အမ်းမြို့မှ မိုင် (၇၀)ကျော်ဝေးတဲ့ ငဖဲမြို့သို့ ခြေလျင်နဲ့ ချင်းလူမျိုးစစ်ဘေးရှောင်(၁၉)ဦးရောက်ရှိ

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာက ချင်းတိုင်းရင်းသားစစ်ဘေးရှောင် (၁၉)ဦးဟာ ဒီနေ့ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မကျီးကုန်းရွာသို့ ရောက်ရှိကြတယ်လို့သတင်းရရှိပါတယ်။

မဲလက်မောင်းရွာနဲ့ မကျီးကုန်းရွာဟာ မိုင် (၇၀)ကျော်ဝေးပြီး ၎င်းတို့ဟာ ခြေလျင်နဲ့ တစ်လကြာခရီးရှည်နှင်လာကြပါတယ်။

မကွေးတိုင်း ချင်းလူငယ်အဖွဲ့ ဆလိုင်းရိုမောင်က “သူတို့အားလုံးထဲမှာ တစ်ယောက်ကပဲ မှတ်ပုံတင်ရှိတော့ လမ်းမှာ တစ်လလောက်ကြာသွားတယ်။ အများစုက မမှတ်မိဘူးတဲ့။ ဘာကြောင့် မှတ်ပုံတင်မရှိတာလဆိုတာအသေးစိတ်မမေးမိဘူး။ သူတို့က ဘာကြောင့် လမ်းခရီးမှာ ဒီလောက်ကြာတာလဲဆိုရင် တစ်နေရာမှာနားလိုက် အငှားလိုက်ပြီးငွေရှာလိုက်အဲ့လိုနဲ့ ကလေးတွေလည်းပါတော့ဖြည်းဖြည်းချင်းလာကြတယ်။ အခု အမ်းနဲ့ မကွေးကြားလမ်းဘေးမှာလည်း ချင်းတိုင်းရင်းစစ်ဘေးရှောင်တွေ ဟိုတစ်စုဒီတစ်စုနဲ့အများကြီးရှိသေးတယ်။ ကလေးသေးသေးလေးတွေ၊ ကျောင်းနေအရွယ်တွေလည်းများတော့ သူတို့ကို သွားခေါ်နိုင်ရင်ကောင်းမယ်။ သူတို့ကဘာကြောင့် ထွက်ပြေးလာတာလဲဆိုရင် အရင်တလောတုန်းကတော့ သူတို့ရွာနားမှာတိုက်ပွဲတွေဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေက သူတို့အဖွဲ့ထဲဝင်ဖို့ စည်းရုံးကြတယ်လို့ပြောတယ်။ အခု သူတို့တွက် အနီးအနားကျေးရွာနဲ့ အဖွဲ့အစည်းတွေက လှူတာကြောင့် ခုဆို ရက်(၂၀)စာ ဆန်၊ဆီ၊ ဆားတွေရှိတယ်။ ခုဆို မကွေးတိုင်းမှာ ရခိုင်ကနေပြောင်းလာတဲ့ ချင်းတိုင်းရင်းသားဒုက္ခသည်တွေ တော်တော်များလာတယ်။ ဒါပေမယ့် သူတို့တွက် မကွေးတိုင်း ချင်းရေးရာဝန်ကြီးရဲ့ လုပ်ဆောင်ချက်ကဘာမှမတွေ့ရသေးဘူး။ ရခိုင်က ချင်းရေးရာဝန်ကြီးဆိုလည်း အဲ့လိုပဲ” လို့ပြောပါတယ်။

 

လက်ရှိ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ခုန်တိုင်ကျေးရွာတွင် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ စစ်ဘေးရှောင် (၄၁)ဦး၊ ငဖဲမြို့နယ် နောင်ကျေးရွာတွင် အမ်းမြို့နယ် အရိုးတောင်ကျေးရွာမှ စစ်ဘေးရှောင်(၁၀)ဦး နဲ့ စုစုပေါင်း စစ်ဘေးရှောင် (၁၅၀) ခန့် တိမ်းရှောင်လာကြပါတယ်။

အရင် ဇန်နဝါရီလတွင်လည်း မဲလက်မောင်းကျေးရွာမှ ချင်းတိုင်းရင်းသား စစ်ဘေးရှောင် (၁၀)ဦးဟာ မကွေးတိုင်း ငဖဲမြို့နယ် ကုတ်ကြီးကျေးရွာ(ချင်းလူမျိုးတွေနေထိုင်တဲ့ရွာ)မှာ ညအိပ်ဖို့ ခွင့်တောင်းယာ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ကျေးရွာလူကြီးတွေက ခွင့်ပြုပေမယ့် ရွာသားတွေက အေအေတွင် ချင်းတိုင်းရင်းသား (၅၀၀)ကျော်ရှိတယ်ဆိုတဲ့သတင်းကြောင့် သူလျှိုလို့သံသယဝင်ကာ ညအိပ်ခွင့်မပေးဘူးလို့ ဆလိုင်းရိုမောင်ကဆိုပါတယ်။

(Zawgyi)

အမ္းၿမိဳ႕မွ မိုင္ (၇၀)ေက်ာ္ေဝးတဲ့ ငဖဲၿမိဳ႕သို႔ ေျခလ်င္နဲ႔ ခ်င္းလူမ်ိဳးစစ္ေဘးေရွာင္(၁၉)ဦးေရာက္ရွိ

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္၊ မဲလက္ေမာင္းေက်း႐ြာက ခ်င္းတိုင္းရင္းသားစစ္ေဘးေရွာင္ (၁၉)ဦးဟာ ဒီေန႔ မေကြးတိုင္းေဒသႀကီး ငဖဲၿမိဳ႕နယ္ မက်ီးကုန္း႐ြာသို႔ ေရာက္ရွိၾကတယ္လို႔သတင္းရရွိပါတယ္။

