အထီးကျန်နေတာ စစ်ကောင်စီလား၊မြန်မာပြည်သူလား

ကို‌ဗန်‌(တောင်ပေါ်မြေ)

ပြည်သူတွေ ရွှေးကောက်တင်မြောက်ထားသည့် အစိုးရကို စစ်တပ်မှလက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းသည့်ကာလမှာ တစ်နှစ်ခွဲကျော် ကာလ ရောက်ရှိနေပြီ။ ဒီကာလတွေအတွင်း မြန်မာပြည်သူလူထုကို နှုတ်အား၊လူအားဖြစ်‌စေ၊အထောက်အပံ၊အကူအညီတွေ ဖြစ်စေ ကူညီနေတဲ့ နိုင်ငံတွေ၊အဖွဲ့အစည်းတွေ ရှိသလို စစ်ကောင်စီကိုလည်း ကူညီပံပိုးနေတဲ့ နိုင်ငံတွေလည်း အများကြီးရှိနေပါတယ်။

သိပ်ဝမ်းနည်းစရာ ကောင်းတာတခုက မတရားမှုကို ဆန့်ကျင်ရင်း မြန်မာလူထုထောက်ခံမှု ရထားတဲ့ NUG အစိုးရကို လက်ရှိအချိန်ထိ ပြည်ပနိုင်ငံတွေက ကူညီထောက်ပံတာ တခု မှ မရှိသေးဘူးဆိုတာပဲ။ NUG အစိုးရ ယာယီသမ္မတကိုယ်တိုင် ထုတ်ပြောထားတာဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာပြည်သူတွေရဲ့ ကူညီထောက်ပံမှုနဲ့ ဆက်ရပ်တည်နေနိုင်တာလို့ ဆိုပါတယ်။

အမှန်တရားတွက် ရပ်တည်ပေးနေတဲ့ နိုင်ငံတွေ မရှိပေမယ့်လည်း စစ်ကောင်စီလို အာဏာရှင် အုပ်စုကိုတော့ အကျိုးစီးပွားအတွက် ကူညီထောက်ပံနေတဲ့ နိုင်ငံတွေကတော့ အများအပြားရှိနေတယ်။
ဘယ်သူမှ မရပ်တည်ပေးရင်လည်း အထီးကျန်နိုင်ငံအနေနဲ့ ရပ်တည်သွားမယ် လို့ ထုတ်ပြောထားတဲ့ စစ်ကောင်စီအုပ်စုကို လက်ရှိအချိန်ထိ ကူညီရပ်တည်ပေးတဲ့ နိုင်ငံတွေ သိသိသာသာ တိုးလာနေတယ်။

ပြည်သူတွေကို သတ်ဖြတ်၊အနိုင်ကျင့်၊ပိုင်ဆိုင်မှုတွေကို မီးရှို့လုယှက်တာတွေ လုပ်နေတဲ့ စစ်ကောင်စီအုပ်စုကို လက်ရှိကာလမှာ ကူညီထောက်ပံ ရပ်တည်ပေးနေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ရုရှား၊အိန္ဒိယ၊ဘီလာရု၊အစ္စရေး၊ပါကေ့စ္စတန်၊အီရန် တို့လို နိုင်ငံတွေ ဖြစ်နေပြီး လာအို၊က‌မ္ဘောဒီးယား လိုနိုင်ငံတွေက တရုတ်ဩဇာအရ အာဆီယံအတွင်းမှာ ဘက်လိုက်ပေးနေကြတာ တွေ့ရတယ်။

အာဆီယံအတွင်းက စစ်ကောင်စီအပေါ် သဘောထား
အာဆီယံတွင်းမှာ မြန်မာပြည်သူတွေဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ပေးနေတာ မလေးရှားနိုင်ငံတခုတည်းသာ တွေ့ရပြီး ဘရူးနိုင်း နဲ့ အင်ဒိုနီးရှားတို့ကလည်း ထောက်ခံပေးမှုတို့ ရှိနေတာပါ။
ဖိလစ်ပိုင်အစိုးရရဲ့ သမ္မတကဆို စစ်ကောင်စီ‌ခေါင်းဆောင် ကို အာဆီယံအစည်းအဝေးတက်ခွင့်ပေးဖို့တောင် တောင်းဆိုထားတာ တွေ့ရတယ်။

