ဟားခါးမြို့ရှိကျူးကျော်နေအိမ်များ ၃လအတွင်းမဖြတ်သိမ်းပါက အစိုးရကဖြတ်သိမ်းမယ်လို့သတိပေး

 

 

ဟားခါးမြို့ရှိကျူးကျော်နေအိမ်များ ၃လအတွင်းမဖြတ်သိမ်းပါက အစိုးရကဖြတ်သိမ်းမယ်လို့သတိပေး

ဟားခါးမြို့သစ် စီမံကိန်းဧရိယာတွင် ကျူးကျော်ဆောက်လုပ်ထားတဲ့ လူနေအိမ် ၁၃၀ကို သြဂုတ်လအတွင်းမဖြတ်သိမ်းပါက ပြည်နယ်အစိုးရကဖြတ်သိမ်းမယ်လို့ သတိပေးစာထုတ်ပြန်ပါတယ်။

ပြည်နယ်စည်ပင်သာယာရေးကော်မတီညွှန်ကြားရေးမှူး ဦးဟလွန်စဝုန်(Pu Hlawn Sa Vung) က “သတိပေးစာကို ဇွန်လကတည်းက ဒေသထွက်သတင်းစာတွေကနေ မြို့နယ်စည်ပင်ကထုတ်ပြန်ထားပြီ။ အခု မြို့နယ် စည်ပင်က မဖြတ်သိမ်းထားတဲ့ကျူးကျော်တွေကို ဖြတ်သိမ်းဖို့သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေနဲ့ပြင်ဆင်နေတယ်။ စက်ကြီး ၅ လုံး၊ ရဲတွေပါမယ်။ အစိုးရစီမံကိန်းမစခင် အဲ့ဒီနေရာမှာ အိမ် ၈ လုံးပဲရှိတယ်။ အစိုးရစီမံကိန်းလည်းစရော အစိုးရလမ်းဖောက်ထားတဲ့နေရာမှာ မီးဖိုချောင်အရွယ်အိမ်လေးတွေဆောက်လာကြတယ်။ ဒါကြောင့် ထွေအုပ်ကလည်း ကျူးကျော်တွေလို့ သူတို့ကို တရားစွဲထားပြီ။ သူတို့ကတော့ ဘိုးဖွားပိုင်မြေဆိုပြီးပြောကြတယ်။ ဒါပေမယ့် အထောက်အထားဘာမှမရှိဘူး။ ပွဲစားက ၅ ယောက်ရှိတယ်။ ဝယ်တဲ့သူတွေကလည်း ထန်တလန် နဲ့ မတူပီဘက်က တောရွာကလူတွေများတယ်” လို့ပြောပါတယ်။

အစိုးရခွင့်ပြုချက်မရှိပဲ ကျူးကျော်ဆောက်လုပ်ထားတဲ့အများဆုံးနေရာကတော့ဟားခါး ဂေါက်ကွင်းအနီး ဧက ၆၀၀ ပေါ်တွင်ဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် တောင်သူလယ်သမားများအသင်း ဥက္ကဌ ဦးဟရန်ကီးလ်က “သူတို့က ကျူးကျော်လို့သတ်မှတ်ကျနော်နားမလည်ဘူး။ ဥပဒေအရ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် မူလမြေပိုင်ရှင်တွေကို ထိပ်သင့်တဲ့လျော်ကြေးပေးဆောင်ရမယ်လို့ပါတယ်။ ဒါပေမယ့် တောင်သူတွေက လျော်ကြေးငွေမရကြဘူး။ ကျနော်တို့ဘိုးဖွားပိုင်မြေပေါ်မှာ အိမ်ဆောက်ခွင့်၊ မြေဂရမ်တွေတောင်းပေမယ့် ထွေအုပ်ကမပေးဘူး။ ထွေအုပ်ရုံးမှာလည်း ကျနော်တို့ စာတင်ထားတာပုံနေတယ်။ အစိုးရက ကျူးကျော်လို့သတ်မှတ်ထားတဲ့မြေတွေထဲမှာ မရာနှစ်ခြင်းအသင်းတော်က ပိုင်ထားတဲ့ မြေ ၇ ဧကလည်းပါတယ်” လို့ပြောပါတယ်။

ဟားခါးမြို့ပြ ဧရိယာအတွက် ကြံခိုင်ရေးအစိုးရလက်ထက်နဲ့ ဒီချုပ်အစိုးရလက်ထက်တွင် ဧက ၂၈,၀၀၀ မြေသိမ်းတိုးချဲ့မှုအပေါ် ဒေသခံတွေက မကျေနပ်သဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်တွင် ဟားခါးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်