အင်းတော်မြို့နယ်၊မော်တိတ်ဒေသတွင် ABSDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက် အထိခိုက် အကျဆုံး ရှိ

သြဂုတ် ၂၉၊၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ အနောက်ဘက် ၈မိုင်ခန့်အကွာရှိ မော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော်(ABSDF) နှင့် စစ်ကောင်စီတပ်တို့ သြဂုတ် ၂၇၊၂၈ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက် အထိခိုက် အကျဆုံး ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ရက်အတွင်း စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ABSDF မှ တပ်သားတစ်ဦး ကျဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အထိနာလာသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အင်းတော် စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ကူများ ပေးခဲ့ကြောင်း ကာကွယ်ရေးတပ်များက ဆိုသည်။

Zalen ad

“အခုလက်ရှိတော့ မော်တိတ်ရွာအပါဝင် အနီးနားက ရွာသာယာ၊အောင်းကုန်း၊နန့်သာ၊ ပေပင်၊နန့်စင်-ကျွန်းတော စတဲ့ ရွာတွေက ပြည်သူ ခြောက်ထောင်ကျော်လောက် စစ်ဘေးရှောင်နေရပါတယ်။တိုက်ပွဲကတော့ ဆက်ဖြစ်ဦးမလား မသိသေးဘူးဗျ” ဟု စစ်ရှောင်ကူညီနေသူ ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်ကို ကျောင်းသားတပ်မတော် (ABSDF) ကလည်း ဩဂုတ် ၂၈ရက်၊၂၀၂၃ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပါသည်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်