ထိုင်းနိုင်ငံဆိုတာကလည်း ဟိုဘက်လည်း ရပ် ဒီဖက်လည်း ရပ် နှစ်ဖက်ခွစားထားသလို လက်ရှိအချိန်ထိ နယ်စပ်ဒေသက စစ်ဘေးရှောင်မြန်မာပြည်သူတွေကို မောင်းထုက်တာတွေ လုပ်နေဆဲပါ။
စင်္ကာပူဆိုသည်မှာ စစ်ကောင်စီကို ထောက်ခံဟန် မပြသပေမယ့် မြန်မာနိုင်ငံအတွက် ‌ဘဏ္ဍာရေးဆိုင်ရာကဏ္ဍတွေမှာလက်ရှိအချိန်ထိ အရေးပါဆုံးနိုင်ငံ ဖြစ်နေတုန်းပါ။ တကယ်လို့ စင်ကာပူသာ မြန်မာရဲ့ ဘဏ္ဍာရေးစီးဆင်းမှု၊စစ်အုပ်စုရဲ့ငွေကြေးတွေ လည်ပတ်မှုကို တားဆီးပေးနိုင်ရင် မြန်မာ့နွေဦးတော်လှန်ရေးဟာ ပိုအောင်မြင်လာမှာ ဖြစ်ပေမယ့်လည်း။

ဗီယက်နမ်ကတော့ ကွန်မြူနစ်နိုင်ငံပီပီ စစ်အုပ်စုနဲ့ ပူးပေါင်းတာတွေ လုပ်နေပေမယ့် လက်ရှိကာလမှာ အာရှကျားတစ်ကောင်ဖြစ်လာတာမို့ နိုင်ငံရေးလွန်ဆွဲပွဲမှာ ဘေးက ကြည့်သူအဖြစ်ပဲ ရပ်တည်နေတာ တွေ့ရတယ်။

လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အာဏာရှင်နိုင်ငံတွေ ဖြစ်ပြီး တရုတ်အလိုကျ လိုက်ပါ ဆောင်ရွှက်တဲ့ နိုင်ငံတွေမို့ စစ်ကောင်စီကို ထောက်ခံရပ်တည်ပေးနေတဲ့ နိုင်ငံတွေ လို့ ဆိုရမယ်။သို့သော်လည်း အာဆီယံဘုံသဘောတူညီမှု(၅)ချက်ကို အကောင်အထည်မဖော်တဲ့အပြင် မခန့်လေးစားပါ လုပ်တာမို့ အာဆီယံဉက္ကဌ တာဝန်ယူနေတဲ့ လာအိုခေါင်းဆောင်တောင် စိတ်ဆိုးရတဲ့အထိ ဖြစ်နေတာပါ။
သို့သော်လည်း တရုတ်ပြီးရင် ပြီးရတဲ့ နိုင်ငံတွေမို့ ဒေါသဖြစ်ကြပေမယ့် လက်ခံနေကြဆဲပါ။

မြန်မာ့အရေးနဲ့ ပါက်သက်ပြီး လာမယ့် နိုဝင်ဘာလထဲမှာ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောဆိုကြဖို့ ရှိနေပေမယ့် လက်ရှိမြင်ကွင်းတွေအရ မြန်မာပြည်သူတွေအတွက် အကောင်းလက္ခဏောဆာင်နေမှာ မဟုတ်ပဲ စစ်ကောင်စီအုပ်စု နေရာပိုရလာဖို့ ဝိုင်းတွန်းကြမယ့် ပုံတွေ့ရပါတယ်။

တကယ်ဆို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုရင် စစ်ကောင်စီအုပ်စုဟာ လက်ရှိအချိန်ထိ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

