အဓမ္မပြုကျင့်မှုနဲ့စွဲချက်တင်ထားတဲ့ဧဝံဂေလိတရားဟောဆရာကို (၁၃)ကြိမ်မြောက်ရုံးချိန်းမှာ စတင်စစ်ဆေးမယ်

အဓမ္မပြုကျင့်မှုနဲ့တရားစွဲတင်ထားတဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ကို နောက်ပတ် (၁၃)ကြိမ်မြောက်ရုံးချိန်းမှာ ကလေးခရိုင်တရားရုံးက စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။

ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@Lar Boih ကို အောက်တိုဘာ(၁၅)ရက်နေ့မှာ စစ်ဆေးဖို့ရုံးချိန်းထားပါတယ်။ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ် ကလေးမြို့နယ် လက်ပံခောျင်းကျေးရွာမှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ၂၀၁၈ ခုနှစ် ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ် မေလ(၁၁)ရက်နေ့တွင် ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှု) တို့နဲ့ တရားစွဲတင်ထားပါတယ်။

တရားလိုမိန်းကလေးဘက်ကလိုက်ပါဆောင်ရွက်သူ ဦးပါလိန်းက “အခုထိတရားရုံးက စစ်ဆေးထားတဲ့သူတွေကတော့ ဆရာဝန်၊ တရားလိုဘက်က သက်သေနှစ်ဦး၊ ရဲ၊ တရားလိုဘက်က မိဘတွေဖြစ်တယ်။ တရားလိုမိန်းကလေး နှစ်ယောက်ဆိုရင် နှစ်ကြိမ်ဆီစစ်ထားပြီ။ နောက်ပတ်ကျရင် တရားခံတွေဘက် စစစ်ဆေးမယ်လို့ တရားရုံးဝန်ထမ်းတွေဆီကသိရတယ်”လို့ပြောပါတယ်။

အောက်တိုဘာ (၈)ရက် (၁၂)ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုမိန်းကလေးဘက် မိုင်…(၁၄)နှစ်ကိုစစ်ဆေးသွားပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်