မဲလက္ေမာင္း႐ြာနဲ႔ မက်ီးကုန္း႐ြာဟာ မိုင္ (၇၀)ေက်ာ္ေဝးၿပီး ၎တို႔ဟာ ေျခလ်င္နဲ႔ တစ္လၾကာခရီးရွည္ႏွင္လာၾကပါတယ္။

Photo: Salai Yoe Mg facebook

မေကြးတိုင္း ခ်င္းလူငယ္အဖြဲ႕ ဆလိုင္း႐ိုေမာင္က “သူတို႔အားလုံးထဲမွာ တစ္ေယာက္ကပဲ မွတ္ပုံတင္ရွိေတာ့ လမ္းမွာ တစ္လေလာက္ၾကာသြားတယ္။ အမ်ားစုက မမွတ္မိဘူးတဲ့။ ဘာေၾကာင့္ မွတ္ပုံတင္မရွိတာလဆိုတာအေသးစိတ္မေမးမိဘူး။ သူတို႔က ဘာေၾကာင့္ လမ္းခရီးမွာ ဒီေလာက္ၾကာတာလဲဆိုရင္ တစ္ေနရာမွာနားလိုက္ အငွားလိုက္ၿပီးေငြရွာလိုက္အဲ့လိုနဲ႔ ကေလးေတြလည္းပါေတာ့ျဖည္းျဖည္းခ်င္းလာၾကတယ္။ အခု အမ္းနဲ႔ မေကြးၾကားလမ္းေဘးမွာလည္း ခ်င္းတိုင္းရင္းစစ္ေဘးေရွာင္ေတြ ဟိုတစ္စုဒီတစ္စုနဲ႔အမ်ားႀကီးရွိေသးတယ္။ ကေလးေသးေသးေလးေတြ၊ ေက်ာင္းေနအ႐ြယ္ေတြလည္းမ်ားေတာ့ သူတို႔ကို သြားေခၚႏိုင္ရင္ေကာင္းမယ္။ သူတို႔ကဘာေၾကာင့္ ထြက္ေျပးလာတာလဲဆိုရင္ အရင္တေလာတုန္းကေတာ့ သူတို႔႐ြာနားမွာတိုက္ပြဲေတြျဖစ္ခဲ့ဖူးတယ္။ ၿပီးေတာ့ လက္နက္ကိုင္အဖြဲ႕ေတြက သူတို႔အဖြဲ႕ထဲဝင္ဖို႔ စည္း႐ုံးၾကတယ္လို႔ေျပာတယ္။ အခု သူတို႔တြက္ အနီးအနားေက်း႐ြာနဲ႔ အဖြဲ႕အစည္းေတြက လႉတာေၾကာင့္ ခုဆို ရက္(၂၀)စာ ဆန္၊ဆီ၊ ဆားေတြရွိတယ္။ ခုဆို မေကြးတိုင္းမွာ ရခိုင္ကေနေျပာင္းလာတဲ့ ခ်င္းတိုင္းရင္းသားဒုကၡသည္ေတြ ေတာ္ေတာ္မ်ားလာတယ္။ ဒါေပမယ့္ သူတို႔တြက္ မေကြးတိုင္း ခ်င္းေရးရာဝန္ႀကီးရဲ႕ လုပ္ေဆာင္ခ်က္ကဘာမွမေတြ႕ရေသးဘူး။ ရခိုင္က ခ်င္းေရးရာဝန္ႀကီးဆိုလည္း အဲ့လိုပဲ” လို႔ေျပာပါတယ္။

လက္ရွိ မေကြးတိုင္းေဒသႀကီး မင္းတုန္းၿမိဳ႕နယ္ ခုန္တိုင္ေက်း႐ြာတြင္ အမ္းၿမိဳ႕နယ္ မဲလက္ေမာင္းေက်း႐ြာမွ စစ္ေဘးေရွာင္ (၄၁)ဦး၊ ငဖဲၿမိဳ႕နယ္ ေနာင္ေက်း႐ြာတြင္ အမ္းၿမိဳ႕နယ္ အ႐ိုးေတာင္ေက်း႐ြာမွ စစ္ေဘးေရွာင္(၁၀)ဦး နဲ႔ စုစုေပါင္း စစ္ေဘးေရွာင္ (၁၅၀) ခန႔္ တိမ္းေရွာင္လာၾကပါတယ္။

အရင္ ဇန္နဝါရီလတြင္လည္း မဲလက္ေမာင္းေက်း႐ြာမွ ခ်င္းတိုင္းရင္းသား စစ္ေဘးေရွာင္ (၁၀)ဦးဟာ မေကြးတိုင္း ငဖဲၿမိဳ႕နယ္ ကုတ္ႀကီးေက်း႐ြာ(ခ်င္းလူမ်ိဳးေတြေနထိုင္တဲ့႐ြာ)မွာ ညအိပ္ဖို႔ ခြင့္ေတာင္းယာ သက္ဆိုင္ရာရဲတပ္ဖြဲ႕နဲ႔ ေက်း႐ြာလူႀကီးေတြက ခြင့္ျပဳေပမယ့္ ႐ြာသားေတြက ေအေအတြင္ ခ်င္းတိုင္းရင္းသား (၅၀၀)ေက်ာ္ရွိတယ္ဆိုတဲ့သတင္းေၾကာင့္ သူလွ်ိဳလို႔သံသယဝင္ကာ ညအိပ္ခြင့္မေပးဘူးလို႔ ဆလိုင္း႐ိုေမာင္ကဆိုပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်