အာဆီယံရဲ့ လုပ်ဆောင်မှုအခြေအနေပေါ် မူတည်ပြီး နိုင်ငံတကာကလည်း ပြောင်းလဲကျင့်သုံးနေတာမို့ မြန်မာ့အရေးမှာ သူတို့ဆုံးဖြတ်ချက်ဟာ အရေးပါတယ်။

ဒါကြောင့် တရုတ်ဟာ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကမ္ဘောဒီယား၊လာအိုတို့လို့ နိုင်ငံကနေတဆင့် အာဆီယံဘုံသဘောတူညီချက်(၅)ခုကို ဖန်တီးခိုင်းတာ ဖြစ်တယ်။

သို့သော်လည်း စစ်ကောင်စီအုပ်စုဟာ ဒီအချက်တွေကို အကောင်ထည်ဖော်တာ မရှိတဲ့အပြင် ပြည်သူတွေကိုပါ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာ ၊ပိုင်ဆိုင်မှုတွေကို သိမ်းယူအကြမ်းဖက်တာ ဆက်တိုက်ပြုလုပ်နေတယ်။

စစ်ကောင်စီကို ထဲထဲဝင်ဝင် ကူညီပေးနေတဲ့ နိုင်ငံများ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စလို့ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို အဓိက ကူညီပေးနေတဲ့ နိုင်ငံက တရုတ်နိုင်ငံပဲ ဖြစ်တယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေကို စောင့်ကြည့်ဖို့ နည်းပညာတွေ၊စက်ပစ္စည်းတွေကို ပင်လယ်စာ လို့ ခေါ်ကာ ပံ့ပိုးခဲ့တဲ့အပြင် စစ်ကောင်စီကို လက်နက်၊ခဲယမ်း အပြင် ဆေးဝါးကအစ အထောက်အပံတွေ တပုံကြီး ပေးခဲ့တာပါ။

လက်ရှိအချိန်ထိ တရုတ်ဟာ စစ်ကောင်စီ လိုအပ်တဲ့ အရပ်ဖက်၊စစ်ဖက် ပစ္စည်းတွေ၊အကူအညီတွေကို ထောက်ပံနေခဲ့တာပါ။ဒါအပြင် ကုလသမဂ္ဂမှာ စစ်ကောင်စီကို အရေးယူဖို့ ကိစ္စကိုလည်း ရုရှားနဲ့ အတူ ဗီတိုအာဏာနဲ့ ကာကွယ်ပေးထားပြန်ပါသေးတယ်။

ရုရှားနိုင်ငံဟာ ကနဦးကာလတွေမှာ တရုတ်နဲ့ ပေါင်းပြီး ကုလသမဂ္ဂ လောက်မှာသာ ကာကွယ်ပေးလေ့ရှိပေမယ့် စစ်ကောင်စီအတွက်တော့ အဓိက လက်နက်ဝယ်ယူခွင့် ရတဲ့ နိုင်ငံမို့ ပိုပြီး ဆက်ဆံရေးတိုးမြင့်လာပါတယ်။

မြန်မာကို ရုရှားက စစ်လက်နက်ဝယ်ယူတဲ့ နိုင်ငံအဖြစ် သတ်မှတ်ရာကနေ ယူကရိန်းကို ကျုးကျော်ပြီးတဲ့နောက် မိတ်ဆွေနိုင်ငံတွေ လိုအပ်လာရာ မြန်မာကိုလည်း သံသမန်အဆင့်တိုးမြင့်လာတာ တွေ့ရတယ်။ မြန်မာဟာ ယခင်ကတရုတ်ဩဇာခံနိုင်ငံလေးဖြစ်ပေမယ့် အခု ကွက်ကျော်ရိုက်ခံလိုက်ရတာမို့ တရုတ်အနေနဲ့ ကျေနပ်မှုတော့ ရှိမယ် မထင်ဘူး။

