အသစ်မိတ်ဆက်လိုက်တဲ့ Iphone 15 မှာ ထူးခြားတာတွေ ဘာရှိမလဲ

Apple ကတော့ မနေ့ညမှာပဲ ကုမ္ပဏီရဲ့ အရောင်းရဆုံး ထုတ်ကုန်မော်ဒယ်အသစ်များကို မိတ်ဆက်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အိုင်ဖုန်းထုတ်လုပ်တာကို လျှော့ချပြီး အိန္ဒိယနိုင်ငံမှာ အိုင်ဖုန်းများကိုအဓိက ထုတ်လုပ်ရန် ကြိုးပမ်းနေပါတယ်။ Apple ဟာ ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ အိုင်းဖုန်းနှင့် အိုင်းဝက်ရှ်များကို စက်တင်ဘာလ ၂၂ ရက်နေ့စပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆင့်ပိုမြင့်တဲ့ အိုင်ဖုန်းများဖြစ်တဲ့ Iphone 15 Pro ကို ဒေါ်လာ ၉၉၉ နဲ့ ရောင်းချမှာဖြစ်ပြီး Iphone Pro Max ကို ဒေါ်လာ ၁၁၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။

ဒီနှစ် အိုင်ဖုန်းအသစ် မိတ်ဆက်ပွဲမှာ အထူးခြားဆုံးအရာတစ်ခုကတော့ အများတွက်ချက်ထားတဲ့အတိုင်း Apple ကတော့ ဖုန်းအားသွင်းဖို့ အရင်က အိုင်းဖုန်းတွင် အသုံးပြုထားသော နည်းအစား USB-C သို့ Type-C ကိုအစားထိုး အသုံးပြုလာခြင်းပဲဖြစ်ပါတယ်။ ဒါကလည်း အီးယူက ပြီးခဲ့တဲ့နှစ်တွင် ပြဌာန်းလိုက်သော ဥပဒေကြောင့် Apple ကလည်း သူတို့ရဲ့ အိုင်ဖုန်းတွင် USB-C ကို အစားထိုးလာတာဖြစ်ပါတယ်။

ဒါပေမယ့် USB-C ဟာ အားသွင်းဖို့ တစ်ခုတည်း အသုံးပြုမှာ မဟုတ်ပဲ ဖုန်းထဲက အချက်အလက်များကို အခြားစက်သို့ USB-C ကနေတစ်ဆင့် အလွယ်တကူ ကူးပြောင်းခွင့်ပေးမှာဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုကတော့ အသစ်ထွက်လာတဲ့ အိုင်ဖုန်းကင်မရာမှာ 48-megapixcel အသုံးပြုခြင်းဖြစ်ပြီး optical zoom အတွက် Pro Max တွင် 5x အထိနှင့် telephoto ကို 3x အထိ ဆွဲနိုင်မှာဖြစ်ပါတယ်။

Iphone 15 နှင့် Iphone 15 Plus တွင် A16 bionic chip ကို အသုံးပြုမှာဖြစ်ပြီး Iphone 15 Pro နှင့် Pro Max တို့မှာတော့ A17 pro chip ကို အသုံးပြုထားပါတယ်။ Pro မော်ဒယ်တွင်အသုံးပြုထားတဲ့ hardware များဟာ ဆွဲအားကောင်းတဲ့ ဂိမ်းကစားရန်အတွက် အထူးသင့်တော်တယ်လို့ ကုမ္ပဏီကတော့ ပြောပါတယ်။

Iphone 15 ကို ဒေါ်လာ ၇၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး Iphone 15 Plus ကိုတော့ ဒေါ်လာ ၈၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ မနေ့ညမှာ နောက်ထပ် မိတ်ဆက်လိုက်တဲ့ ပစ္စည်းကတော့ Apple နာရီဖြစ်ပြီး Watch Series 9 နှင့် Watch Ultra 2 တို့ကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ Series 9 ကို ဒေါ်လာ ၃၉၉ နဲ့ ရောင်းချမှာဖြစ်ပြီး Ultra 2 ကိုတော့ ဒေါ်လာ ၇၉၉ နဲ့ ရောင်းချမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်