ဟားခါးမြို့ ကားကြီးဝန်းအသစ် ဖွင့်လှစ်

ဟားခါးမြို့မှာ Chin Public Company က Developer အနေနဲ့တည်ဆောက်ထားတဲ့ ဟားခါး ကားကြီးဝန်းကို ဇန်နဝါရီလ (၄)ရက်တွင် ဖွင့်လှစ်ပါတယ်။

ကားကြီးဝန်းဟာ ဟားခါးမှ မတူပီဘက်သွားတဲ့ကားလမ်းဘေးတွင်ရှိပြီး ယင်းနေရာတွင် ခရီးသည်တင်ကားများနဲ့ ကုန်တင်ကားများရပ်နားနိုင်ပါတယ်။

Chin Public Company ဥက္ကဌ ဒေါက်တာရွှေဟိန်းက “ကားဂိတ် အခန်းတွေအကုန်လုံး ရောင်းချလိုက်ပြီ။ ကုန်ပစ္စည်းတွေထားတဲ့ဂိတ်မှာ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေဖွင့်ချင်တဲ့သူတွေအတွက် အခန်းလာဝယ်လို့ရပါသေးတယ်။ ဒီလ ဇန်နဝါရီ (၁၅)ရက်အထိ တစ်ခန်းမှာ သိန်း ၂၂၀ ဖြစ်မယ်။ ဇန်နဝါရီလ (၁၅)ရက်နောက်ပိုင်းတော့ အခန်းဈေး တက်သွားမယ်” လို့ပြောပါတယ်။

ယင်းကားကြီးဂိတ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ကျပ်သိန်း ၁၅,၀၀၀ အကုန်အကျခံကာ စတင်တည်ဆောက်တာဖြစ်ပါတယ်။

Chin Public Company ဟာ ဖလမ်းဈေး နဲ့ တီးတိန်ဈေးတွေကို Developer အနေနဲ့တည်ဆောက်ဖို့ ရရှိထားပါတယ်။

၂၀၁၇ ခုနှစ် တွင် ထန်တလန်မြိ့မှာ ကားလေးဝန်းကို ဖွင့်လှစ်ထားပြီး လက်ရှိ ပလက်ဝ နဲ့ ဖလမ်းမြို့တွင် ကားလေးဝန်းတည်ဆောက်ဖို့ အစိုးရကစီစဉ်နေပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်