သို့သော်လည်း အကျိုးအမြတ်ကိုယ်ဆီထုက်ကြမှာမို့ ရသမျ အကုန်သယ်ယူကြမယ့်နိုင်ငံတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီကို ထောက်ပံကူညီတာတွေ လုပ်နေကြမှာပါ။ ရုရှားအတွက် မြန်မာကို စစ်‌လက်နက်ရောင်းခြင်းဟာ ဝင်ငွေအကြီးအကျယ်ရနေတာပဲကိုး။

ထိုအတူ ဘီလာရုနိုင်ငံကလည်း စစ်အုပ်စုကို လက်ခံဆက်ဆံရေးထူထောင်ထားတဲ့ နိုင်ငံပါပဲ။ စစ်ကောင်စီအုပ်စုအတွက် လက်နက်ဝယ်ယူရေး၊သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးလွဲပြောင်းရေးတို့မှာ ကူညီပံပိုးနေတာ တွေ့နိုင်တယ်။

အိန္ဒိယနိုင်ငံဟာလည်း ဒီမိုကရေစီဘိုးအေးနိုင်ငံဖြစ်ပေမယ့် စစ်ကောင်စီကို အကျိုးစီးပွားအတွက် ဆက်ဆံရေးတိုးမြင့်နေတာတွေ့ရတယ်။ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီအုပ်စုကို စစ်လက်နက်တွေ ရောင်း‌ချပေးနေတာတွေကို သတင်းတွေမှာ ဖော်ပြထားသလို နယ်စပ်အနီးက မြန်မာစစ်ဘေးရှောင်တွေကိုလည်း မောင်းထုတ်ဖိအားပေးနေပါတယ်။

မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်က စောင့်ရှောက်ပေးထားတာကြောင့်သာ စစ်ဘေးရှောင်တွေ ခေတ္တ ခိုလှုံခွင့် ရနေတာပါ။ အိန္ဒိယဟာ တရုတ်ကို ယှဉ်ပြိုင်ဖို့ မြန်မာဟာ အကျိုးစီးပွားအရ အရေးပါတာမို့ စစ်ကောင်စီကို ကူညီရင်း ကိုယ်ကျိုးတွက် ရင်းနေဟန် တူပါတယ်။

ပါကေစ္စတန်နိုင်ငံဟာလည်း စစ်ကောင်စီအုပ်စုကို လက်နက်တွေရောင်းချပေးနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။အထူးသဖြင့် တရုတ်-ပါကေစ္စတန်ထုတ် စစ်လေယာဉ် တွေ ဝယ်ယူမှုအပေါ် တရုတ်ထောက်ခံမှုနဲ့ ကူညီပံပိုးထားတာပါ။

လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ၊ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို လေယာဉ်နဲ့ ဗုံးကျဲခံရမှုမှာ ပါကေစ္စတန်နဲ့ တရုတ်ပူးပေါင်းထုတ်တဲ့ စစ်လေယာဉ်တွေနဲ့ တိုက်စစ်ဆင်နေကြတာ ဖြစ်ပါတယ်။
နောက် စစ်ကောင်စီကို နည်းပညာမြင့်လက်နက်တွေ ကူညီထောက်ပံနေတဲ့ နိုင်ငံတခုက အစ္စရေးနိုင်ငံ ဖြစ်ပါတယ်။

လက်ရှိကာလ စစ်ကောင်စီအုပ်စုဟာ ဒရုန်းဒါဏ် အပြင်းအထန် ခံနေရချိန်မှာ အစ္စရေးဆီက ကာကွယ်ရေးပစ္စည်းတွေ၊ ဒရုန်းတိုက်ခိုက်ရေးလက်နက်တွေ ဝယ်ယူခဲ့တယ် လို့ သတင်းတွေက ဆိုတယ်။
ဒီသတင်းတွေဖော်ပြပြီးနောက် ဒရုန်းစစ်ဆင်ရေးပြုလုပ်နေတဲ့ တပ်ဖွဲ့တွေဟာ တန်ပြန်တိုက်ဖျက်ရေးဒါဏ်ကို ခံနေရတယ် လို့ ဆိုပါတယ်။

