ခဲတယ်။ ကျနော်တို့ အနေကြာတဲ့သူတွေကတော့ နေသားကျပြီ။ ဒါပေမယ့် ပြည်မဘက်ကနေ ရောက်လာတဲ့သူတွေတွက်တော့ အေးမှာ။ အခုက ဟံမင်္ဝတောင်ကနေ အရှေ့ဘက်ကို ဆင်းလာတဲ့လေအေးတွေရဲ့အကျိုးဆက်ကြောင့်အေးတာပါ” လို့ပြောပါတယ်။

အနုတ် ၅ ဒီဂရီစင်တီဂရိတ် အောက်ရောက်ဖူးတဲ့နှစ်တွေကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်မှာ အနုတ် ၅ ဒီဂရီစင်တီဂရိတ်၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်မှာ အနုတ် ၆ ဒီဂရီစင်တီဂရိတ် တွေရောက်ခဲ့ဖူးပါတယ်။

(Zawgyi)

ဟားခါးတြင္ အနိမ့္ဆုံးအပူခ်ိန္ အႏုတ္ ၅ ဒသမ ၀ ဒီဂရီစင္တီဂရိတ္ထိေရာက္ရွိ

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ ဒီမနက္ ၉ နာရီခြဲအခ်ိန္တြင္ အနိမ့္ဆုံးအပူခ်ိန္ အႏုတ္ ၅ ဒသမ ၀ ဒီဂရီစင္တီဂရိတ္ထိေရာက္ ရွိတယ္လို႔ ျပည္နယ္ မိုးဇ၊လ႐ုံးမွသတင္းရရွိပါတယ္။

ဒါေပမယ့္ ေဖေဖာ္ဝါရီလရဲ႕ အေအးဆုံး စံခ်ိန္ကိုေတာ့ မေရာက္ေသးပါ။ ၂၀၀၈ ခုႏွစ္ ေဖေဖာ္ဝါရီလ (၃)ရက္ေန႔တြင္ အႏုတ္ ၆ ဒသမ ၀ ဒီဂရီစင္တီဂရိတ္ထိေရာက္ခဲ့ဖူးပါတယ္။

ခ်င္းျပည္နယ္ မိုးဇ၊လဌာနမႉး ဦးခုပ္ကန္က်င္က “ဟားခါးမွာေတာ့ ဒီဇင္ဘာလနဲ႔ ေဖေဖာ္ဝါရီလက ပိုေအးတတ္တယ္။ ဒီမနက္ေတာ့ ေရေငြ႕ျပန္တိုင္းတဲ့ ဇလားထဲကေရေတြေတာင္အကုန္ခဲတယ္။ မနက္ ၁၁ နာရီထိ ေတာ္ေတာ္ေအးေသးတယ္။ အိမ္ထဲကေရေတြေတာင္ခဲတယ္။ က်ေနာ္တို႔ အေနၾကာတဲ့သူေတြကေတာ့ ေနသားက်ၿပီ။ ဒါေပမယ့္ ျပည္မဘက္ကေန ေရာက္လာတဲ့သူေတြတြက္ေတာ့ ေအးမွာ။ အခုက ဟံမဝၤေတာင္ကေန အေရွ႕ဘက္ကို ဆင္းလာတဲ့ေလေအးေတြရဲ႕အက်ိဳးဆက္ေၾကာင့္ေအးတာပါ” လို႔ေျပာပါတယ္။

အႏုတ္ ၅ ဒီဂရီစင္တီဂရိတ္ ေအာက္ေရာက္ဖူးတဲ့ႏွစ္ေတြကေတာ့ ၂၀၁၁ ခုႏွစ္ ဒီဇင္ဘာလ (၃၁)ရက္မွာ အႏုတ္ ၅ ဒီဂရီစင္တီဂရိတ္၊ ၁၉၉၈ ခုႏွစ္ ဒီဇင္ဘာလ (၃၀)ရက္မွာ အႏုတ္ ၆ ဒီဂရီစင္တီဂရိတ္ ေတြေရာက္ခဲ့ဖူးပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်