ဟားခါးနဲ့ ဖလမ်းမြို့နယ် အစပ်မှာ CDF-Hakha နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်းကျူံးရွာနဲ့ ဖလမ်းမြို့နယ် ဒုတ်ထစ် (Dokthek khua) ကျေးရွာကြားမှာ ယနေ့ မေ ၃ ရက် ညနေ ၄ နာရီခွဲလောက်က CDF-Hakha နဲ့ စစ်ကောင်စီတပ်တို့ ၁၀ မိနစ်ကြာတိုက်ပွဲဖြစ်ပွားတယ်လို့ သတင်းရရှိပါတယ်။

CDF ရဲဘော်တစ်ဦးက “မိုးရွာနေတော့ သူတို့စုပြီးနေတဲ့ချိန်မှာ ပစ်ကြတာ ၁၃ ယောက်လောက်ကတော့ မသာပေါ်သွားမှာသေချာတယ်” လို့ပြောပါတယ်။

စစ်ကား ၂၀ ကျော်နဲ့ သံချပ်ကာ ၂စီးပါတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းဟာ မေလ ၂ ရက်နေ့ မနက်ပိုင်းက ဟားခါးမြို့ကနေ ဖလမ်းဘက်သို့ထွက်ခွာလာကြပါတယ်။

၎င်းတို့ယာဉ်တန်းပေါ်တွင် အမျိုးသမီးတွေနဲ့ ဖမ်းဆီးခံ CDF ရဲဘော် ၈ ဦးအပါအဝင် အကျဉ်းသား ၁၈ ဦးလည်း တင်ဆောင်လာတယ်လို့သိရတယ်။

မတ်လ ၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဒုတ်ထစ်ကျေးရွာကို ဝင်ရောက်မီးရှို့လို့ လူနေအိမ် ၁၉ လုံးမီးရှို့ကာ အိမ် ၅လုံးကို လက်နက်ကြီးနဲ့ပစ်ခတ်ဖြတ်ဆီးကြပါတယ်။

Zawgyi

ဟားခါးနဲ႔ ဖလမ္းၿမိဳ႕နယ္ အစပ္မွာ CDF-Hakha နဲ႔ စစ္ေကာင္စီတပ္တို႔တိုက္ပြဲျဖစ္ပြား

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္ ခြၽန္းက်ဴံး႐ြာနဲ႔ ဖလမ္းၿမိဳ႕နယ္ ဒုတ္ထစ္ (Dokthek khua) ေက်း႐ြာၾကားမွာ ယေန႔ ေမ ၃ ရက္ ညေန ၄ နာရီခြဲေလာက္က CDF-Hakha နဲ႔ စစ္ေကာင္စီတပ္တို႔ ၁၀ မိနစ္ၾကာတိုက္ပြဲျဖစ္ပြားတယ္လို႔ သတင္းရရွိပါတယ္။

CDF ရဲေဘာ္တစ္ဦးက “မိုး႐ြာေနေတာ့ သူတို႔စုၿပီးေနတဲ့ခ်ိန္မွာ ပစ္ၾကတာ ၁၃ ေယာက္ေလာက္ကေတာ့ မသာေပၚသြားမွာေသခ်ာတယ္” လို႔ေျပာပါတယ္။

စစ္ကား ၂၀ ေက်ာ္နဲ႔ သံခ်ပ္ကာ ၂စီးပါတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ယာဥ္တန္းဟာ ေမလ ၂ ရက္ေန႔ မနက္ပိုင္းက ဟားခါးၿမိဳ႕ကေန ဖလမ္းဘက္သို႔ထြက္ခြာလာၾကပါတယ္။

၎တို႔ယာဥ္တန္းေပၚတြင္ အမ်ိဳးသမီးေတြနဲ႔ ဖမ္းဆီးခံ CDF ရဲေဘာ္ ၈ ဦးအပါအဝင္ အက်ဥ္းသား ၁၈ ဦးလည္း တင္ေဆာင္လာတယ္လို႔သိရတယ္။

မတ္လ ၂ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ဒုတ္ထစ္ေက်း႐ြာကို ဝင္ေရာက္မီးရႈိ႕လို႔ လူေနအိမ္ ၁၉ လုံးမီးရႈိ႕ကာ အိမ္ ၅လုံးကို လက္နက္ႀကီးနဲ႔ပစ္ခတ္ျဖတ္ဆီးၾကပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်