ဟားခါးမြို့ ဘက်စုံသားဖွားသင်တန်းကျောင်းကို မနက်ဖြန် ဒုသမ္မတဖွင့်လှစ်မယ်

ချင်းပြည်နယ်ရဲ့ ပထမဆုံး ဘက်စုံသားဖွားသင်တန်းကျောင်းကို မနက်ဖြန် နံနက် (၉)နာရီ ခွဲတွင် ဒုသမ္မတဦးဟင်နရီဗန်ထီးယိုက ဖွင့်လှစ်သွားမယ်လို့သတင်းရရှိပါတယ်။

ဘက်စုံ သားဖွားသင်တန်းကျောင်းဟာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၇၃ ဒသမ ၂၀၀)ချပေးထားပြီး ဟားခါးကောလိပ်အနီး (၂၃)ဧက အကျယ်အဝန်းတွင် တည်ဆောက်ထားတာပါ။

သင်တန်းသူဦးရေကို ယခင်က တစ်နှစ်ကို သင်တန်းသူ (၅၀)ခန့်လက်ခံဖို့စဉ်စီထားပါပေမယ့် နေရာ နဲ့ ဆရာ၊မ အခက်အခဲကြောင့် သင်တန်းသူ (၃၂)သာ လက်ခံထားကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကဆိုပါတယ်။

ဝန်ကြီး ဦးပေါင်လွန်မင်းထန်က “လက်ခံတဲ့ဦးရေက ပြည်ထောင်စု ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနက ခွဲတမ်းချထားတာပါ။ ဆရာ၊မ အဆောင်ကတော့ မပြီးသေးဘူး။ မြို့ထဲမှာအိပ်ပြီး ကြို၊ ပို့လုပ်ပေးရမယ်။ ကျောင်းအုပ်လည်း ခန့်ထားပြီ”လို့ပြောပါတယ်။

ဘက်စုံသားဖွားသင်တန်းကျောင်းတက်ရောက်ခွင့်ရသူများမှာ တီးတိန်မြို့နယ်မှ (၇)ယောက်၊ ခိုင်ကမ်းမြို့မှ ၁ ယောက်၊ ဟားခါးမြို့နယ်မှ ၃ယောက်၊ မင်းတပ်မြို့နယ်မှ ၆ ယောက်၊ တွန်းဇန်မြို့နယ်မှ ၃ ယောက်၊ ထီးလင်းမြို့နယ်မှ ၁ ယောက်၊ ဖလမ်းမြို့နယ်မှ ၁ ယောက်၊ မတူပီမြို့နယ်မှ ၆ ယောက်၊ လိုင်လင်းပီမြို့မှ ၁ ယောက်၊ ကန်ပက်လက်မြို့နယ်မှ ၁ ယောက် နဲ့ ထန်တလန်မြို့နယ်မှ ၁ ယောက် စသည်တို့ဖြစ်ပါတယ်။

ယင်းသင်တန်းဟာ (၂)နှစ်သင်တန်းဖြစ်ပြီး ဒီပလိုမာပေးအပ်မှာဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ သားဖွား ဆရာ၊ မလိုအပ်ချက်က ၅၀၀ ကျော်ရှိပါတယ်။

(Zawgyi)

ဟားခါးၿမိဳ႕ ဘက္စုံသားဖြားသင္တန္းေက်ာင္းကို မနက္ျဖန္ ဒုသမၼတဖြင့္လွစ္မယ္

ခ်င္းျပည္နယ္ရဲ႕ ပထမဆုံး ဘက္စုံသားဖြားသင္တန္းေက်ာင္းကို မနက္ျဖန္ နံနက္ (၉)နာရီ ခြဲတြင္ ဒုသမၼတဦးဟင္နရီဗန္ထီးယိုက ဖြင့္လွစ္သြားမယ္လို႔သတင္းရရွိပါတယ္။

ဘက္စုံ သားဖြားသင္တန္းေက်ာင္းဟာ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စုခြင့္ျပဳရန္ပုံေငြ က်ပ္သန္း (၉၇၃ ဒသမ ၂၀၀)ခ်ေပးထားၿပီး ဟားခါးေကာလိပ္အနီး (၂၃)ဧက အက်ယ္အဝန္းတြင္ တည္ေဆာက္ထားတာပါ။

သင္တန္းသူဦးေရကို ယခင္က တစ္ႏွစ္ကို သင္တန္းသူ (၅၀)ခန႔္လက္ခံဖို႔စဥ္စီထားပါေပမယ့္ ေနရာ နဲ႔ ဆရာ၊မ အခက္အခဲေၾကာင့္ သင္တန္းသူ (၃၂)သာ လက္ခံထားေၾကာင္း ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ကဆိုပါတယ္။

ဝန္ႀကီး ဦးေပါင္လြန္မင္းထန္က “လက္ခံတဲ့ဦးေရက ျပည္ေထာင္စု က်န္းမာေရး ႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဌာနက ခြဲတမ္းခ်ထားတာပါ။ ဆရာ၊မ အေဆာင္ကေတာ့ မၿပီးေသးဘူး။ ၿမိဳ႕ထဲမွာအိပ္ၿပီး ႀကိဳ၊ ပို႔လုပ္ေပးရမယ္။ ေက်ာင္းအုပ္လည္း ခန႔္ထားၿပီ”လို႔ေျပာပါတယ္။

ဘက္စုံသားဖြားသင္တန္းေက်ာင္းတက္ေရာက္ခြင့္ရသူမ်ားမွာ တီးတိန္ၿမိဳ႕နယ္မွ (၇)ေယာက္၊ ခိုင္ကမ္းၿမိဳ႕မွ ၁ ေယာက္၊ ဟားခါးၿမိဳ႕နယ္မွ ၃ေယာက္၊ မင္းတပ္ၿမိဳ႕နယ္မွ ၆ ေယာက္၊ တြန္းဇန္ၿမိဳ႕နယ္မွ ၃ ေယာက္၊ ထီးလင္းၿမိဳ႕နယ္မွ ၁ ေယာက္၊ ဖလမ္းၿမိဳ႕နယ္မွ ၁ ေယာက္၊ မတူပီၿမိဳ႕နယ္မွ ၆ ေယာက္၊ လိုင္လင္းပီၿမိဳ႕မွ ၁ ေယာက္၊ ကန္ပက္လက္ၿမိဳ႕နယ္မွ ၁ ေယာက္ နဲ႔ ထန္တလန္ၿမိဳ႕နယ္မွ ၁ ေယာက္ စသည္တို႔ျဖစ္ပါတယ္။

ယင္းသင္တန္းဟာ (၂)ႏွစ္သင္တန္းျဖစ္ၿပီး ဒီပလိုမာေပးအပ္မွာျဖစ္ပါတယ္။ လက္ရွိ ခ်င္းျပည္နယ္မွာ သားဖြား ဆရာ၊ မလိုအပ္ခ်က္က ၅၀၀ ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်