အသက် (၂၈)နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်

အသက် (၂၈)နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်

သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ် ရွေးကောက်ပွဲတွင် အသက်၂၈ နှစ်အရွယ် ဆလိုင်းရမ်သင်သိင်(Salai Ram Tin Thei) လည်း Stirling မြို့ ဘာလ်ဂါရပ်ကွက်မှ ခရိုင်ကောင်စီဝင်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သတင်းရရှိပါတယ်။

ဆလိုင်းရမ်သင်သိင်ရဲ့ မဲဆွယ်လက်ကမ်းစာစောင်

၎င်းဟာ ထန်တလန်မြို့နယ် အိုင်ဘွရ် (Aibur) ရွာဇာတိဖြစ်ပြီး ထန်တလန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း Pi Za Tlem ရဲ့တူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တွင်လည်း ကောင်စီဝင်အဖြစ်ဝင်ရောက်အရွေးခံပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

၎င်းဝင်ရောက်ယှဉ်ပြိုင်မယ့်ရပ်ကွက်မှာ ခရိုင်ကောင်စီဝင် ကိုယ်စားလှယ်လောင်း (၅)ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲကိုတော့ အောက်တိုဘာ (၁၉)ရက်နေ့တွင်ကျင်းပမှာဖြစ်ပါတယ်။

ဆလိုင်းရမ်သင်သိင် (Salai Ram Tin Thei) ရဲ့ မဲဆွယ်လက်ကမ်းစာစောင်တွင် “ကျနော့်ကိုရွေးချယ်ရင် ရာဇာဝတ်မှုတွေလျော့ချနိုင်အောင် ပတ်ဝတ်ကျင်းနဲ့ ရဲတပ်ဖွဲ့တို့နဲ့ပူးပေါင်းဆောင်ရွက်မယ်။ ကျနော်တို့လိုအပ်နေတဲ့ ကားရပ်နားရာနေတွေ၊ အားကစားကွင်းတွေ၊ ခန်းမတွေ၊နဲ့ လမ်းတွေကို ပိုမိုလုံခြုံအောင်ဆောင်ရွက်မယ်။ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေထောက်ပံ့တဲ့အစီအစဉ်ကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်။ ဒေသန္တရအစိုးရရဲ့ ဝန်ဆောင်မှုတွေအရည်အသွေးပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်။ ဒေသခံစီးပွားရေးသမားတွေနဲ့ပူးပေါင်းပြီး အလုပ်လက်မဲ့လျော့ချနိုင်မယ့်အဖြေကိုရှာမယ်” လို့ဖော်ပြထားပါတယ်။

“မဲဆွယ်စည်းရုံးရေးကို လက်ကမ်းစာစောင်ထုတ်တယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် စကားသွားပြောတယ်။ ရပ်ကွက်လူကြီးတွေနဲ့ဆွေးနွေးတယ်။ ဆိုင်းဘုတ်လည်းထောင်မယ်။ လူတွေအများစုရုံးတဲ့ ဈေးဝယ်စင်တာတွေမှာ လူတွေနဲ့စကားသွားမယ်”လို့၎င်းကပြောပါတယ်။

Stirling မြို့မှာ လူဦးရေ ၂သိန်းခွဲရှိပြီး ဘာလ်ဂါရပ်ကွက်တွင် လူဦးရေ လေးသောင်းခန့်ရှိပါတယ်။ အနောက်သြေစတြေးလျပြည်နယ်တွင် ကောင်စီဝင် (၁၄)ဦးရွေးချယ်မှာဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦးကို မြို့တော်ဝန်အဖြစ်ဆက်လက်ရွေးချယ်မှာဖြစ်ပါတယ်။ ဒီကောင်စီဝင်တွေရဲ့သက်တမ်းဟာ လေးနှစ်ဖြစ်ပြီး မြို့တော်ဝန်ကိုတော့ နှစ်နှစ်တစ်ကြိမ်ပြောင်းလဲရွေးချယ်ခဲ့ပါတယ်။

အနောက်သြစတြေးလျပြည်နယ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၂၀၉)ဦးကဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်