အီရန် လိုနိုင်ငံကနေလည်း စစ်လက်နက်အကူအညီတွေ ရထားပါတယ်။အီရန်ဟာ စစ်ကောင်စီ ငွေစက္ကူထုတ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို လေကြောင်းကနေ အကြိမ်ကြိမ်ပေးပို့ခဲ့တယ် လို့ဆိုပါတယ်။ အီရန်ဟာ စစ်ကောင်စီကို ငွေကြေးရလိုမှုထက် အနောက်နိုင်ငံတွေကို အာခံမှုအနေနဲ့ ကူညီပေးနေတာလို့ ယူဆရတယ်။

အသံသာ ရှိပြီး အဆန်မရှိသေးသည့် အနောက်နိုင်ငံ ကူညီမှုများ
အနောက်နိုင်ငံအပါအဝင် နိုင်ငံတကာတွေကနေ လက်ရှိအချိန်ထိ ထိရောက်တဲ့ ကူညီပံပိုးမှု မရှိသလောက်နည်းပါးနေသေးတာ တွေ့ရတယ်။

NUG အစိုးရကိုယ်တိုင်က ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတကာရဲ့ ကူညီပံပိုးမှု မရရှိသေးဘူးလို့ ပြောဆိုထားတာပါ။ ကုလသမဂ္ဂမှာလည်း လေသံတွေ ရှိပေမယ့် တရုတ်နဲ့ ရုရှားရဲ့ ဗီတိုအာဏာကို မကျော်လွှားနိုင်ပဲ အဆုံးသတ်နေတဲ့ မြန်မာ့အရေးမှာ စစ်ကောင်စီကို ပစ်မှတ်ထားတာထက် မြန်မာပြည်သူတွေကို ပိုထိခိုက်အောင် လုပ်နေတာလား ယူဆနေရတာပါ။

လက်ရှိအချိန်ထိ ကုလသမဂ္ဂလိုနေရာမှာ ဦးကျော်မီုးထွန်း ဦးဆောင်တဲ့ NUG အစိုးရကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေဆဲပါ။

အီးယူအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း NUG အစိုးရကို အသိအမှတ်ပြုဖို့ ပြောဆိုမှု ရှိကြပေမယ့် စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ခွဲကျော်ကြာတဲ့အထိ ဝေးလေလေဖြစ်နေဆဲပါ။
အလားတူ နိုင်ငံတကာက ဖြေရှင်းဖို့ တောင်းဆိုထားတဲ့ အာဆီယံမှာလည်း NUG အစိုးရကို အသိအမှတ်ပြုတာ မရှိသေးပါ။ မလေးရှား၊အင်ဒိုနီးရှားနိုင်ငံတွေလောက်ကသာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဖိအားပေးတာ ရှိပြီး တရုတ်ဩဇာခံ ကမ္ဘောဒီးယား၊လာအို လိုနိုင်ငံတွေက စစ်ကောင်စီကို ဖေးမနေပြီး ထိုင်း၊ဗီယက်နမ်တို့လိုနိုင်ငံတွေက နှုတ်ဆိက်နေကြတာ တွေ့ရတယ်။

လာမယ့် နိုဝင်ဘာလမှာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပကြမှာ ဖြစ်ပြီး မြန်မာ့အရေးပါလာဖွယ်ရှိပေမယ့် ပိုနေမြဲ ကျားနေမြဲ သာ ရှိနေမယ် လို့ ယူဆရတယ်။

အမေရိကန်လိုနိုင်ငံကနေလည်း စစ်ကောင်စီကို အရေးယူတယ် ဆိုပေမယ့် ထိရောက်မှု ရှိမနေသေးတာ တွေ့ရတယ်။ ဖိအားတွေ ပေးနေပေမယ့် စစ်ကောင်စီဟာ အထီးကျန် ဖြစ်မနေသေးတဲ့အပြင် သူ့ဘက်က ရပ်တည်ပေးနေတဲ့ နိုင်ငံတွေကြောင့် ပိုပြီးတောင် တောင့်တင်းလာတဲ့ သဘောဖြစ်နေပါတယ်။

