အဆိုတော်ထွဏ်းခမ်ကို ဂီတထူးချွန်ဆု ဂုဏ်ပြုလက်မှတ်ပေးအပ်

 

အဆိုတော် ထွဏ်းခမ်ရဲ့ နာမည်ရင်းက ထန်ထွဏ်းခမ် ဖြစ်ပါတယ်

အဆိုတော်ထွဏ်းခမ်ကို ဂီတထူးချွန်ဆု ဂုဏ်ပြုလက်မှတ်ပေးအပ်
၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ‘စွမ်းအား’ နဲ့ ‘ကျေးလက်တောတန်း’သီချင်းတို့ဖြစ် နာမည်ကြီးလာတဲ့ ချင်းတိုင်းရင်းသား အဆိုတော် ထွဏ်းခမ်းကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ဂီတထူးချွန်ဆုဂုဏ်ပြုလက်မှတ်ပေးအပ်သွားပါတယ်။
ဒီဆုကို ကလေးမြို့အသင်းတော်ဂီတပညာသင်ကျောင်းရဲ့ (၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်နဲ့ (၁၀)နှစ်ပြည့်အထိမ်းမှတ်အခမ်းအနားမှာပေးအပ်ခဲ့တာဖြစ်တယ်။
အဆိုတော်ထွဏ်းခမ်က “ဒီဘွဲ့က နှစ်(၃၀)ကြာ ဂီတသက်တမ်းတစ်လျှောက် ကျနော်သင်ယူခဲ့တဲ့ဘွဲ့လို့သတ်မှတ်တယ်။ ကျနော် တက္ကသိုလ်ပထမနှစ်ပဲတက်ပြီး ဂီတဘက်ကိုလိုက်စားခဲ့တယ်လေ။ ကျနော်သီချင်းက အချစ်အကြောင်းမပါရင် ချင်းတောင်ကိုချစ်တဲ့အကြောင်းတွေ၊ ချင်းတောင်ကိုသတိရတဲ့အကြောင်းတွေအများဆုံးဖြစ်တယ်။ ချင်းတွေထဲမှာ နိုင်ငံခြားသွားတဲ့သူများတော့ ကျနော့်သီချင်းတွေတော်တော် ဆိုကြတယ်လို့ပြောရမယ်”လို့ပြောပါတယ်။
သူဟာ ၁၉၇၁ ခုနှစ်မှာတွန့်ဇံမြို့မှာမွေားဖွားပြီး ၁၉၈၇ ခုနှစ်ကနေပြီး ခုချိန်ထိ ဂီတကို တစိုက်မတ်မတ်လုပ်ဆောင်တဲ့သူလည်းဖြစ်တယ်။
ကလေးမြို့အသင်းတော်ဂီတပညာသင်ကျောင်းရဲ့ ပညာရေးဆိုင်ရာဌာနမှူးလည်းဖြစ်၊ အမေရိကန်နိုင်ငံမှာ ဂီတနဲ့ဘွဲ့ရရှိတဲ့ သိက္ခာတော်ရဆရာ S.Hlawn Hmung က “သူ(အဆိုတော်ထွဏ်းခမ်)ဟာ ဂီတပညာထူးချွန်တဲ့တစ်ယောက်ဖြစ်တဲ့တွက် သူ့သီချင်းတွေက အရမ်းခေတ်ရှေ့ပြေးတယ်။ ဆိုလို့လည်းကောင်းတယ်။ တီးလို့လည်းကောင်းတယ်။ စာသားလှလှလေးတွေထည့်သုံးတက်ပြီး သူ့သီချင်းသံစဉ်တွေလည်း ချစ်စရာကောင်းတယ်။ လူငယ်တွေရဲ့ စိတ်နှလုံးထဲမှာသူ့သီချင်းကအမြဲတမ်းရှိတယ်။ ပြီးတော့ သူ့သီချင်းတွေအားလုံး သူပဲ Arrangement လုပ်ထားတယ်။ သူ့ပညာတွေအားလုံးပေါ်မှာ ကျနော်တို့ အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဘွဲ့ကိုပေးတာပါ”လို့ပြောပါတယ်။
အဆိုတော် ထွဏ်းခမ်းဟာ တစ်ကိုယ်တော်ခွေကို မြန်မာလို (၂)ခွေထုတ်ခဲ့ပြီး ပထမ ခွေက ‘ပျောက်ဆုံးဝိညာဉ်’ကို ၂၀၀၁ ခုနှစ်၊ ‘မျက်ရည်အက်ကြောင်း’ကို ၂၀၁၄ ခုနှစ်မှာထုတ်ဝေခဲ့တယ်။ စုံတွဲခွေတွေလည်းပါဝင်သီဆိုခဲ့တယ်။ သူဟာ မြန်မာသီချင်း အပုဒ်(၁၀၀) ရေးစပ်ခဲ့ပါပြီ။ ချင်း(တီးတိန်)လို သီချင်း အပုဒ်(၅၀)ကနေ (၆၀)ကြားလည်း ရေးစပ်ခဲ့ပါပြီ။
ကလေးမြို့အသင်းတော်ဂီတပညာသင်ကျောင်းကို ၂၀၀၈ ခုနှစ်မှာ ဆရာတွန်ခန့်မုန်က စတင်တည်ထောင်တာဖြစ်ပြီး ဒီကျောင်းမှာ Piano, တယော, Vocal, ဂီတာ, Bass, Drum နဲ့ ုkeyboard တွေကိုစာနဲ့လက်တွေ့သင်ကြားပေးနေတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်