အရှိုချင်းအမျိုးသားပါတီက ပြည်ထောင်စုရွေးကော်ထံ အချက် ၂ ချက်တင်ပြ

အရှိုချင်းအမျိုးသားပါတီက ပြည်ထောင်စုရွေးကော်ထံ အချက် ၂ ချက်တင်ပြ

အရှိုချင်းအမျိုးသားပါတီက ပဲခူးတိုင်းတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ မကွေးတိုင်းငဖဲမြို့နယ်တွင် ချင်းလူမျိုးတွနေထိုင်တဲ့နေရာကို မဲဆန္ဒနယ်တစ်ခုအဖြစ်သတ်မှတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဇူလိုင် ၉ ရက်က တင်ပြထားပါတယ်။

ပဲခူးတိုင်းဒေသကြီးတွင် ချင်းလူမျိုးတွေဟာ ၂၀၁၀ ခုနှစ်စာရင်းအရ ၄၀,၈၀၀ ကျော်ရှိပြီး ၂၀၂၀ ခုနှစ်တွင် ငါးသောင်းကျော်ရှိမယ်လို့ယူဆသဖြင့် အခုလို တင်ပြခဲ့ခြင်းဖြစ်တယ်လို့ အရှိုချင်းအမျိုးသားပါတီအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်ကဆိုပါတယ်။

ဆလိုင်းအောင်မင်းလှိုင်က “ပဲခူးတိုင်းမှာ ချင်းရေးရာဝန်ကြီးရှိစေချင်တယ်။ ၂၀၁၀ မှာ ချင်းလူဦးရေက အဲ့ဒီလောက်ရှိတော့ ၂၀၂၀ မှာ ၅၁,၀၀၀ ကျော်မယ်လို့ယူဆတယ်။ ၂၀၁၄ သန်ခေါင်းစာရင်းမှာ လူမျိုးအလိုက်လူဦးရေလည်း သူတို့မကြေညာရဲ့တော့ ခန့်မှန်းရတာပေါ့။ အခုလည်းတောင်းဆိုတာမဟုတ်ဘူး။ သူတို့ကို အသိပေးတာ။ တော်နေကြာ မေ့သွားမှာလည်းစိုးရိမ်တယ်။ ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့ ဝန်ကြီးရှိလာရင် ကျနော်တို့တွက်လည်း ပိုအားရှိတာပေါ့” လို့ဆိုပါတယ်။

လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ခုသာ ရှိပြီး ကရင်ပြီးလျှင် ချင်းလူမျိုးက ဒုတိယအများဆုံးနေထိုင်တဲ့ တိုင်းရင်းသားဖြစ်ပါတယ်။ ဒါ့ပြင် ရှမ်း၊ ပအို့၊ ကယား၊ မွန်တိုင်းရင်းသားတွေလည်းနေထိုင်ကြပါတယ်။

ထို့ပြင် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ချင်းတိုင်းရင်းသားတွေအများဆုံနေထိုင်တဲ့ တောင်ပေါ်ဒေသနဲ့ဆက်စပ်နေရာကို မဲဆန္ဒနယ်တစ်ခုအဖြစ်သတ်မှတ်ပြီး တိုင်းဒေသကြီးလွှတ်တော်တွင် ချင်းတိုင်းရင်းသားအမတ် တစ်ဦးရှိစေချင်တယ်လို့တင်ပြထားပါတယ်။

ဆလိုင်းအောင်မင်းလှိုင်က “ငဖဲမြို့နယ်မှာ တောင်ပေါ်နဲ့မြေပြန့်ဆိုတာရှိတယ်။ ချင်းတိုင်းရင်းသားတွေက တောင်ပေါ်နဲ့တောင်ခြေမြေပြန့်တွေမှာအများဆုံးနေထိုင်ကြတယ်။ မဲဆန္ဒနယ် ၂ မှာ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့တောင်ပေါ်ဒေသနဲ့ ဗမာတွေနေထိုင်တဲ့နေရာတွေရောနေတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာယှဉ်ပြိုင်လို့ရှိရင် ချင်းတိုင်းရင်းသားတွေအမတ်မဖြစ်နိုင်ဘူး။ အများစုက ဗမာဖြစ်နေတော့။ ဒါကြောင့် ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့နေရာကိုပဲ မဲဆန္ဒနယ်မြေအမှတ် ၂ အဖြစ်သတ်မှတ်ပေးစေလိုတယ်။ လူနည်းစုတွေဘက်ကနေ စဉ်းစားကြည့်ပေးနိုင်ရင်ပေါ့” လို့ပြောပါတယ်။

မကွေးတိုင်းဒေသကြီးတွင် တောင်ပေါ်ဒေသတွင် ကျေးရွာအုပ်စု (၁၀)အုပ်စုရှိပြီး ၎င်းရဲ့အကျယ်အဝန်းဟာ မြို့နယ်ဧရိယာရဲ့ထက်ဝက်ခန့်ရှိပါတယ်။ မကွေးတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်