အပြေးသမား ယူစိန်ဘောလ့်၏ အကောင့်က ငွေ ကန်ဒေါ်လာ ၁၂.၇ သန်းပျောက်ဆုံးနေ

အိုလံပစ်ရွှေတံဆိပ် ၈ ကြိမ်အထိရရှိထားသော ဂျေမီကာအပြေးသမားကြီးဖြစ်တဲ့ ယူစိန်ဘောလ့်၏ ဂျေဂီကန်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ထဲကနေ ငွေ ကန်ဒေါ်လာ ၁၂.၇ သန်း ပျောက်ဆုံးနေကြောင်း သူ့ရဲ့ရှေ့နေများက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့ပါတယ်။

ထို့ကြောင့် ပျောက်ဆုံးသွားသောငွေများကို ၁၀ ရက်အတွင်း ပြန်မရပါက တရားစွဲမည်ဟု ရှေ့နေများက ခြိမ်းခြောက်ထားပါတယ်။

ဘောလ့်ဟာ Kingston ကုမ္ပဏီတွင် ကန်ဒေါ်လာ ၁၂.၇ သန်းအထိ သွင်းထားသော်လည်း ပြီးခဲ့တဲ့ အပတ်မှာတော့ ကန်ဒေါ်လာ ၁၂၀၀၀ သာ ကျန်တော့ကြောင်း ဘောလ့်ရဲ့ ရှေ့နေများက ပြောပါတယ်။ အကယ်၍ ထိုငွေများကိုတစ်ယောက်ယောက် မယူပါက၊ ဒါဟာ ကြီးမားသော လိမ်ညာမှုဖြစ်နိုင်ကြောင်း၊ ခိုးယူမှု သို့မဟုတ် နှစ်ခုစလုံးလည်းဖြစ်နိုင်ကြောင်း ရှေ့နေများကတော့ ပြောပါတယ်။

၂၀၁၈ ခုနှစ်တွင် ဘောလ့်ဟာ ဘရာဇီလ်းနိုင်ငံတွင် ကျင်းပသော အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၃ ခု ရရှိထားပြီးနောက် သူ့ကို Forbes ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားများတွင် အဆင့် ၄၅ တွင် ထားပြီး လစာ ကန်ဒေါ်လာ ၁ သန်းအပြင် အခြားသော စီးပွားရေးကြော်ငြာကနေ ကန်ဒေါ်လာ ၃၀ သန်းအထိ ဝင်ရှိခဲ့သောသူဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်