၂၀၂၁ခုနှစ် အာဏာစသိမ်းတုန်းက စစ်ကောင်စီအုပ်စုဟာ အရာရာစီုးရိမ်နေရတဲ့ အခြေအနေမှာ ရှိပေမယ့် လက်ရှိမှာတော့ အရင်ကထက် ပိုပြီး ရဲတင်းလာတဲ့ဟန်ရှိနေပါတယ်။ လိုအပ်ရင် ထုတ်ရောင်းဖို့ သဘာဝသံယာဇာတအရင်းအမြစ်တွေ၊စီမံကိန်းတွေ ရှိနေတာမို့ NUG အစိုးရထက်တောင် ဘဏ္ဍာရေးအင်အား၊နိုင်ငံတကာထောက်ပံမှု ပိုမို ရရှိနေပါတယ်။

အမေရိကန်ဆီမှာ အပ်နှံထားတဲ့ အရန်ငွေ အမေရိကန်ဒေါ်လာ (၁)ဘီလီယံ ကို NUG အစိုးရကို လွဲပြောင်းပေးတာတောင် မရှိသေးပါ။ NUG အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာသန်း(၃၀၀)လောက် လိုအပ်တယ် လို့ ပြောဆိုထားပြီး လက်ရှိကာလမှာတော့ ပြည်သူတွေကူညီထောက်ပံမှုနဲ့ ရပ်တည်နေရတာ ဖြစ်ပါတယ်။

တကယ်တမ်း အထီးကျန်ဆန်ဆန် ဖြစ်လာတာ NUG အစိုးရနဲ့ မြန်မာပြည်သူတွေ ဖြစ်နေတာ တွေ့ရတယ်။

စစ်ကောင်စီအုပ်စုကတော့ လက်နက်အားကိုးနဲ့ တရားဉပဒေမဲ့၊လူ့ကျင့်ဝတ်မဲ့စွာ ရမ်းကားခွင့် ရနေပြီး ပြည်သူအားကိုးတဲ့ အစိုးရကတော့ ဟိုမလုပ်ရ၊ဒီမလုပ်ရ၊အဖိနှိပ်ခံရ၊လူ့အခွင့်အရေးတွေနဲ့ ထိန်းချုပ်ခံနေရတဲ့ အခြေအနေမှာ ရှိနေပြီး ဘဏ္ဍာရေးအခကခအခဲကလည်း ကြီးကြီးမားမားရှိနေတာပါ။
ဆိုတော့ အာဏာရှင်တွေဟာ ရမ်းကားချင်တိုင်း ရမ်းကားခွင့် ရနေချိန်မှာ မြန်မာပြည်သူတွေကတော့ အကူညီမဲ့၊လုံခြုံမှုကင်းမဲ့စွာနဲ့ နေထိုင်နေကြရတာပါ။

မြန်မာပြည်သူတွေကို နိုင်ငံတကာက ကူညီထောက်ပံမှု မရှိပေမယ့် စစ်ကောင်စီအုပ်စုကိုတော့ ကိုယ်ကျိုးရှာနိုင်ငံတွေက ပေါ်ပေါ်ထင်ထင်ကို ကူညီထောက်ပံနေကြတာတွေ့ရပါတယ်။

ဓမ္မကို အဓမ္မက မတရားအနိုင်ကျင့်နေချိန်မှာ ကုလသမဂ္ဂလိုနေရာတွေ၊ကမ္ဘာ့နိုင်ငံအသီးသီးကတော့ အသံစုံသာ ထွက်ပြီး အဆန်မပါတဲ့ လှုပ်ရှားမှုတွေသာ ပြုလုပ်ကြတာမို့ လက်ရှိအချိန်ထိ ထိရောက်မှု ရှိမနေကြောင်းပါ။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်