ဟားခါး-ဂန့်ဂေါကြားမှာကားမှောက်လို့ လူ(၅)ယောက်သေဆုံး၊ (၁၃)ဦးဒဏ်ရာရ

ဟားခါး-ဂန့်ဂေါကြားမှာကားမှောက်လို့ လူ(၅)ယောက်သေဆုံး၊ (၁၃)ဦးဒဏ်ရာရ

ကလေးမြို့ သံဖိုကျေးရွာက ဆွေမျိုးမင်္ဂဆောင်ပွဲမှအပြန် ဟားခါး-ဂန့်ဂေါကြားလမ်းမှာ ဒီနေ့ ညနေ (၂)နာရီလောက်မှာ ယာဉ်တစ်စီးမှောက်လို့ လူ(၅)ဦးသေဆုံးပြီး (၁၃)ဦးဒဏ်ရာရရှိတယ်လို့ ဟားခါးအခြေစိုက် မျှော်လင့်ခြင်းသွေးလှူရှင်အသင်းထံမှ သတင်းရရှိပါတယ်။

Photo: lungtting.com

ယာဉ်တိမ်းမှောက်တဲ့နေရာကတော့ ဟားခါးမြို့နေ (၄၁)မိုင်အကွာ လန်သုပ်ကျေးရွာအနီးတွင် ချောက်ကမ်းပါးထဲထိုးသွားတာဖြစ်ပါတယ်။
သေဆုံးသူများတွင် အသက်(၇၀)နဲ့ (၇၇)နှစ်အရွယ် လင်မယားနှစ်ယောက်လည်းပါဝင်ပြီး အားလုံးဟာ ဟားခါးမြို့နယ်ဒေသခံတွေဖြစ်ကြပါတယ်။

Photo: lungtting.com

မျှော်လင့်ခြင်းသွေးလှူရှင်အသင်းဥက္ကဌ ဦးကျူံးဟူးက “မျက်မြင်တစ်ယောက်ပြောပြတာက ကားကလမ်းလယ်ကနေ ချောက်ဘက်ကိုတည့်တည့်သွားပြီးတော့ ကျသွားတယ်တဲ့။ ကားမှောက်တဲ့နေရာက လမ်းလည်းကျယ်တယ်။ လမ်းလည်းကောင်းတယ်။ ဒဏ်ရာရသူအားလုံးက စိုးရိမ်ရတဲ့အခြေအနေတော့မရှိကြဘူး။ ဒါပေမယ့် လက်ကျိုး၊ ခြေကျိုးတဲ့သူတွေတော့ရှိတယ်”လို့ပြောပါတယ်။

၎င်းတို့စီးလာတဲ့ကားဟာ စကပ်ကားဖြစ်ပြီး ကားပေါ်တွင် လူ(၂၁)ယောက်လိုက်ပါကြတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်