ဟားခါး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ရေး ၇၅ ရာခိုင်နှုန်း ပြီးပြီ

ဟားခါးတက္ကသိုလ်မှာ တည်ဆောက်နေတဲ့ ဘွဲ့နှင်းသဘင်ခန်းမဟာ ဒီနှစ် ဒီဇင်ဘာလမှာအပြီးတည်ဆောက်ဖို့ ရည်မှန်းထားပြီး ခုချိန်မှာ ၇၅ ရာခိုင်နှုန်းတည်ဆောက်နေပြီလို့သတင်းရရှိပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ဖို့ ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်တွင် သန်း (၃၀၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သန်း ၇၂၃၀ ကျော်ချပေးခဲ့ပါတယ်။

ဟားခါးတက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်က “ဟားခါးမှာ ဒုသမ္မတလာတုန်းက ကျောင်းသားတွေက နောက်နှစ်ဆိုရင်ကျောင်းပြီးတော့မယ်။ ဒီမှာ ဘွဲ့နှင်းချင်တယ်ဆိုပြီးတင်ပြတာ။ သူကအင်ဂျင်နီယာတွေဆီမှာပြောတော့ သူတို့ကလည်း ဘတ်ဂျက်လုံလုံလောက်လောက်ရှိရင်အပြီးဆောက်နိုင်ပါတယ်ပြောလို့ သူတို့တွက်ချက်ထားတဲ့အတိုင်း ဒီနှစ်အတွင်းမှာပြီးနိုင်ဖို့ ဘတ်ဂျက်ချပေးတာ” လို့ပြောပါတယ်။

လက်ရှိတည်ဆောက်နေသော ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေးလုပ်ငန်းခွင်

ဘွဲ့နှင်းသဘင်ခန်းမဟာ ၂၀၁၈ ခုနှစ်ပွင့်လင်းရာသီတွင်စတင်တည်ဆောက်ပြီး ကိုဗစ်ကြောင့် ဒီဇင်ဘာလမှာပြီးနိုင်ဖို့ရည်မှန်းထားပါတယ်။

အဆောက်အအုံရဲ့အကျယ်အဝန်းဟာ ပေ ၂၅၀x ပေ ၂၀၈ နှစ်ထပ်ဖြစ်ပါမယ်။

ဟားခါးကောလိပ်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၉)ရက်တွင် စတင်ဖွင့်လှစ်ထားပြီး၂၀၂၀ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ကောလိပ်မှ တက္ကသိုလ်အဆင့်တိုးမြင့်ထားပါတယ်။

လက်ရှိ ဟားခါးတက္ကသိုလ်တွင် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ဓာတု၊ ရူပ၊ င်္သချာ၊ Zoology၊ Botany ဘာသာရပ်တွေသင်ကြားပေးနေပါတယ်။ ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသူ၊သား (၇၃၅)ဦး ဆရာ၊မနဲ့ ဝန်ထမ်း (၁၀၀)ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်